ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာတစ်ဝှမ်းက အနုပညာလောကထဲ ရိုက်ကွင်းစရိတ်အများဆုံးဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ (၆) ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘယ်လို ဇာတ်လမ်းတွဲမျိုးတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။
(၁) The Pacific
အပိုင်းတစ်ခုချင်းစီအလိုက် ကုန်ကျစရိတ်- ဒေါ်လာ ၂၁.၇ သန်း
စတင်ထုတ်လွှင့်ခဲ့သော ခုနှစ်- ၂၀၁၀
ရုပ်သံလိုင်း- HBO
Steven Spielberg ရဲ့ တကယ့်ကမ္ဘာစစ်အတွင်းက အဖြစ်အပျက်ကို ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်သွင်းခဲ့တဲ့ The Pacific ဟာ ရိုက်ကွင်းရဲ့ ဆက်တင်တွေနဲ့တင်ကို ဒေါ်လာ သန်းနဲ့ချီကုန်ကျခဲ့တာပါ။ ဒီအပြင် ရိုက်ကွင်းတည်နေရာဖြစ်တဲ့ Peleliu ကျွန်း ငှားရမ်းခဟာ ဒေါ်လာ ၅ သန်းကုန်ခဲ့တဲ့အပြင်ကိုမှ သရုပ်ဆောင်ပေါင်း ၃၀၀ ကို သြဇီကမ်းခြေမှာ အသင့်အနေအထားနဲ့ ၄ ရက်ကြာ နေစရိတ်စားစရိတ်ငြိမ်းနဲ့ ရိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားပါ။
(၂) ER
အပိုင်းတစ်ခုချင်းစီအလိုက် ကုန်ကျစရိတ်- ဒေါ်လာ ၁၃ သန်း
စတင်ထုတ်လွှင့်ခဲ့သော ခုနှစ်- ၁၉၉၄
ရုပ်သံလိုင်း- NBC
George Clooney နဲ့ Noah Wyle, Julianna Margulies တို့ရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီးတော့ Quentin Tarantino ရဲ့ လက်ရာလည်းဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ တဟုန်ထိုးနာမည်စကြီးခဲ့တဲ့ ဇာတ်လမ်းတွဲလေးပေါ့။
(၂) The Crown
အပိုင်းတစ်ခုချင်းစီအလိုက် ကုန်ကျစရိတ်- ၁၃ သန်း
စတင်ထုတ်လွှင့်ခဲ့သော ခုနှစ်- ၂၀၁၆ ခုနှစ်
ရုပ်သံလိုင်း- Netflix
အင်္ဂလန်တော်ဝင်မိသားစုအကြောင်း ရိုက်ကူးထားတဲ့ The Crown ကတော့ Netflix ရဲ့ အောင်မြင်ဆုံးနဲ့ အကောင်းဆုံးသော စီးရီးလို့တောင်ဆိုရမှာပါပဲ။ သူဟာလည်းပဲ တစ်ပိုင်းစာကို ဒေါ်လာ ၁၃ သန်းအထိ ကုန်ကျစရိတ် မြင့်တက်သွားတဲ့အတွကကြောင့် ဒုတိယနေရာမှာ ဗိုလ်စွဲနေခဲ့တာပါ။
(၃) Band of Brothers
အပိုင်းတစ်ခုချင်းစီအလိုက် ကုန်ကျစရိတ်- ဒေါ်လာ ၁၂.၅ သန်း
စတင်ထုတ်လွှင့်ခဲ့သော ခုနှစ်- ၂၀၀၁
ရုပ်သံလိုင်း- HBO
ဥရောပမှာ ရိုက်ကွင်းတည်ထားခဲ့ပြီးတော့ Steven Spielberg တို့ Tom Hanks တို့က ပူးပေါင်းဖန်တီးထားခဲ့ကာ သရပ်ဆောင်တွေကိုလည်း ဇာတ်ပို့၊ ဇာတ်ရံတွေအထိ နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေပဲ သုံးထားခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ စစ်ကားတစ်ကားပါ။
(၄) The Get Down
အပိုင်းတစ်ခုချင်းစီအလိုက် ကုန်ကျစရိတ်- ဒေါ်လာ ၁၁ သန်း
စတင်ထုတ်လွှင့်ခဲ့သော ခုနှစ်- ၂၀၁၆ ခုနှစ်
ရုပ်သံလိုင်း- Netflix
ဇာတ်လမ်းတွဲတစ်ခုလုံးစာ ကုန်ကျစရိတ်ဟာ ဒေါ်လာသန်း ၁၂၀ ရှိနေပါတယ်။ ဇာတ်လမ်းထဲသုံးခဲ့တဲ့ R&B တို့ funk သီချင်းတို့ရဲ့ မူပိုင်ခွင့်စရိတ်နဲ့တင် မနည်းပါဘူး။
နံပါတ် (၅) နေရာမှာ ရပ်တည်နေတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကတော့ အများကြီးပါပဲ။ တစ်ပိုင်းစာ ကုန်ကျစရိတ် ဒေါ်လာ ၁၀ သန်းနဲ့ သရေကျခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ F.R.I.E.N.D.S(1994), Game of Throns(2011), Westworld (2016), Rome(2005), The Big Bang Theory(2007) နဲ့ Marco Polo (2014) တို့ပဲဖြစ်ပါတယ်။
penny