သမိုင်းတစ်လျှောက်အောင်မြင်ကျော်ကြားခဲ့တဲ့ တိရိစ္ဆာန်လေးတွေအကြောင်း

Twitter / Insider

ကမ္ဘာတစ်ဝန်းအောင်မြင်ကျော်ကြားပြီး လူတွေစိတ်ထဲစွဲကျန်ရစ်နေတဲ့တိရိစ္ဆာန်တွေရှိပါတယ်။ ၀မ်းနည်းစရာအနေနဲ့ရော အမှတ်ရစရာအနေနဲ့ပါ ကာလကြာအောင်မြင်ကျော်ကြားနေတဲ့ တိရိစ္ဆာန်တွေထဲ တကယ့် တိရိစ္ဆာန်အစစ်တွေပါသလို၊ ကာတွန်းအန်နီမေးရှင်း ဇာတ်ကောင်တိရိစ္ဆာန်တွေပါ ပါဝင်လို့နေပါတယ်။ သမိုင်းမှာ အကျော်ကြားဆုံးတိရိစ္ဆာန်တွေက ဘယ်ကောင်လေးတွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်။

ဂေါ်ရီလာ မျောက်ဝံကြီး Harambe

Cincinnati တိရိစ္ဆာန်ရုံမှာ နေထိုင်တဲ့ အသက်(၁၇)နှစ်အရွယ် Harambeမျောက်ဝံကြီးဟာ (၂၀၁၆)ခုနှစ်က သူရှိရာခြံထဲ (၄)နှစ်အရွယ်ကောင်လေး တစ်ယောက် ပြုတ်ကျသွားလို့ ပစ်သတ်ခံခဲ့ရတဲ့ ဂေါ်ရီလာမျောက်ဝံကြီးဖြစ်ပါတယ်။မျောက်ဝံကြီးက သူ့ခြံထဲကျလာတဲ့ကောင်လေးကို (၁၀)မိနစ်ကြာလောက် ဒရွတ်တိုက်ဆွဲသွားလို့ တိရိစ္ဆာန်ရုံတာဝန်ရှိသူတွေက မဖြစ်မနေ ပစ်သတ်လို်က်ရတာဖြစ်ပါတယ်။ဒီဖြစ်ရပ်ဟာ အင်တာနက်ပေါ်မှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပြီး လူတွေအမျက်ဒေါသ ထွက်ခဲ့ကြပါတယ်။ တောရိုင်းတိရစ္ဆာန်တစ်ကောင်အနေနဲ့ သူ့သဘာဝအရ လုပ်ဆောင်တာဖြစ်လို့ မေ့ဆေးနဲ့မပစ်ဘဲ သေနတ်နဲ့ပစ်သတ်လိုက်တာဟာ ဆိုးဝါးတဲ့လုပ်ရပ်ဆိုပြီး ၀ိုင်းဝန်းပြောဆိုကြသလို၊ တိရိစ္ဆာန်ရုံက ခြံအကာအရံကို ထိထိရောက်ရောက်မလုပ်ဆောင်တာနဲ့ ၊ ကလေးမိဘတွေရဲ့ပေါ့ဆမှုတို့ကြောင့် ဖြစ်တယ်လို့ အမျက်ဒေါသထွက်ခဲ့ကြပါတယ်။ Harambeမျောက်ဝံကြီးကို လူတွေက သနားစိတ်နဲ့အမှတ်ရနေကြပါတယ်။

 

” Disney ရဲ့ “Bambi

 သမင်လို့်ပြောတာနဲ့ ဘယ်သူ့ပြေးမြင်လဲဆိုရင်တော့ (၁၉၄၂)ခုနှစ်Disneyဇာတ်ကားမှာ ပါဝင်တဲ့ “Bambi” ဆိုတဲ့သမင်လေးကို  မလွဲဧကန် သင်မြင်မိပါလိမ့်မယ်။ အဲ့ဒီဇာတ်ကားထဲမှာ “Bambi”ဟာ သူ့မိခင်ကို လူတစ်ယောက်က ရက်ရက်စက်သတ်လိုက်ပြီးနောက် မိဘမရှိဘဲ တစ်ကောင်ထဲ လောကဓံတွေကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းရတယ်ဆိုတာကို ပုံဖော်ရိုက်ကူးပြသပေးထားခဲ့တာပါ။ မိမိချစ်ခင်ရတဲ့မိဘတွေ ဆုံးရှုံးသွားသူတွေအနေနဲ့ သူတို့ရဲ့ဘ၀တွေနဲ့ ထပ်တူကျတဲ့အခါ “Bambi”ဟာ  မမေ့နိုင်စရာ အန်နီမေးရှင်းဇာတ်ကောင်ဖြစ်လာခဲ့ပါတယ်။

Grumpy Cat

Grumpy Cat ဓာတ်ပုံဟာ (၂၀၁၂)ခုနှစ်က Reddit မှာ ပျံ့သွားပြီး နာမည်ကြီးသွားခဲ့ပါတယ်။သူ့ပုံစံက စိတ်ဆိုးမာန်ဆိုးနဲ့အလိုမကျစူပုတ်နေပေမယ့်လည်း တော်တော်လေးချစ်ဖို့ကောင်းပါတယ်။ Grumpy Cat ဟာ Facebook, Twitter, နဲ့ Instagramတွေမှာလည်း follower သန်းနဲ့ချီရှိတဲ့ဆယ်လီလေးပါ။ ကြောငြာတွေလည်း ရိုက်ကူးရသလို၊  ရက်သတ္တပတ်ရဲ့နာမည်ကြီးစတားတွေပါတဲ့ SXSW Festivalမှာလည်းပါဝင်ခဲ့သလို၊ morning talk showsတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ “Grumpy Cat’s Worst Christmas Ever ရုပ်ရှင်ဇာတ်ကားမှာလည်း သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး အသံနေရာမှာ Aubrey Plaza ကပါဝင်ခဲ့ပါတယ်။ Grumpy Cat ဟာ (၂၀၁၉)ခုနှစ် မေလမှာ သေဆုံးသွားခဲ့ပြီး၊ သူသေဆုံးချိန်က အသက်(၇)နှစ်ရှိပြီလို့သိရပါတယ်။

Lassie (ခွေးလေး)

Lassie ကတော့(၁၈၅၉)ခုနှစ်က ဇာတ်လမ်းတိုတစ်ခုမှာ ပထဆုံးပါဝင်ခဲ့တဲ့ခွေးလေးပါ။ Lassieပါဝင်တဲ့  TV show ကို season (၁၉)အထိရိုက်ကူးခဲ့ပြီး၊ အဲ့ဒီ ရှိုးကို ၁၉၅၄ခုနှစ်ကနေ၁၉၇၃ခုနှစ်အထိ ပြသခဲ့တာပါ။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း အောင်မြင်ကျော်ကြားခဲ့သလို၊ မီဒီယာတွေမှာတောင် ဖော်ပြခံခဲ့ရတဲ့ဆယ်လီခွေးလေးဖြစ်ပါတယ်။

Garfield 

Garfield ကိုတော့ တော်တော်များများသိကြမှာဖြစ်ပြီး၊ ကာတွန်းစာအုပ်ကနေ စတင်နာမည်ကြီး လာခဲ့တာဖြစ်ပါတယ်။ လိမ္မော်ရောင်ကိုယ်ထည်ရှိပြီး မာန်ဖီနေတဲ့မျက်ခွက်နဲ့ Garfield ဟာ လူတွေကြားဘယ်လောက်ရေပန်းစားခဲ့လဲဆိုရင် သူ့ပုံတူအရုပ်တွေ၊ ရှပ်အကျီတွေနဲ့ ဖုန်းတွေအပြင် နာရီတွေမှာပါ သူ့ပုံတွေ ပုံနှိပ်ထုတ်ခဲ့ရတဲ့အထိအောင်မြင်ခဲ့တဲ့ ကာတွန်းအရုပ်ပါ။ video games တွေအပြင် လူကြည့်အများဆုံး Primetimeအချိန်ပြသတဲ့ TV series သုံးခုမှာတောင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Garfieldရဲ့အသံနေရာမှာ Bill Murrayက ပါဝင်ခဲ့တယ်လို့သိရပါတယ်။

Ham (မျောက်ကလေး)

Ham အကြောင်းကို သိရင်သင် အံ့သြသွားပါလိမ့်မယ်။ သူက လူတွေထက်အရင် အာကာသကို ပထမဆုံးခြေချခဲ့တဲ့ မျောက်ဖြစ်ပါတယ်။ ပညာရှင်တွေက အာကာသထဲမှာစမ်းသပ်မှုတွေလုပ်လို့ရမရ သွားရောက်စမ်းသပ်ဖို့ မျောက်ကို အရင်စမ်းပြီး အာကာသဆီစေလွှတ်ခဲ့တာဖြစ်ပါတယ်။ Hamဟာ သမိုင်းမှတ်တိုင်တင်နိုင်ခဲ့ပြီး၊ ဘေးကင်းစွာပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ တခြားတိရိစ္ဆာန်တွေကိုလည်းစေလွှတ်ခဲ့ပေမယ့် သူ့လို ကောင်းကောင်းမွန်မွန်ပြန်မလာနိုင်ခဲ့ပါဘူး။ အဲ့ဒီလို Ham ပြန်ရောက်လာ ပြီးနောက်မှာမှ အာကာသဆီ လူ စေလွှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Mickey Mouse

မစ်ကီမောက်ရဲ့ကျော်ကြားမှုကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ သူ့ရဲ့ ပုံပန်းသဏ္ဍန်၊ အ၀တ်အစား၊ အသံ၊ရယ်ပုံ၊ ဟာသမြောက်ပုံ စတာတွေအားလုံးက ကျွန်ုပ်တို့ ကလေးဘ၀ကတည်းက လွှမ်းမိုးထားပြီးသားဖြစ်ပါတယ်။ Mickey ဟာ(၁၉၂၈)ခုနှစ်က ဇာတ်လမ်းတို အန်နီမေးရှင်း “Steamboat Willie ဇာတ်ကားနဲ့စတင်ပွဲဦးထွက်ခဲ့တာပါ။ ဒီကားဟာ အသံနဲ့ရုပ်တစ်ထပ်ထည်းဖြစ်လာတဲ့ ပထမဆုံး အန်နီမေးရှင်းဇာတ်ကားဖြစ်ပါတယ်။ Disney ရဲ့အပြောအရ Mickey Mouse ဟာ ကလေးတွေကြား ရာနှုန်းပြည့်နီးပါးရေပန်းစားတဲ့ ဇာတ်ကောင်တစ်ခုဖြစ်တယ်လို့ TIME မှာဖော်ပြထားပါတယ်။

Balto(ခွေး)

Balto ခွေးလေးဟာ လူတွေရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ အပြင်လောက စူပါဟီးရိုးခွေး တစ်ကောင်ပါ။ (၁၉၂၅)ခုနှစ်က Nomeမြို့ရွာလေးမှာ diphtheria ဆိုတဲ့ သေစေနိုင်တဲ့ ကူးစက်ရောဂါကြီးဖြစ်ပွားခဲ့ပါတယ်။ အဲ့ထိရောဂါအတွက် တစ်ခုထဲသောဖြေဆေးက မိုင်ပေါင်းရာချီဝေးတဲ့ Anchorage မှာရှိနေခဲ့တာပါ။ ရေခဲမှတ်(-40)အောက်ရောက်နေတဲ့ ဆိုးဝါးတဲ့ရာသီဥတုကြား နှင်းခဲထုကြီးတွေကိုကျော်ဖြတ်ပြီးသွားနိုင်ဖို့ စွတ်ဖားလှည်းတစ်ခု ထဲကသာတတ်နိုင်ပါတယ်။ အဲ့ဒီအချိန်မှာ Baltoပါဝင်တဲ့အဖွဲ့ဟာ သူရဲကောင်းဆန်ဆန် ရေခဲထုကြီးကိုဖြတ်ကျော်ပြီး Balto ဟာ (၅၄)မိုင်ကနေ စွတ်ဖားလှည်းထဲဖြေဆေးထည့်ပြီး ရအောင်သယ်ဆောင်လာပေးခဲ့တဲ့ခွေးလေးဖြစ်ပါတယ်။ အောင်အောင်မြင်မြင်နဲ့ဖြေဆေးကိုရရှိခဲ့ပြီး၊ သူရဲကောင်းခွေးလေးဖြစ်လာခဲ့ပါတယ်။ 1995 ခုနှစ်မှာ သူ့အကြောင်းကို အန်နီမေးရှင်းဇာတ်ကားပြန်ရိုက်ခဲ့ပြီး၊  the Cleveland Museum of Natural History. ပြတိုက်မှာ သူ့ကိုယ်ထည်ကို အစာသွပ်ကာ နောက်လာနောက်သားတွေ ကြည့်ရှုနိုင်အောင်ပြသပေးထားတယ်လို့ သိရပါတယ်။

Khaing

SHARE