အသက်နဲ့ ရင်းပြီး ရန်သူ့လက်ထဲက သတင်းနှိုက်ခဲ့ကြတဲ့ အထင်ရှားဆုံး သူလျှိုများ

ယနေ့ကမ္ဘာပေါ်မှာ သူလျှိုတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ပတ်သက်နေပါတယ်။ သူတို့လုပ်ရပ်ဟာ ကောင်းတဲ့ ရလဒ်ပဲ ထွက်ထွက်၊ ဆိုးတဲ့ ရလဒ်ပဲထွက်ထွက် သူလျှိုတွေဆိုတာ တကယ်ကို ရှိပါတယ်။ ရုပ်ရှင်တွေမှာ မြင်ရတဲ့အတိုင်းဆိုရင်တော့ သူလျှိုလုပ်ငန်းဆိုတာ ခက်ခက်ခဲခဲမဟုတ်ပါဘူးလို့ ထင်ချင်စရာပါ။ ဒါပေမယ့် တကယ့်လက်တွေ့ဘ၀မှာ ကိုယ်လိုချင်တဲ့သတင်းအချက်အလက်ရဖို့ အသက်ကို စတေးသွားရတဲ့ သူလျှိုတွေလည်း အများကြီးရှိပါသေးတယ်။ အောက်ဘက်မှာတော့ သမိုင်းမှာထင်ရှားတဲ့ သူလျှိုကြီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Virginia Hall

top10hq

သူမဟာ ဒုတိယကမ္ဘာစစ်မှာ ဗြိတိန်တွေအတွက်အလုပ်လုပ်ခဲ့တဲ့ အမေရိကန်သူ စပိုင်တစ်ဦး ဖြစ်ပါတယ်။ ဟောလ်ဟာ ပြင်သစ်မှာ (၁၅) လတာ နေထိုင်ခဲ့ပြီး ဂျာမန်တွေကို မောင်းထုတ်နေတဲ့ ပြင်သစ်ကို အကူအညီပေးခဲ့ပါတယ်။ ထို့နောက်မှာတော့ ဗြိတိသျှတွေကိုပါ ကူညီပြီး ကွန်မန်ဒိုတွေနဲ့ ရိက္ခာပစ္စည်းတွေကို ရန်သူ့လက်က အန္တရာယ်ကင်းကင်းနဲ့ ချနိုင်မယ့် စစ်မြေပုံနေရာတွေကို ရေးဆွဲပေးခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်နယ်ပဲ ကျူးကျော်လာတဲ့ ဂျာမန်တွေကို တိုက်ထုတ်ဖို့ ဟောလ်ဟာ စစ်သားတွေမွေးပြီး ကိုယ်တိုင်လေ့ကျင့်သင်ကြားပေးခဲ့ပါသေးတယ်။

Klaus Fuchs

top10hq

ဖက်ခ်ျဟာ ဂျာမန်ရူပဗေဒပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းနဲ့ စစ်ပြီးနောက်မှာ အမေရိကန်နဲ့  ဗြိတိသျှတွေရဲ့ အချက်အလက်တွေကို ဆိုဗီယက်တွေဆီ ပေးပို့ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အင်္ဂလန်မှာ ပါရဂူဘွဲ့ရယူခဲ့သူတစ်ဦးဖြစ်ပြီး အက်တမ်ဗုံးစမ်းသပ်ထုတ်လုပ်ရာမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ထိုကနေ ဗြိတိန်တွေအတွက် အလုပ်လုပ်ရင်း တစ်ဖက်ကလည်း ဆိုဗီယက်ဆီကို သူသိရသမျှ အချက်အလက်တွေကို ဆင့်ကမ်းပေးခဲ့တာပါ။ (၁၉၅၀) ခုနှစ်မှာတော့ ဖက်ခ်ျက သူဟာ စပိုင်မှန်း ၀န်ခံခဲ့တာကြောင့် ထောင်ဒဏ်(၁၄) နှစ်ချမှတ်ခံခဲ့ရပြီး နိုင်ငံသားအဖြစ်ကနေပါ ရုတ်သိမ်းခံလိုက်ရပါတယ်။

READ
အလေ့အထ,တစ်မူထူးခြား အဆိပ်အလွန်ပြင်းထန်တဲ့ အပြာရောင်ဖားများ

Cambridge Five

top10hq

Donald Maclean, Guy Burgess, Harold Philby, Anthony Blunt and John Cairncross ဆိုတဲ့ လူငါးဦးကို Cambridge Five လို့လူသိများပါတယ်။ သူတို့တွေဟာ တက္ကသိုလ်ဆရာတွေနဲ့ ကျောင်းသားတွေ ဖွဲ့စည်းထားပြီး ဗြိတိန်မှာကျင်လည်နေတဲ့ စပိုင်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းနဲ့ စစ်အေးကာလ အစတွေမှာ ဆိုဗီယက်ယူနီယံကို သတင်းတွေပေးပို့နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

Sidney George Reilly

top10hq

သူ့ကိုတော့ သူလျှိုဝိဇ္ဇာဆိုပြီး လူသိများပါတယ်။ နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ ဂျိမ်းစ်ဘွန်းဟာ သူ့ကို မှီငြမ်းပြီး ရိုက်ကူးထားတာပါ။ သူဟာ (၁၉၀၀) ခုနှစ် အစောပိုင်းလောက်မှာ ဗြိတိသျှလျို့ဝှက်အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ပါတယ်။ သူလုပ်သမျှအလုပ်တွေဟာ အရမ်းကို လျို့ဝှက်လွန်းပြီး အနည်းဆုံး မတူညီတဲ့ အဖွဲ့အစည်း(၄) ခုအတွက် သူလျှိုလုပ်ပေးနေတယ်လို့ ယုံကြည်ကြပါတယ်။ ပြောကြတာက ပထမကမ္ဘာစစ်မှာ ရိုင်လီဟာ ရန်သူ့ဂျာမန်တပ်တွေထဲမှာ သူလျှိုအဖြစ် လုပ်ကိုင်နေပြီး (၁၉၀၉) ခုနှစ်မှာ ဂျာမန်တွေရဲ့လက်နက် အစီအမံတွေကို ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။ ရိုင်လီဟာ အရေးကြီးပုဂ္ဂိုလ်တွေကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် ကောင်းကောင်းလေ့ကျင့်ပေးထားတဲ့ စပိုင်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

READ
ကမ္ဘာ့အထူးဆန်းဆုံး မမ်မီ (၄) လောင်းရဲ့ အကြောင်း

Mata Hari

top10hq

သူမဟာ ဒတ်ခ်ျလူမျိုး ကချေသည်တစ်ဦးဖြစ်ပါတယ်။ ပထမကမ္ဘာစစ်တုန်းက ပြင်သစ်နဲ့ ဂျာမန် နှစ်ဖက်စလုံးအတွက် အလုပ်လုပ်ပေးနေတဲ့ သူလျှိုတစ်ယောက်ဖြစ်ပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်တို့က သူမဟာ ဂျာမနီအတွက် အလုပ်လုပ်ပေးနေတယ်ဆိုပြီး သံသယဖြစ်ခဲ့ကြပေမယ့် သက်သေအထောက်အထား မတွေ့ခဲ့ကြပါဘူး။ နောက်ပိုင်းတော့ ဂျာမန်တွေဆီက လျို့ဝှက်စာကို အနက်ဖော်ပြီးတဲ့အခါမှာတော့ သူမဟာ ဂျာမနီအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတာ သိရှိခဲ့ကြပါတယ်။ ဂျာမန်တွေကို ကူညီပြီး ပြင်သစ်ဘက်က တပ်သားဦးရေ အနည်းဆုံး လူ(၅) သောင်းကို သေစေမှုနဲ့ ပြင်သစ်က မာတာကို ရုံးတင်စစ်ဆေးခဲ့ပါတယ်။ (၁၉၁၇) ခုနှစ် အောက်တိုဘာ(၁၅) ရက်မှာတော့ သူမကို သေနတ်နဲ့ ပစ်ပြီး သေဒဏ်ပေးခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: top10hq

SHARE