ဇင်ဘာဘွေအာဏာရှင်ဟောင်း မူဂါဘီရဲ့ ကမ္ဘာကျော်ခဲ့တဲ့ အဆိုအမိန့်ဒိုင်ယာလော့ခ်များ

President Robert Mugabe/Facebook

အသက်(၉၅)နှစ်အရွယ်မှာ သေဆုံးသွားပြီဖြစ်တဲ့ ဇင်ဘာဘွေအာဏာရှင်ဟောင်း ရောဘတ်မူဂါဘီဟာ ကောင်းခြင်းတစ်ဝက် ဆိုးခြင်းတွေတစ်ဝက်နဲ့ ရောပြွမ်းနေတဲ့ လူသားတစ်ယောက်ပါ။ သူဟာ လူဖြူမုန်းတီးရေးဝါဒကို လက်ကိုင်ထားသူဖြစ်ပြီး၊ သူ အာဏာရချိန်မှာ လူဖြူတွေရဲ့ မြေတွေကို အပြီးအတိုင် ပြန်သိမ်းမှုတွေ ပြုလုပ်ခဲ့လို့ အနောက်ဥရောပမှာတော့ သူဟာ မဟာရန်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူဟာ ပြိုင်ဘက်နိုင်ငံရေးသမားတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနှိပ်စက်ခြင်း၊ ရွေးကောက်ပွဲတွေမှာ မဲတွေအမြောက်အများ လိမ်ခြင်း၊ အာဏာအလွဲသုံးစား ပြုလုပ်ခြင်း၊ အဂတိတရားကို ရဲရဲကြီးကျင့်သုံးခြင်း စတဲ့ပြစ်ချက်တွေနဲ့ နောက်ဆုံး သမ္မတရာထူးကနေ ဖယ်ရှားခံရချိန်မှာ ပြည်သူတံတွေးခွက် ပက်လက်မျောခဲ့ရပါတယ်။ သူ့ဇနီးကလည်း အမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

The Chinese are not our enemies, they have done us no wrong.There is a dishonest narrative coming out of Western…

Posted by President Robert Mugabe on Sunday, May 26, 2013

သူ ပြောခဲ့တဲ့ အဆိုအမိန့်တွေကတော့ Gay တွေ လူဖြူတွေကို နစ်နစ်နာနာ ပြောထားတာမျိုးတွေဖြစ်ပြီး အောက်ပါအချို့ကတော့ သူပြောထားခဲ့တာတွေက ကောက်နှုတ်ချက်အချို့ဖြစ်ပါတယ်။

(၂၀၁၄) – တချို့က ပြောတယ် … မူဂါဘီက အိုနေပြီတဲ့ … ဒီတော့ သူ့ကို ဖယ်ရှားရမယ်တဲ့ … မဟုတ်ပါဘူး … အချိန်ကျလာရင် (သမ္မတရာထူးကနေ နားဖို့အချိန်တန်ရင်) ခင်ဗျားတို့ကို ကျွန်တော် သတိပေးမယ်။

READ
ကမ္ဘာပေါ်မှာသရဲအခြောက်ဆုံး ပစ္စည်းများ အပိုင်း(၁)

(၂၀၀၈) – (သမ္မတရာထူးနဲ့ပတ်သက်ပြီး) ကျွန်တော့်ကို ဘုရားကပဲ ခန့်အပ်နိုင်သလို၊ ဘုရားကပဲ ရာထူးကနေ ထုတ်ပယ်နိုင်လိမ့်မယ်။ ဘယ်အတိုက်အခံကမှ၊ နောက်ပြီး ဘယ်ဗြိတိန်ကမှ ကျွန်တော်ကို ရာထူးကနေ ဖယ်ရှားလို့ မရဘူး။

(၁၉၈၀) – (ဇင်ဘာဘွေနိုင်ငံ လွတ်လပ်ရေးရပြီး) “ ဒါက ပြီးပြည့်စုံပြီး မှန်ကန်တဲ့အမှတ်အသားတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး .. အကြောင်းကတော့ လူဖြူတွေက သူတို့ အာဏာရှိနေချိန် မနေ့ကအထိ ကျွန်တော်တို့ကို ဖိနှိပ်အုပ်ချုပ်ခဲ့တယ် အခု လူမည်းတွေက သူတို့ကို ပြန်အုပ်ချုပ်ဖို့ အချိန်တန်ပါပြီ  ”

President Robert Mugabe/Facebook

(၂၀၀၀) – (လူဖြူတွေထံမှာ မြေများသိမ်းယူမှု) လူဖြူတွေအနေနဲ့ အခု ငါတို့ ရန်သူတွေ ဖြစ်သွားပါပြီ။ ဘာလို့လဲဆိုတော့ မင်းတို့ဟာ ဇင်ဘာဘွေအပေါ်ကို ရန်သူတွေ ပြုမူတဲ့အတိုင်း ပြုမူခဲ့လို့ပါ။ ငါတို့ အလွန်ဒေါသထွက်နေကြတယ်။ ငါတို့ လူတစ်မျိုးလုံး အလွန်ဒေါသတွေ ထွက်နေကြပြီ။ ဒါဟာ ငါတို့ရဲ့စစ်ပြန်ကြီးတွေအတွက် မြေတွေ ပြန်သိမ်းရခြင်း အကြောင်းအရင်းပဲ။

(၂၀၀၂) – ငါတို့ရဲ့ပါတီဟာ လူဖြူတွေရဲ့နှလုံးသားထဲကို အကြောက်တရားတွေ ကိန်းအောင်းဖို့ ဆက်ပြီးအလုပ်လုပ်ရမယ်၊ လူဖြူဆိုတာ ငါတို့ရဲ့ အဓိကရန်သူတွေပဲ။

(၂၀၁၀)- (ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲနှင့်ပတ်သက်ပြီး) ဗြိတိန်တွေက ငါတို့လူမျိုးတွေကို ထစ်ကနဲ့ရှိ ရိုက်ဖို့နှက်ဖို့ ဒေါသအပြည့်နဲ့လူတွေ၊ လူလိမ်၊ လူကောက်၊ လူညစ်ပတ်တွေဖြစ်အောင် သင်ပေးခဲ့တယ်၊ ကျွန်တော်သိရသလောက် တိုနီဘလဲကိုယ်တိုင်က ကျောင်းသားဘဝမှာ သူများကို ဒုက္ခပေးရမှ ကျေနပ်ခဲ့တဲ့ လူစားမျိုး။

READ
အိပ်မက်များအကြောင်း သိမှတ်ဖွယ်ရာ အချက်(၉)ချက်

(၂၀၁၀) – (ဟိုမိုနဲ့ Gay အချင်းချင်း မင်္ဂလာဆောင်မှုနဲ့ပတ်သက်ပြီး) ဒီလူတွေက ခွေးတွေ၊ ဝက်တွေထက် ပိုပြီးဆိုးတဲ့လူတွေ။ ဒါတွေကို သူတို့ လုပ်ကြတယ်။ အဲဒီလိုလူတွေကို ပြောချင်တာက သူတို့ဟာ တကယ့်အရိုင်းအစိုင်းတွေ၊ ဒါဟာ တကယ့်ကို ရူးသွပ်မှုတွေ၊ မိုက်မဲမှုတွေလို့ ပြောချင်တယ်။

President Robert Mugabe/Facebook

 

(၂၀၁၃) – (အိုဘားမားနဲ့ပတ်သက်ပြီး) အိုဘားမားက အာဖရိကကို လာပြီး လိင်တူလက်ထပ်မှုကို ခွင့်ပြုရမယ်လို့ ပြောတယ်။ ဘုရားသခင်က ကမ္ဘာကြီးကို ဖျက်ဆီးပစ်ခြင်းဟာ လူသားတွေရဲ့ ဒီလိုစိတ်ဓာတ်တွေကြောင့်ပဲ။ လက်ထပ်ခြင်းဆိုတာ မိန်းမနဲ့ ယောက်ျားတွေအတွက်ပဲ။

(၂၀၁၃)- (မင်ဒဲလားနဲ့ ပတ်သက်ပြီး) မင်ဒဲလားဆိုတာ လူဖြူမဟုတ်တဲ့လူတွေအတွက် ကောင်းရာကောင်းကြောင်းတွေ လုပ်တာ အတော်လေးကို လွန်သွားပြီး၊ တစ်ချို့ကိစ္စရပ်တွေမှာ လူမည်းတွေကို ထိခိုက်နစ်နာစေတာမျိုးတွေတောင် ရှိခဲ့တယ်။ ဒီလိုမျိုးကို သူတော်ကောင်းလို့ ပြောရမှာ အတော်လေး ခက်တယ်။

(၂၀၁၇) – (ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်ပြီး) ကျွန်တော် အမေရိကန်သမ္မတထရမ့်ကို ပြောချင်တာက ကိုယ့်ရဲ့ထရမ့်ပတ်ကိုပဲ ကိုယ်မှုတ်နေပါလို့။ ကိုယ့်ရဲ့ထရမ့်ပတ်ကို ဂီတဆန်ဆန်မှုတ်ရင်း ငါတို့ရှာဖွေနေတဲ့ ညီညွတ်ရေး၊ ပူးပေါင်းဆောင်ရွက်မှု၊ အတူတကွ ဖြစ်တည်မှု၊ အပြန်အလှန်ဆွေးနွေးမှုကိုပဲ ဦးတည်ပါလို့ တိုက်တွန်းချင်တယ်။

လင်းသူရိန်

Ref : Time , CNN , Newsweek, Washington Post

SHARE