Instagram မှာ Follower အများဆုံး Miss Universe (၈) ယောက်

Image:IG/Miss Universe

Miss Universe အလှမယ်ပြိုင်ပွဲကတော့ ကမ္ဘာပေါ်မှာ နာမည်အကြီးအဆုံးအလှမယ်ပြိုင်ပွဲကြီးပါ။ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ နိုင်ငံအသီးသီးက ကိုယ်စားပြု အလှမယ်တွေ အများကြီး ၀င်ရောက်ယှဉ်ပြိုင်ပြီး အဲ့ဒီအထဲကမှ ရွေးချယ် တာပါ။ ပထမဆုံး Miss Universe အလှမယ်ပြိုင်ပွဲကိုတော့ (၁၉၅၂)ခုနှစ်က ကျင်းပပြုလုပ်ခဲ့တာပါ။ပြိုင်ပွဲကိုတော့ နှစ်စဉ် နှစ်တိုင်းပုံမှန် ကျင်းပလာခဲ့ပြီး နောက်ဆုံး (၂၀၁၉)ပြိုင်ပွဲကိုတော့ (၂၀၁၉)ဒီဇင်ဘာ (၈) ရက်နေ့ကမှ ကျင်းပ ပြီးစီးခဲ့ တာပါ။ပြိုင်ပွဲမှာ ဆုရကြတဲ့ Miss Universe အလှမယ်တွေထဲကမှ Instagram မှာပါ အရမ်းကို နာမည်ကြီး ရေပန်းစား တဲ့ အလှမယ်တွေ ကို ရွေးချယ် ဖော်ပြ ပေးလိုက်ပါတယ်။

Pia Wurtzbach

Pia Wurtzbach  ကတော့  ဖိလစ်ပိုင်ကိုယ်စားပြု အလှမယ်ဖြစ်ပြီး Miss Universe 2015 ကို ရရှိထားသူပါ။ အနုပညာ လောက၊မော်ဒယ် လောကမှာ နာမည်ကြီးတဲ့ သူမဟာ ဖိလစ်ပိုင်- ဂျာမန် ကပြား မင်းသမီး၊မော်ဒယ် တစ် ယောက်ပါ။ အရမ်းလှတဲ့ အပြုံးပိုင်ရှင် အဖြစ် အသိအမှတ်ပြု ခံထားရသူပါ။အာရှပစိဖိတ်ရဲ့  UNAIDS Goodwill Ambassador ပါ။ Madame Tussauds Hong Kong မှာတော့ သူမရဲ့ ပုံတူ ဖ ယောင်းရုပ်တု ရှိပါတယ်။

Paulina Vega Dieppa

ကိုလံဘီယာနိုင်ငံ ကိုယ်စားပြု အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Universe 2014  အလှမယ်ပါ။အလှမယ် တစ်ယောက် အဖြစ် ရပ်တည်နေသလို  ‘Paulina’ ဆိုတဲ့ နာမည်နဲ့ ရေမွှေး ထုတ်ထားပါတယ်။အသက် (၂၂) မှာ ကိုလံ ဘီယာရဲ့ အလှမယ် ဖြစ်လာခဲ့သူပါ။ဟာသ ဥာဏ် လည်းရှိတဲ့ အလှမယ် လေး အဖြစ်နဲ့ ပရိသတ် အသိအမှတ်ပြု ခံထားရသူပါ။

Olivia Culpo

 

View this post on Instagram

 

Hello Miami! @reveriche @fwrd @sonjamchristensen

A post shared by Olivia Culpo (@oliviaculpo) on

 Olivia Culpo  ကတော့ အမေရိကန် ကိုယ်စားပြု ဖြစ်ပြီး Miss Universe 2012 အလှမယ်ပါ။အဆိုတော် Nick Jonas ရဲ့ ချစ်သူ ဟောင်းပါ။ သူမအသက် (၂၀)မှာ Miss Universe ဖြစ်လာခဲ့တာပါ။ဖက်ရှင် အရမ်းကျ ပြီး ရေကူးဝတ်စုံနဲ့ အရမ်းမိုက် အရမ်းလန်းသူ အဖြစ် အသိအမှတ်ပြု ခံခဲ့ရသူပါ။လက်ရှိမှာတော့ American fashion influencer, reality television ၊ social media personality တစ် ယောက် အဖြစ် ရပ်တည်နေပါတယ်။

Catriona Gray

သူမကတော့ ဖိလစ်ပိုင် ကိုယ်စားပြု အဖြစ် ၀င်ပြိုင်ပြီး Miss Universe 2018 အလှမယ်ပါ။ဖိလစ်ပိုင်-သြစ တြေးလျ မော်ဒယ် ၊မင်းသမီး၊အဆိုတော် အဖြစ်နဲ့ ရပ်တည်နေသူပါ။Miss Universe  ဆု ကို သိမ်းပိုက်နိုင်တဲ့ လေးယောက် မြောက် ဖိလစ်ပိုင် အလှမယ် ပါ။ဆုကိုတော့ သူမအသက် (၂၄)မှာ ရခဲ့တာပါ။အလှမယ် တစ်ယောက်ရဲ့ အရည် အချင်းတွေ အပြည့်ရှိတဲ့ ဖက်ရှင် ပိုင်းမှာ ပါ အရမ်း အမြင်ရှိတဲ့ သူ တစ်ယောက် အဖြစ် အသိအမှတ်ပြု ခံထားရသူပါ။ 

Dayana Mendoza

 Dayana Mendoza  ကတော့ ဗင်နီဇွဲ လားနိုင်ငံကိုယ်စားပြု ဖြစ်ပြီး Miss Universe 2008 အလှမယ်ပါ။ မင်းသမီး၊ဒါရိုက်တာ ၊စွန့်ဦးတီထွင်သူ တစ်ယောက်ပါ။အသက် (၂၂)နှစ်မှာ Miss Universe အလှမယ် ဖြစ်လာခဲ့တာပါ။Michael Pagano ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ (2013)မှာ လက်ထပ်ပြီး (၂၀၁၆) မှာ ကွာရှင်းခဲ့ပါတယ်။

Sushmita Sen

Sushmita Sen ကတော့ အိန္ဒိ ယနိုင်ငံကိုယ်စားပြု ဖြစ်ပြီး Miss Universe 1994  ဆုရှင်ပါ။သူမရဲ့ အသက် (၁၈)နှစ် မှာ  Miss Universe ဖြစ်လာခဲ့တာပါ။သူမကတော့ Miss Universe ဆုကို ရတဲ့ ပထမဆုံး အိန္ဒိယ သူပါ။ လက်ရှိမှာ တော့ မော်ဒယ် မင်းသမီး တစ်ယောက် အဖြစ် ရပ်တည်နေပါတယ်။

 

READ
People Magazine (၁၅)နစ်ပြည့်အထူးထုတ်အတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တဲ့ စတားများ

Iris Mittenaere

 

View this post on Instagram

 

Dernière soirée à Paris … On part où demain ? @fanny_dussol

A post shared by Iris Mittenaere (@irismittenaeremf) on

 Iris Mittenaere ကတော့ ပြင်သစ်ကိုယ်စားပြုဖြစ်ပြီး Miss Universe 2016 အလှမယ်ပါ။အစီအစဉ် တင်ဆက်သူ၊မော်ဒယ် တစ်ယောက် အဖြစ် ပါ ရပ်တည် နေသူပါ။ Miss Universe  ဆုကို ရတဲ့ ဒုတိယ မြောက် ပြင် သစ် အမျိုးသမီးပါ။အသက် (၂၃)နှစ်မှာ ဒီဆုကို ရခဲ့တာပါ။

Demi Leigh Nel Peters

Image:IG/Demi Leigh Nel Peters

 Demi Leigh Nel Peters  ကတော့ တောင်အာဖရိက ကိုယ်စားပြု ဖြစ်ပြီး Miss Universe 2017 ဆုရှင်ပါ။သူမဟာ ဒီဆုကို ရတဲ့ ဒုတိယမြောက် တောင်အာဖရိက အလှမယ်ပါ။မော်ဒယ် အလုပ် ကို လုပ်ကိုင် နေသူ ဖြစ်ပြီး ကျက်သ ရေ ရှိရှိနဲ့ လှတဲ့ Miss Universe အလှမယ် တစ်ယောက်ပါ ။Tim Tebow ဆိုတဲ့ ဘေ့စ် ဘော ကစားသမားဟောင်းနဲ့ (၂၀၂၀)က လက်ထပ်ထားပါတယ်။

 

View this post on Instagram

 

☀️

A post shared by Demi-Leigh Tebow (@demileighnp) on

 

READ
JB ရဲ့နောက်ကနေ မျက်နှာမသာမယာနဲ့ လိုက်လာတဲ့ Hailey Baldwin

Source:beautypageants

SHARE