အမျိုးသားချောချောလေးတွေ အများဆုံးရှိတဲ့ နိုင်ငံများ

နိုင်ငံတကာအွန်လိုင်းမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Insider Monkey က ကမ္ဘာပေါ်မှာ အချောဆုံးအမျိုးသားတွေ အများဆုံး ရှိတဲ့ နိုင်ငံများကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Manhunt International, Mister Global, Mr. World စတဲ့ နိုင်ငံတကာမစ္စတာပြိုင်ပွဲတွေက ရလဒ်တွေကို ကြည့်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီနိုင်ငံတွေက ပြိုင်ပွဲတွေမှာ တကယ်ဆုအများကြီးရထားတာကြောင့် သူတို့ရဲ့ ဆွဲဆောင်မှုတွေအတွက် နိုင်ငံသားတွေ ဂုဏ်ယူနိုင်ပြီပေါ့နော်။

တောင်ကိုရီးယားနိုင်ငံ

တောင်ကိုရီးယားသားတွေဟာ မစ္စတာပြိုင်ပွဲတွေမှာ Title ဆု သိပ်မရကြပေမယ့် ဖော်ရွေအပျူငှာဆုံးဆု၊ အကောင်းဆုံးကိုယ်ခန္ဓာဆု၊ အကောင်းဆုံးမော်ဒယ်ဆုတွေ ရလေ့ရှိကြပါတယ်။

ပြင်သစ်နိုင်ငံ

ပြင်သစ်သားတွေဟာ (၂၀၀၂) နဲ့ (၂၀၀၅) ခုနှစ်တွေမှာ Manhunt International နဲ့ Mister World ပြိုင်ပွဲတွေရဲ့ အောင်နိုင်သူတွေ ဖြစ်ခဲ့ကြပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

Mister Global ပြိုင်ပွဲတွေမှာ အကောင်းဆုံးမော်ဒယ်ဆုနဲ့ ဓာတ်ပုံအစားဆုံးဆုတို့အတွက် တရုတ်ပြိုင်ပွဲဝင်တွေဟာ အားကောင်းလေ့ရှိပြီး Manhunt International ဆုကိုလည်း (၂) ကြိမ်ဆွတ်ခူးခဲ့ဖူးပါတယ်။

READ
ဂိမ်းပေးမဆော့လို့ မိခင်ရဲ့ မျက်နှာကို ခြေထောက်နဲ့ ကန်ခဲ့တဲ့ ကလေးဆိုး

ဖိလစ်ပိုင်နိုင်ငံ

View this post on Instagram

#NoFilter

A post shared by Tommy Esguerra (@tommyesguerra) on

Mister Global ပြိုင်ပွဲတွေမှာ ဖိလစ်ပိုင်သားတွေရဲ့ အပြုံးတွေနဲ့ ရေပန်းစားမှုတွေဟာ ကျော်ကြားပြီး Manhunt International နဲ့ Mister International ပြိုင်ပွဲတွေမှာလည်း အောင်နိုင်သူတွေဖြစ်ခဲ့ပါတယ်။

White (Shwemom)

Ref: Bright Side

SHARE