ပုရိသတွေသိထားသင့်တဲ့ Gentelman တစ်ယောက်၏ အပြုအမူများ

Gentleman ဆိုတာကို စာလုံးလေးတစ်လုံးလောက်နဲ့ အဓိပ္ပါယ် ဖွင့်ပြလို့မရပါဘူး။ အခြား ကျယ်ဝန်းတဲ့ အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ Genetleman ဆိုရင် meaning ကို ဂုဏ်သရေရှိအမျိုးသား(သို့) လူ
ကြီးလူကောင်း-ဆိုပြီး အော်ခဲ့ကြဖူးပါတယ်။ တကယ်တော့ Gentleman ဟာ အဲဒီထက် အဓိပ္ပါယ်တွေ အများကြီး ရှိနေပါသေးတယ်။

(၁) လူလေးစားစေမယ့် အ၀တ်အစားကို ရွေးချယ်ဝတ်ဆင်ခြင်း

လူကြီးလူကောင်းတွေဟာ အ၀တ်စားကို ဂရုစိုက်ကြပါတယ်။ သင်တို့လည်း ခံစားဖူးပါလိမ့်မယ်။ တစ်စုံတစ်ယောက်ရဲ့ အ၀တ်အစားပုံစံကို မြင်လိုက်တာနဲ့ မျက်နှာဖြတ်ရိုက်ချင်စိတ်ကိုပေါ့။ လူကြီးလူကောင်းတွေဟာ အဲဒီလို မဖြစ်အောင် ဂရု
စိုက် ၀တ်ဆင်ကြပါတယ်။

(၂) ကောင်းမွန်တဲ့ သဘောထားနဲ့ရပ်တည်ခြင်း

Gentleman တွေရဲ့ ပင်ကိုယ်စိတ်ထားဟာ သဘောထားကြီးသူတွေ၊ သည်းခံခွင့်လွတ်တတ်သူတွေ၊ သိမ်မွေ့နူးညံသူ
တွေ ဖြစ်ပါတယ်။ ဘယ်သူကိုပဲဖြစ်ဖြစ် သဘောထားအမှန်အတိုင်း အလိမ်အညာမပါ၊ မာယာမပါ၊ မုသားမပါ ဆက်ဆံပါ
တယ်။

READ
အမျိုးသားများရဲ့လိင်အင်္ဂါကိုထိခိုက်စေသည့် သတိမထားပဲလုပ်မိနေသည့်အရာ(၅)မျိုး

(၃) လေးစားတဲ့အမူအယာနဲ့ စကားပြောဆိုခြင်း

လူတစ်ယောက်ရဲ့ ပင်ကိုစိတ်ရင်းကို သိချင်ရင် ကိုယ့်ထက် ဂုဏ်အဆင့်အတန်း နိမ့်ပါးသူကို ဘယ်လိုဆက်ဆံသလဲဆိုတာကို ကြည့်ပြီး သိနိုင်တယ်လို့ ဆိုပါတယ်။ တစ်ချို့က စားပွဲထိုး၊ ပလက်စတစ်ကောက်သမား စသည်တို့အပေါ် မောက်
မာရိုင်းစိုင်းကြပါတယ်၊ တစ်ချို့က အမျိုးသမီးနဲ့ ငယ်ရွယ်သူတွေအပေါ် နိုင်ချင်ကြပါတယ်။ Gentleman တွေမှာတော့ ဒီလို
မျိုး မရှိပါဘူး။ လူုတိုင်းကို လေးစားစွာ ဆက်ဆံပါတယ်။

(၄) အမျိုးသမီးတွေကို ထောက်ထားညှာတာခြင်း

အမျိုးသမီးတွေကို Gentleman တွေက စာနာသနားလေ့ရှိပါတယ်။ နေရာထိုင်ခင်း ဦးစားပေးပါတယ်။ လူကြီးလူကောင်း
တွေဟာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အခြေအနေ နိမ့်ပါးသူတွေကို အမြဲဦးစားပေးပါတယ်။

(၅) အကူအညီကို လှိုက်လှိုက်လှဲလှဲ ပေးတတ်ခြင်း

သူတို့တတ်နိုင်တဲ့ အကူအညီကို တောင်းခဲ့ရင် ချက်ချင်းဆောင်ရွက်ပေးပါတယ်။ နေ့ရွှေ့ညရွှေ့ မလုပ်ပါဘူး။ တစ်ချို့ဆို တစ်နာရီတည်းနဲ့ ပြီးနိုင်တဲ့အလုပ်ကို တစ်ရက်လောက် ခြားပြီး လုပ်ပေးတတ်ပါတယ်။ တစ်ခါတလေ ငွေညှစ်ပြီး လာဘ်
စားကြပါသေးတယ်။ အလွန်ရှက်စရာ လူကြီးလူကောင်း မဆန်မှုတွေပါဘဲ။

READ
၁လက်မပဲရှိတဲ့ငယ်ပါကြောင့် စိတ်ကျရောဂါဖြစ်မတတ်ခံစားနေရတဲ့အမျိုးသား

နတ်စည်တော် (Shwemom)

source : lovepanky.com

SHARE