မွေးချင်းထဲမှာ အကြီးဆုံးကလေးတွေဟာ တကယ်ပဲ ဥာဏ်ရည်အထက်မြက်ဆုံးလား….

မွေးချင်းမောင်နှမတွေထဲမှာ ပထမဦးဆုံး မွေးလာတဲ့ကလေးဟာ ဥာဏ်ရည်အထက်မြက်ဆုံးဖြစ်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပညာရှင်တွေက အမျိုးမျိုး ပြောကြပါတယ်။ တချို့ကလည်း ဒီအချက်က မှန်တယ်။ တချို့ကျတော့လည်း မမှန်ဘူး စသဖြင့်ပါ။ ဒါပေမယ့် မိဘတွေအနေနဲ့ တစ်ခုသိထားရမှာက ကိုယ့်ကလေးတွေထဲမှာ ခေါင်းမာလွန်းတဲ့ ကလေးပါသလားဆိုတာပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့လေးတွေဟာ အသက်ကြီးလာတဲ့အခါ များသောအားဖြင့် အောင်မြင်သူတွေ ဖြစ်လာတတ်ကြပါတယ်။

(၂၀၀၇) ခုနှစ်မှာ နော်ဝေသိပ္ပံပညာရှင် စုံတွဲတစ်တွဲဟာ အိုင်ကျူနဲ့ ကလေးမွေးချင်း အစီအစဉ်တွေကြား ဆက်စပ်မှု ရှိ၊ မရှိဆိုတာကို လေ့လာခဲ့ကြပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်နဲ့ အီဒင်ဘာ့ဂ်တက္ကသိုလ်က တွေ့ရှိချက်တွေအရတော့ ပထမဆုံးမွေးတဲ့ကလေးတွေဟာ အခြားမွေးချင်းတွေထက်စာရင် အိုင်ကျူအမှတ်ပိုမြင့်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

pexels

အီဒင်ဘာ့ဂ်တက္ကသိုလ်က တွေ့ရှိချက်အရတော့ ကလေးတွေအားလုံးဟာ မိဘတွေဆီက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုကို တူညီစွာ ရရှိကြပါတယ်။ ဒါပေမယ့် အဦးဆုံးမွေးတဲ့ ကလေးကတော့ သူတို့ရဲ့ အတွေးအခေါ်စွမ်းရည်တွေကို တိုးတက်စေတဲ့ အလုပ်တွေကို မိဘတွေဆီက ပိုသင်ယူနိုင်တယ်လို့ သိရပါတယ်။ မိဘတွေဟာ စစချင်းကလေးမွေးပြီးတဲ့အခါမှာ သူတို့ရဲ့အမူအကျင့်တွေ အားလုံးပြောင်းလဲလာပါတယ်။

READ
သင်တို့ မသိသေးတဲ့ Spa Bath ရဲ့ အသုံးဝင်ပုံများ

ခုမှ ရောက်လာတဲ့ မိသားစုဝင်အသစ်ကလေးဟာ သူတို့အတွက်တော့ အထူးအဆန်းတစ်ခု ဖြစ်နေပါတယ်။ ကလေးကို ကြင်နာတတ်အောင်၊ ပျော်ရွှင်ပြီး ဥာဏ်ရည်ထက်မြက်တဲ့ ကလေးဖြစ်အောင် ပြုစုပေးဖို့ မိဘတွေက စိတ်အားထက်သန်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တနည်းပြောရရင် သားဦး၊ သမီးဦးကိုတော့ အချိန်ပိုပေးပြီး ပြုစုယုယတဲ့ သဘောကို ပြောချင်တာပါ။ နောက်ပိုင်း အငယ်တွေ ရောက်လာတော့ အကြီးလေးတုန်းကလို စာအုပ်အတူဖတ်ပြတာ၊ လက်မှုပစ္စည်းလေးတွေ အတူလုပ်တာ၊ တူရိယာလေးတွေ အတူတီးခတ်တာမျိုးတွေကို မိဘတွေက သိပ်မလုပ်ဖြစ်တော့ပါဘူး။

pexels

ဒါတွေက အငယ်တွေကို မချစ်လို့လား ဆိုတော့လည်း မဟုတ်ပါဘူး။ မိဘတွေအနေနဲ့ နောက်မွေးလာတဲ့ ကလေးတိုင်းကို ပထမကလေးတုန်းကလို အပြည့်အ၀အာရုံစိုက်ချင်တာတော့ အမှန်ပါပဲ။ တစ်ခုရှိတာကတော့ ကလေးတွေ ထပ်မွေးလေလေ၊ မိဘတွေအနေနဲ့ ပိုပြီး ပင်ပန်းလေ၊ ပိုရုန်းကန်ရလေ ဖြစ်ရပါတယ်။ ဒါကြောင့်မို့လို့ တဖြည်းဖြည်းနဲ့ အငယ်တွေဟာ အကြီးဆုံးတွေလို ဂရုစိုက်ခံ အပြုစုယုယခံရတဲ့ အချိန်တွေ လုံလုံလောက်လောက် မရတော့တာပါပဲ။ ဒီအချက်ဟာ ကလေးများလေ ပိုဆိုးလေပဲဆိုတာ မြင်မိမှာပါ။

READ
သင်ဟာဘဝရဲ့အချိန်တွေကိုဖြုန်းတီးနေမိကြောင်း ပြနေတဲ့သင်္ကေတများ

အခုဆိုရင်တော့ စာဖတ်သူတွေအနေနဲ့ မိမိတို့သားသမီးမွေးစဉ်အကြောင်းကို ပညာရှင်တွေ ဘယ်လိုသုံးသပ်ထားတယ်ဆိုတာကို သိနိုင်လောက်ပါပြီ။ ဒါပေမယ့် သိထားရမှာက သားဦး၊ သမီးဦးဆိုပေမယ့် အပေါ်က အချက်တွေအတိုင်း အားလုံးတူညီလိမ့်မယ်လို့ တသမတ်တည်း ပြောလို့မရပါဘူး။ တစ်ခါတစ်လေ မိသားစုထဲမှာ အလတ်တွေ၊ အငယ်တွေက ပိုချွန်နေတာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးကတော့ ဘယ်အရာကိုမှ ပုံသေပြောလို့ မရဘူးဆိုတာ သိထားရမှာပဲ ဖြစ်ပါတယ်။

pexels

လင်းလင်း (ShweMom)

Ref: kitchenfunwithmy3sons

SHARE