ကမ္ဘာပေါ်က အသက်အန္တရာယ်များတဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး နေရာများ

instagram/ travel_buscablogs instagram/amazing.aomori

ကမ္ဘာပေါ်က အချို့နေရာတွေဟာ ထူးခြားတဲ့နေရာတွေပါ။  မီးတောင်တွေရှိတဲ့နေရာ ၊ အဆိပ်ပြင်းဓာတ်ငွေ့တွေရှိတဲ့နေရာစသဖြင့် စုံလို့ပဲ။ အခုဖော်ပြပေးမှာကတော့ insider သတင်းကနေတဆင့် သိရှိရတဲ့ ကမ္ဘာ့အန္တရာယ်အများဆုံးနဲ့ ကြောက်စရာကောင်းတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

Mawsynram

အိန္ဒိယနိုင်ငံမှာ Mawsynram အမည်ရတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ ရွာလေးဟာ အိန္ဒိယပြည်နယ် Meghalaya က Khasi တောင်တန်းတွေမှာ တည်ရှိပါတယ်။ ၄င်းရွာကလေးဟာ ကမ္ဘာ့အစွတ်စိုဆုံးနေရာတစ်နေရာလည်း ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို ရွာသွန်းတဲ့ မိုးရေချိန်က များလွန်းတဲ့အတွက် ရီယိုဒီဂျနေးရိုးရုပ်ထုကြီးသာ ရှိခဲ့ရင် ရေတွေက ရုပ်ထုကြီးရဲ့ ဒူးကျော်ကျော်လောက်ထိ ရှိနေမှာ ဖြစ်ပါတယ်။

Vostock Station

https://www.instagram.com/p/B3QVW1SoamA/

အန္တာတိက အလယ်ပိုင်းမှာ Vostock station လို့အမည်ရတဲ့ ဆိုဗီယက်ယူနီယံစစ်စခန်းဟောင်းရှိပါတယ်။ (၁၉၉၃) ခုနှစ်တုန်းက ကမ္ဘာ့မိုးလေ၀သအဖွဲ့အစည်း WMO ရဲ့ တိုင်းထွာချက်တွေအရ အနုတ် (၁၂၈.၆) ဒီဂရီဖာရင်ဟိုက်ရှိတာကြောင်း ၄င်းကို ကမ္ဘာပေါ်က အအေးဆုံးနေရာအဖြစ် သတ်မှတ်ထားပါတယ်။

Death Valley

View this post on Instagram

We hope your Friday is a chill one and you get a chance to #optoutside ••••• Thanks to Tanmay @theurbanvoyager for the goodness of the dunes. ・・・ Calm before the storm. @theurbanvoyager —————————————— A storm brews over the sand dunes of Death Valley National Park. —————————————— Camera: Nikon D750 Lens: Tamron 150-600mm EXIF: 500mm, 1/2000s, ISO100, F14 ——- #nationalparkgeek #FYPyes #nps #nationalpark #nationalparks #americasbestidea #findyourpark #goparks #nationalparkfoundation #everykidinapark #nature #naturelovers #npca #nationalparktrust #protectourpubliclands #climatechangeisreal #onepercentfortheplanet #deathvalley #deathvalleynationalpark

A post shared by National Park Geek® (@nationalparkgeek) on

Death Valley ဟာ ကမ္ဘာပေါ်က အပူပြင်းဆုံးနေရာတစ်နေရာ ဖြစ်ပါတယ်။ ပျမ်းမျှအပူချိန်က ပြင်းလွန်းတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေဆိုရင် မြေကြီးပေါ်မှာ ကြက်ဥကြော်ဖို့တောင် ကြိုးစားကြပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၃) ခုနှစ် ဇွန်လ (၃၀) ရက်မှာ မိုးလေ၀သဌာနရဲ့ တိုင်းထွာချက်အရဆိုရင်တော့ ကယ်လီဖိုးနီးယားနိုင်ငံ Death Valley မှာရှိတဲ့ အပူချိန်ဟာ (၁၃၄.၁) ဒီဂရီဖာရင်ဟိုက်ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ၄င်းနေရာမှာဆိုရင် ပူပြင်းလွန်းတဲ့အတွက် ပျံသန်းနေတဲ့ငှက်တွေတောင် ကောင်းကင်ပေါ်က ပြုတ်ကျသေဆုံးလေ့ရှိတယ်လို့ သိရပါတယ်။

READ
တောင်ဝင်ရိုးစွန်းဒေသက ပဲ့ထွက်ခဲ့တဲ့ မြို့တစ်မြို့စာအရွယ် ဧရာမ ရေခဲတုံးကြီး

Danakil Depression

https://www.instagram.com/p/B0a7blJofKt/

အီသီယိုးပီးယားရဲ့ Danakil Depression ဟာဆိုရင် လောင်ကျွမ်းနေတဲ့ ဆားတွေ၊ မီးတောင်ကျောက်တုံးတွေနဲ့ ဆာဖျူရစ်အက်ဆစ်တွေ ပြည့်နှက်နေတဲ့နေရာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူနေလို့ မသင့်တော်တဲ့ နေရာတစ်နေရာအဖြစ် မှတ်ယူနိုင်ပါတယ်။ အ၀ါနဲ့ လိမ္မော်ရောင်ရောပြွန်းနေတဲ့ မြေအနေအထားကြောင့် တွေ့ရတာ မားစ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ Depression ထဲမှာရှိတဲ့ Dallol မီးတောင်ဆိုရင် အဆိပ်ရှိရုံတင်မကပဲ သက်ရှိတွေအတွက်ပါ နေထိုင်ဖို့ မသင့်တော်ပါဘူး။

Dry Valleys

https://www.instagram.com/p/BvxpZoTgD39/?utm_source=ig_web_copy_link

အန္တာတိကတိုက်က Dry Valleys တွေမှာ မိုးမရွာတာ နှစ် (၂) သန်းလောက် ရှိနေပြီဖြစ်ပြီး ကမ္ဘာ့အခြောက်သွေ့ဆုံးနေရာတစ်နေရာ ဖြစ်နေပါတယ်။ ထူးခြားတာက ကမ္ဘာ့အခြောက်သွေ့ဆုံးနေရာဟာ ဆာဟာရကန္တာရထဲမှာ မဟုတ်ပဲ အာဖရိကတိုက်မှာ ရှိနေတာ ဖြစ်ပါတယ်။ Dry Valleys တွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၁၃,၂၉၇) မှာ ရှိပါတယ်။ အဆိုပါနေရာမှာရှိတဲ့ လေဟာလည်း သွေ့ခြောက်ပြီး ကမ္ဘာ့အဆိတ်ငြိမ်ဆုံး နေရာတစ်နေရာလည်း ဖြစ်ပါတယ်။

READ
ရာစုနှစ်အဆုံးမှာ ကမ္ဘာ့ကမ်းရိုးတန်းမြို့အချို့ရေမြှုပ်သွားမည်ဖြစ်ကြောင်းသိရ

Aomori City

ဂျပန်နိုင်ငံက အိုမိုးရိ မြို့လေးဟာ ကမ္ဘာ့နှင်းအထူထပ်ဆုံး နေရာတစ်နေရာ ဖြစ်ပါတယ်။ နှင်းအထူထပ်ဆုံး နေရာတစ်နေရာ ဖြစ်လို့ မြို့ ထဲကားပတ်မောင်းနေရင်ပဲ ရေခဲဆောင်ကြီးတွေကြား ကားပတ်မောင်းနေသလိုမျိုး ခံစားမိစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့မိုးလေ၀သ အဖွဲ့အစည်းကြီးအနေနဲ့ မှတ်တမ်းမှတ်ရာ အတိအကျမရှိတာကြောင့် ကမ္ဘာ့နှင်းအထူထပ်ဆုံးနေရာကို မှန်းဆဖို့က နည်းနည်းလေး ခက်နေပါသေးတယ်။ အိုမိုးရိမြို့လေးမှာတော့ နှစ်စဉ် ပျမ်းမျှ (၃၁၂) လက်မ နှင်းတွေကျလေ့ရှိပြီး နိုဝင်ဘာနဲ့ ဧပြီလထဲမှာတော့ အများဆုံးနှင်းကျတတ်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE