ကမ္ဘာတစ်လွှားက ဓာတ်ပုံရိုက်လို့အကောင်းဆုံးဆိုတဲ့ကော်ဖီဆိုင်လေးတွေ

အခုခေတ်ထဲ အင်စတာဂရမ်ချစ်သူတွေနဲ့ အစားအသောက်ချစ်သူတွေ ပိုပေါများလာတာကြောင့် လုပ်ငန်းရှင်တွေဟာ မိတ်ဆွယ်တဲ့သဘောနဲ့ သူ့ထက်ငါ ၀န်ဆောင်မှုပိုပေးနိုင်အောင် ကြိုးစားလာကြပါတယ်။ ဒီထဲမှာ ကော်ဖီဆိုင်တွေဟာလည်း အပါအ၀င်ပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ insider ကနေတဆင့် တွေ့မြင်ရတဲ့ ကမ္ဘာပေါ်က အင်စတာဂရမ်ဓာတ်ပုံရိုက်လို့အကောင်းဆုံး ကော်ဖီဆိုင်တွေပဲ ဖြစ်ပါတယ်။

Speedos

Instagram/speedoscafe

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က Speedos အမည်ရတဲ့ ကော်ဖီဆိုင်လေးဟာ ကမ်းခြေဘေးနားမှာရှိတဲ့ ကော်ဖီဆိုင်လေး ဖြစ်ပါတယ်။ ဆိုင်မှာတော့ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သက်သက်လွတ် အစားအသောက်တွေ ရနိုင်ပါတယ်။ Speedos မှာ နာမည်ကြီးတာက ဘာဂါနဲ့ ခရိုးနပ်တွေပဲ ဖြစ်ပါတယ်။

Instagram/speedoscafe

Fika

Instagram/cafefika

Fika  ကတော့ ကနေဒါနိုင်ငံ တိုရန်တိုမြို့က ဆွီဒင်ကော်ဖီဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ Fika ဟာ ဆွီဒင်ဘာသာစကားဖြစ်ပြီး coffee break လို့ ဆိုလိုပါတယ်။ အဓိက ဆိုင်ကျော်ကြားရတဲ့ အကြောင်းရင်းက စာအုပ်နံရံကြီးကြောင့် ဖြစ်ပါတယ်။ ဆိုင်မှာတော့ သက်သက်လွတ်သမားတွေအတွက် အထူးဟင်းလျာတွေအပြင် အချိုပွဲတွေလည်း စုံလင်အောင် ရနိုင်ပါတယ်။ ဖာလာခတ်ထားတဲ့ လက်တေးကတော့ ဆိုင်မှာ အကျော်ကြားဆုံးဖြစ်ပါတယ်။ အသားညှပ်ပေါင်မုန့်၊ ဟင်းသီးဟင်းရွက်သုတ်တွေအပါအ၀င် သစ်ကြပိုးခေါက်ရနံ့သွင်းပေါင်မုန့်နဲ့ ဟင်းသီးဟင်းရွက် ကိတ်မုန့်လုံးတွေလည်း ရနိုင်ပါတယ်။

READ
Singleဘဝကိုပဲနှစ်သက်နေတယ်ဆိုတာ သေချာစေတဲ့လက္ခဏာရပ်များ
Instagram/cafefika

Mad Pops

Instagram/madpopsbali

အင်ဒိုနီးရှားနိုင်ငံသွားလို့ ဘာလီကျွန်းဆီရောက်ခဲ့ရင်တော့ နီယွန်မီးတွေထွန်းညှိထားတဲ့ ရေခဲမုန့်ဆိုင် Mad Pops ထဲ လမ်းကြုံဝင်ခဲ့သင့်ပါတယ်။ ဒီဆိုင်လေးမှာတော့ ရေခဲမုန့်တွေကို အချိုပမာဏ အမျိုးမျိုးနဲ့ ရနိုင်ပါတယ်။ ကော်ဖီချောကလက်ကြွပ် ရေခဲမုန့်၊ ရက်စ်ဘယ်ရီအုန်းသီးရေခဲမုန့်စတာတွေအပြင် အုန်းသီးပေါ်မှာ အခြေခံထားတဲ့ အခြားရေခဲမုန့်အမယ်ပေါင်းများစွာကိုလည်း ရနိုင်ပါသေးတယ်။

Instagram/madpopsbali

Blue Whale Café

Instagram/bluewhalebkk

ဘန်ကောက်မြို့မှာရှိတဲ့ Blue Whale Café ဟာ ဆိုင်နာမည်အတိုင်းပဲ ဆိုင်တွင်းအခင်းအကျင်းတွေမှာ အပြာရောင် သုံးထားပါတယ်။ ကော်ဖီဆိုင်ထဲက နံရံတွေမှာ သက်ရှိဝေလငါးတစ်ကောင်ရဲ့ အရွယ်အစားအတိုင်း ပုံရေးဆွဲထားတဲ့အပြင် ဆိုင်တွင်းကပ်ထားတဲ့ ကြွေပြားတွေကိုတောင်မှ ငါးအကြေးခွံတွေနဲ့တူအောင် ခင်းကျင်းထားပါတယ်။ ကော်ဖီဆိုင်မှာရနိုင်တဲ့ ကော်ဖီလက်တေးတစ်မျိုးဆိုရင်တော့ လှလွန်းလို့ သောက်ရက်စရာတောင် မရှိပါဘူး။

Instagram/bluewhalebkk

Kafe Utu

Instagram/kafeutu

စင်္ကာပူနိုင်ငံက Kafe Utu ကတော့ ဆိုင်တွင်းနွေးထွေးတဲ့ အပြင်အဆင်ကြောင့် ကျော်ကြားပါတယ်။ အရောင်စုံ ပန်းချီကားချပ်တွေနဲ့ သစ်သားမီးအိမ်တွေအပြင် နေရာထိုင်ခင်းကလည်း သက်တောင့်သက်သာ ရှိလှပါတယ်။ ဆိုင်ထဲမှာတော့ ကော်ဖီ၊ ကော့တေးနဲ့ အခြားအစားအသောက်တွေ မှာယူရနိုင်ပါတယ်။ အာဖရိကန်ဒီဇိုင်းအပြင်အဆင်နဲ့ ဖန်တီးထားတဲ့ Kafe Utu မှာ ရိုးရာဟင်းလျာတွေဖြစ်တဲ့ မော်ရိုကန်ကြက်သံပုရာအပြင် ဆွာဟီလီငါးဟင်းနဲ့ အခြားဥရောပအစားအစာအချို့လည်း ရနိုင်ပါသေးတယ်။

READ
လူချမ်းသာတွေ လုံးဝပြုလုပ်လေ့မရှိတဲ့ အမူအကျင့်များ
Instagram/kafeutu

လင်းလင်း (ShweMom)

SHARE