ကမ္ဘာကြီးရဲ့ ဝေးလံခေါင်ဖျားတဲ့ အရပ်တွေမှာ အခြေတည်ထားတဲ့ မြို့လေးများအကြောင်း

သွားရလာရ ခက်ခဲပြီး၊ သာမန် အရပ်တွေနဲ့ ဝေးလံခေါင်းဖျားတဲ့ အရပ်တွေမှာ အခြေတည်ထားတဲ့ မြို့တွေ ကမ္ဘာ့တိုက်ကြီးများ အသီးအသီးမှာ ရှိပါတယ်။ သင့်အနေနဲ့ ဒီကမ္ဘာကြီးပေါ်မှာ ရှိမယ်လို့တောင် ထင်မှာမဟုတ်တဲ့ မြို့တွေရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

SIWA OASIS, EGYPT
Wikimedia Commons

Siwa အိုအေစစ် ဟာ ပျော်ပွဲစား ထွက်လို့ကောင်းတဲ့ နေရာတော့မဟုတ်ဘူး။ ကီလိုမီတာ ရာနဲ့ချီပြီး ကျယ်ဝန်းတဲ့ Saharan ကန္တာရပြင်ကြီးက ၀န်းရံထားတယ်။ ဒီ ဝေးလံခေါင်ဖျားတဲ့ ရွာကို သွားချင်ရင် ကားငှား၊ ဒါမှမဟုတ်ရင်တော့ ကိုင်ရိုးမြို့ကနေ ည ဘတ်စ်ကားစီးလို့ရပါတယ်။ ကမ္ဘာလှည့်ခရီးသွား တော်တော်များများကတော့ ဒီနေရာကိုလာပြီး ခြေကျင် ခရီးကြမ်းနှင်ရတဲ့ အတွေ့အကြုံကို ဖွေရှာကြပါတယ်။ သံလွင်ခြံတွေ၊ ထန်းတောတွေ၊ ရေချို ရေတံခွန်တွေကို ဖြတ်ပြီးသွားရမယ် လမ်းတွေရှိတယ်။ ဒီနှစ်မှာမှ နေစွမ်းအင် အသုံးပြု စနစ်တွေကို ရွာကို ဓာတ်အားစတင် ပေးဝေတာဖြစ်ပါတယ်။ ဖုန်းလိုင်တော့ လုံးဝမမိပါဘူး။

WHITTIER, ALASKA
Jessica Spengler via Flickr // CC BY 2.0

Alaska ရဲ့ မြို့တစ်မြို့ဖြစ်တဲ့ Whittier မြို့ဟာ အထွက်ရော အ၀င်ရော လမ်းမကြီးတစ်လမ်းသာရှိပါတယ်။ အဲ့ဒီလမ်းက ၂.၆ မိုင် ရှည်လျားပြီး ညအချိန်ဆိုပိတ်တဲ့ ဥမင်လမ်းလည်းရှိတယ်။ နွေဥတုမှာဆို လူဦးရေ ထူထပ်ပြီး ဆောင်းဥတုမှာဆိုရင်တော့ လူဦးရေ (၂၀၀) လောက်သာ ရှိတယ်။ များသောအားဖြင့် လူတွေက  Begich Towers လို့ခေါ်တဲ့ (၁၄) ခန်းထပ် ကွန်ဒိုတွေမှာ စုဝေးနေထိုင်ကြတယ်။ မြို့ရဲ့ စာတိုက်၊ ဘုရားကျောင်း၊ စတိုးဆိုင်အကုန်လုံး အဲ့ဒီ့မှာပဲလို့ သိရတယ်။

READ
ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြား ဆန်းပြားတဲ့ နေအိမ်ဒီဇိုင်းများ

La Rinconada, Peru

Wikimedia Commons

ပင်လယ်ရေရဲ့ မျက်နှာပြင်အထက် ပေ (၁၇,၀၀၀) နီးပါမှာ တည်ရှိတဲ့ La Rinconada ဆိုတဲ့ မြို့ဟာ ကမ္ဘာလူဦးရေအများအခြေကျရဲ့ သီးသန့် အရပ်တစ်ခုဖြစ်တယ်။ စီးရေ ရှားပြီး ခြောက်ကပ်ဖွယ်ကောင်းတဲ့ အနေအထားရှိတာတောင်မှ လူဦးရေက ခန့်မှန်းခြေ (၅၀၀၀၀) လောက်ရှိတယ်။ မြင်ကွင်းလှတာတွေ ဘာတွေကြောင့် နာမည်ကြီးတာ မဟုတ်ဘဲ La Bella Durimiente ဆိုတဲ မြို့ရဲ့ အထက်မှာရှိတဲ့ တောင်အောက်က ရွှေမိုင်းတွေကြောင့် ဖြစ်တယ်လို့သိရပါတယ်။

LONGYEARBYEN, NORWAY
Wikimedia Commons

Longyearbyen ရဲ့ ဒီ စကင်ဒီနေဗီးယန်းမြို့ဟာ နော်ဝေးနိုင်ငံ အော်စလိုမြို့ထက်စာရင် မြောက်ဝန်းရိုးစွန်းနဲ့ ပိုနီးစပ်တယ်။ တစ်နှစ်ပတ်လုံး အေးခဲနေတဲ့ အရပ်ဒေသဖြစ်ပြီး ဆောင်ရက်ရှည်တွေနဲ့ ညတာရှည်တယ်။ အဲ့ဒီ့မှာ အောက်က ရေခဲနေတဲ့ မြေလွှာ ပျော်ပြီး မငြိမ်မှာဆိုလို ထောက်တိုင်တွေခံပြီး အိမ်တွေကို အစဉ်လိုက် ဆောက်လေ့ရှိကြတယ်။

ဒီလို ကြမ်းတမ်းတဲ့ အနေအထားတွေရှိတာတောင် Longyearbyen မြို့ ကမ္ဘာအနှံ့က လူတွေကို ဆွဲဆောင်မှုပြုလျက်ရှိပါတယ်။ အံသြဖွယ်ကောင်းလောက်အောင် ပြစ်မှုတွေ ဖြစ်နှုန်းနည်းတာ၊ ဒါကြောင့် တစ်ဆက်တည်းမှာပဲ ဘာ အလုပ် (သို့) ဗီဇာဘာညာမလိုဘဲ တရားမ၀င်နေထိုင်လို့ ရကြောင်းသိရပါတယ်။ ဒါပေမယ့် အဲ့ဒီမှာ ခေါင်းချလို့မရဘူး၊ အကြောင်းက လူမြှုပ်ဖို့ သဂြိုလ်ဖို့ သိပ်ခက်ခဲတာကြောင့်ဖြစ်ပါတယ်။ ပြစ်မှု၊ ပြစ်ခင်းနည်းပေမယ့် သေနတ်ကိုင်တဲ့ လူများတယ်၊ အဓိကတော့ ပိုလာ ၀က်ဝံတွေရဲ့ အန္တရာယ်မှာ ကာကွယ်နိုင်အောင် ဖြစ်ကြောင်းသိရပါတယ်။ သတ်မှတ်ထားတဲ့ နေရာတွေထက် ကျော်ပြီးသွားမယ်ဆို သေနတ်ယူသွားရတယ်၊ ဘယ်လို ပစ်ရမလဲလည်း သိရမယ်။ မဟုတ်ရင် ရဲတပ်ဖွဲ့က သွားခွင့်မပေးပါဘူး။

READ
လူ့အသုံးအဆောင်ပစ္စည်းတွေရဲ့ နောက်ကွယ်က ထူးခြားတဲ့ ရည်ရွယ်ချက်လေးများ
SUPAI VILLAGE, ARIZONA
Wikimedia Commons

Supai ရွာကို ရဟတ်ယာဉ် (သို့) အနီးဆုံးပေါက်တဲ့ လမ်းက (၈) မိုင်လောက် လမ်းလျှောက်မှ ရောက်နိုင်ပါတယ်။ ဝေးလံ ခေါင်းဖျားတဲ့ အရပ်ဒေသဖြစ်ပေမယ့် နှစ်စဉ် ကမ္ဘာလှည့် ခရီးသွားတွေကို ချောက်နက်ကြီးနဲ့၊ ဓာတ်ပုံ တအားရိုက်လို့လှတဲ့ Havasu ရေတံခွန်တွေက စွဲဆောင်လျက်ရှိနေပါတယ်။ Supai မှာ အခုထိ စာတွေကို လားနဲ့ ပို့နေတုန်းလို့လည်း သိရပါတယ်။

Ref: Mentalfloss

Matthew (ShweMOM)

 

 

 

 

 

 

SHARE