ရက်ပိုင်းအတွင်း ကမ္ဘာ့ Like အများဆုံး Instagram post အဖြစ်နေရာယူသွားတဲ့ “ဥ”

Instagram ဟာ လူအသုံးပြုမှုအများဆုံး Social Media တွေထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် Instagram မှာ like အများဆုံး post (၁၀) ခုအကြောင်း Shwemom မှ ဖော်ပြပြီးဖြစ်ပါတယ်။

အဲဒီအထဲကမှ နံပါတ် (၁) နေရာနဲ့ ဗိုလ်စွဲနေတဲ့ Instagram post ကတော့ လူပုံမပါဝင်ဘဲ လက်နှစ်ဖက်ရဲ့ပုံလေးသာပါဝင်ထားတဲ့ ဓာတ်ပုံလေးတစ်ပုံဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ လက်မကို background မှာ တစ်ပိုင်းတစ်စမြင်နေရတဲ့ ကလေးလေးကနေ ကိုင်ထားတာပါ။

ဒီပုံရဲ့ပိုင်ရှင်ကတော့ Kylie Jenner ပဲဖြစ်ပါတယ်။ သူမဟာ ကိုယ်ဝန်သတင်းကို လအတန်ကြာဖုံးကွယ်ပြီး မွေးခါနီးဖွားခါနီးကျမှ ဗီဒီယိုလေးတစ်ခုတည်းနဲ့ ပရိတ်သတ်တွေကို surprise လုပ်ခဲ့သူပါ။ သမီးလေး Stormi ကို မွေးဖွားပြီးနောက်မှာလည်း ကလေးရဲ့ရုပ်ကို တော်ရုံနဲ့မချပြခဲ့ပါဘူး။ ဒါကတော့ Stormi နဲ့လူ့လောကထဲရောက်လာအပြီး Kylie မှ ပထမဆုံးအနေနဲ့ တင်ခဲ့တဲ့ ဓာတ်ပုံလေးပဲဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Kylie (@kyliejenner) on Feb 6, 2018 at 1:14pm PST

Follower ပေါင်း 123.8 million ရှိပြီး နံပါတ်တစ်ဖြစ်ခဲ့တဲ့ post လေးကတော့ like ပေါင်း (၁၈) သန်းကျော်ရှိနေခဲ့တာပါ။

READ
လမ်းမှာတွေ့တဲ့သူမှန်သမျှကို လိုက်ခြောက်ပြီး အနှောင့်အယှက်ပေးနေတဲ့ တစ္ဆေ prank

သို့ပေမယ့် အဲဒီ Kylie ရဲ့ နံပါတ်တစ်ချိတ်ခဲ့ဖူးတဲ့ post ကို ကျော်လွန်ကာ အပြတ်အသတ်ဗိုလ်စွဲသွားခဲ့ post တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။

 

“ဥ” ပါ။ ကြက်ဥပုံလေးကို အဖြူရောင်နောက်ခံပေါ်မှာ ရိုးရိုးတန်းတန်းရိုက်ကူးထားတဲ့ ပုံကိုတင်ထားတဲ့ post လေးဟာ Kylie ရဲ့ post ကို ကျော်လွန်ကာ ကမ္ဘာ့နံပါတ်တစ် Instagram ပေါ်မှာ  like အများဆုံး post တစ်ခုအဖြစ် ရပ်တည်သွားခဲ့ပါပြီ။

READ
အချစ်ဆုံး သူငယ်ချင်းဘ၀က ရုန်းထွက်မရသူတွေရဲ့ ရယ်ရပြီး သနားဖို့ကောင်းတဲ့ အဖြစ်အပျက်များ

ဒီ post ကို world_record_egg ဆိုတဲ့ profile မှ တင်ထားခဲ့တာဖြစ်ပြီး like ပေါင်း (၂၄) သန်းကျော်ရရှိလို့နေပါတယ်။ world_record_egg ရဲ့ follower တွေဟာဆိုလျှင်လည်း (၂.၅) မီလီယံကျော်ရှိနေပြီး post ဆိုလို့လည်း ဒီကြက်ဥပုံ တစ်ပုံတည်းကိုသာ တင်ထားတာ ဖြစ်ပါတယ်။

Instagram

world_record_egg ကို နည်းနာယူပြီး account တုတွေဟာလည်း Instagram ပေါ်မှာ ပေါ်ထွက်လို့လာခဲ့ပါတယ်။ သို့ပေမယ့် world_record_egg ကသာလျှင် စစ်မှန်တဲ့ account ဖြစ်ပါတယ်။

Instagram

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ကမှ post ကို စတင်ထားတာမို့လို့ (၁၀)ရက်မပြည့်သေးခင်မှာပဲ အခုလို like ပေါင်း သန်းချီကာ မှတ်တမ်းတင်ထားတဲ့ နံပါတ်တစ် like အများဆုံး post ကိုတောင် ရိုက်ချိုးကာ ထိပ်တန်းဖြစ်သွားခဲ့တာကတော့ တော်တော်လေးကို အံ့မခန်းပါပဲ။

အခုဆိုရင်တော့ ကမ္ဘာကျော် cosmetics brand တစ်ခုဖြစ်တဲ့ NYX cosmetics တောင်မှပဲ သူတို့ရဲ့ Instagram account မှာ ကြက်ဥလေးကိုအသုံးပြုပြီး ကြော်ငြာခဲ့လိုက်ပါပြီ။ “ဒါနဲ့ ဒီဥရဲ့မိတ်ကပ်အရောင်နံပါတ်က ၁၂ ပါနော်” တဲ့။

Instagram

Source: Instagram, Buzz Feed

Penny

SHARE