သဘာဝပတ်ဝန်းကျင်နဲ့ ခရီးထွက်ရတာကို နှစ်သက်တဲ့သူတွေအဖို့ မဖြစ်မနေ အရောက်သွားဖို့သင့်တဲ့ ကျွန်းလေးနှစ်ခု ရှိပါတယ်။ ဒီကျွန်းလေးတွေမှာတော့ မှော်အဆန်ဆုံး အခမ်းနားဆုံးမြင်ကွင်းတွေကို တို့ထိခံစားရမှာပါ။ ခရီးသွားတွေတော်တော်များများကတော့ ဒီကျွန်းလေးတွေကို ကမ္ဘာ့အလှဆုံးလို့တောင် ဆိုနေကြပါတယ်။ ဒီကျွန်းလေးတွေရဲ့ နောက်ခံ သမိုင်းကြောင်းကတော့ …

ကျွန်းလေးတွေရဲ့အမည်ကတော့ Skellig Michael နဲ့ Little Skellig တို့ ဖြစ်ပါတယ်။ အိုင်ယာလန်အနောက်တောင်ဘက် ကမ်းရိုးတမ်းနဲ့ သိပ်မဝေးပါဘူး။ အိုင်ယာလန် အနောက်တောင်ပိုင်း ကမ်းရိုးတမ်းမှ ကယ်ရီအမည်ရမြို့ကလေးမှာနေထိုင်တဲ့ George Bernard Shaw နဲ့ အပေါင်းအပါတစ်စုဟာ ဒီကျွန်းလေးတွေကို (၁၉၁၀) စက်တင်ဘာလက ရောက်ရှိခဲ့ကြပါတယ်။

သူတို့အဖွဲ့ဟာ လှေခတ်သမားတွေ ဖြစ်ကြပြီး အားလုံး (၅)ယောက် ဖြစ်ပါတယ်။ နှစ်နာရီကြာ လှေလှော်ပြီးနောက် ဒီကျွန်းလေးတွေဆီကို ရောက်လာခဲ့တာပါ။ ကျွန်းလေးတွေရဲ့ မြင်ကွင်းက သူတို့ရဲ့စိတ်အာရုံတွေကို ဖမ်းစားခဲ့ကြတယ်လို့ ဆိုပါတယ်။ Shaw ရေးထားတဲ့ မှတ်စုထဲမှာ ကျွန်းလေးတွေကို Skellig Michael ကျွန်းကို အသေးစိပ် ဖော်ပြထားပါတယ်။

စာထဲမှာ “ကျွန်တော် ရောက်ဖူးသမျှ ကျွန်းတွေထဲမှာ ကျောက်တောင်၊ ကျောက်တုံးတွေနဲ့ ဒီလောက်လှတဲ့နေရာကို မတွေ့ခဲ့ဖူးပါဘူး … ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၁၆၀)မှာ ရှိပါတယ် … “စသဖြည့် ချီးမွမ်းခန်းတွေ ဖွင့်ထားပါတယ်။ အဆိုပါကျွန်းတွေဆီကို Star Wars: The Force Awakens နဲ့ Star Wars: The Last Jedi တို့လို ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတွေလည်း လာရောက်ရိုက်ကူးခဲ့ဖူးပါတယ်။

Skellig Michael ကျွန်းလေးဟာ ယခင်က ဘုန်းတော်ကြီးတွေ နေထိုင်ခဲ့ကြပါတယ်။ ဘုန်းတော်ကြီးတွေ ကျွန်းကို စွန့်လွှတ်သွားတဲ့အခါမှာ ငှက်တွေလာရောက် နေထိုင်ကြပြီး ပူဖင်ငှက်၊ ကီဝီငှက်၊ အာတိတ်ဇင်ယော်၊ အနက်ရောင် Guillemot ငှက်များ၊ ရာဇောဘေးငှက်များ၊ တင်ကျီးငှက်များရဲ့ နေရာဖြစ်လာပါတယ်။
Little Skellig ကလည်း ထိုနည်း၎င်းပါဘဲ။ အလွန်လှပတဲ့ ကျောက်ဆောင်ကျောက်တန်းတွေနဲ့အတူ တင်ကျီးငှက်အများဆုံးနေထိုင်ကြတဲ့ ကျွန်းလေးပါ။ ပင်လယ်ပြင် လေအေးအေးနဲ့ လှပတဲ့ ကျောက်တောင်မို့မို့လေးတွေ၊ ငှက်ကျေးသာရကာတို့ရဲ့အသံတွေနဲ့ အလွန်သာယာပါတယ်။ (၁၉၉၆)မှာတော့ ယူနက်စကိုက Skellig Michael ကျွန်းကို အမွေအနှစ်စာရင်းသွင်းခဲ့ပြီး မေလ စက်တင်ဘာအတော်အတွင်းမှာ လည်ပတ်ဖို့အကောင်းဆုံးနေရာလို့ ဆိုထားပါတယ်။
နတ်စည်တော် (Shwemom)
source : theculturetrip.com