တစ်နေ့ထဲနဲ့အခိုးခံလိုက်ရတဲ့ စင်္ကာပူ Fusionopolis က အလှပြသိုးမွှေးရုပ်လေးများ

instagram/yarnbombingsg

ဇန်န၀ါရီ (၁၉) ရက်နေ့တုန်းက Yarn Bomvbing Singapore က ဦးဆောင်ကြီးမှူးပြီး အနုပညာတင်ဆင်မှူတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါက လက်ထိုးသိုးမွှေးရုပ်လေးတွေကို Fusionopolis အဆောက်အဦးပြင်ပမှာ လူအများကြည့်ရှူနိုင်အောင် အလှပြထားခဲ့တာ ဖြစ်ပါတယ်။ သိုးမွှေးရုပ်လေးတွေကို တရုတ်နှစ်သစ်ကူးရာသီနဲ့လိုက်အောင် ခင်းကျင်းပြသထားတာပါ။ ကြွက်ကလေးတွေ၊ မန်ဒရင်းလိမ္မော်သီး ပုံစံလေးတွေ စသဖြင့် စုံလို့ပါပဲ။

ဒီအရုပ်လေးတွေကိုတော့ Fusionopolis ကို စီမံခန့်ခွဲနေတဲ့ JTC Corporation နဲ့ သိုးမွှေးချည်စိတ်ဝင်စားသူများအဖွဲ့ Yarn Bombing Singapore တို့ပူးပေါင်းကာ ၄င်းတို့ရဲ့ စေတနာ့ဝန်ထမ်းတွေက ဖန်တီးခဲ့တာပါ။ သိုးမွှေးရုပ်လေးတွေကို အလှဆင်တဲ့အနေနဲ့ပြထားတယ်ဆိုပေမယ့် အနားမှာ အချက်ပြဆိုင်းဘုတ်တွေ ဘာတွေထားတာမျိုးတော့ မရှိခဲ့ပါဘူး။

အရုပ်လေးတွေကို Fusionopolis အဆောက်အဦး အပြင်ဖက် တက္ကစီတန်းစီရာနေရာမှာရှိတဲ့ အရံအတားတိုင်လုံးထိပ်တွေပေါ်မှာ စွတ်ထားခဲ့တာ ဖြစ်ပါတယ်။ ညဘက်မှာ အရုပ် (၁၆) ရုပ် ထားထားခဲ့ရာမှ နောက်တစ်နေ့မနက်မှာတော့ () ရုပ်ပဲ တိုင်လုံးလေးတွေပေါ်မှာ ကျန်နေတော့တာကို တွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။

Here are the CNY Toppers bidding farewell. The installation ended yesterday. Thank you for the love and care. None went missing.Singapore Rocks!

Posted by Yarn Bombing Singapore on Tuesday, February 19, 2019

အရုပ်လေးတွေ ပျောက်သွားလို့ ဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့အုံး။ သိုးမွှေးရုပ်လေးတွေကို နောက်အပတ်မှာ ထပ်အလှပြဦးမယ်လို့ Yarn Bombing Singapore က ဆိုပါတယ်။ ကံကောင်းလို့ အရုပ်လေးတွေကို ခိုးသွားတဲ့ တရားခံတွေကိုလည်း စောင့်ကြည့်ကင်မရာတွေမှာ တွေ့ရတဲ့အတွက် မကြာခင် ဖမ်းမိတော့မှာပါ။ သိုးမွှေးရုပ်လေးတွေကို လူမြင်ကွင်းမှာ ဒီတိုင်းထားပြီး အလှပြတဲ့ အခင်းအကျင်းဟာ မနှစ်တုန်းကလည်း လက်ရှိနေရာမှာပဲ ပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းကတော့ အခိုးခံရတာမျိုး မရှိခဲ့ပဲ ဒီနှစ်ကျမှ အရုပ်ခိုးခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်နေကြောင်း asiaone ကတဆင့် သိရပါတယ်။

လင်းလင်း (ShweMom)

SHARE