Influencer အများစုဟာ စိတ်ကျန်းမာရေး အခြေအနကေို ဖုံးကွယ်ထားကြောင်း သိရ

Unsplsah/Biztrends

Inzpire.meရဲ့ လေ့လာတွေ့ရှိတဲ့အချက်အလက်တွေပေါ်မူတည်ပြီး Influencers(အရှိန်အဝါကြီးမားသူ)တော်တော်များများဟာ သူတို့ရဲ့ စိတ်ကျန်းမာရေးကို အလုပ်တွေနဲ့ ဖုံးကွယ်ထားကြောင်း တွေ့ရှိရပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး Influencer အယောက် ၃၅၀ကို သူတို့ရဲ့ အလုပ်တွေနဲ့ ဘဝနေထိုင်မှုပုံစံတွေကို inzpire.me ၀က်ဘ်ပေ့ခ်ျက စစ်တမ်းကောက်ပြီး လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ နောက်ဆုံးထွက်လာတဲ့ ရလဒ်ကတော့ ဒီလိုမျိုး Influencerအဖြစ်နဲ့ လုပ်ကိုင်နေရတဲ့ ၄၇ရာခိုင်နှုန်းသောသူတွေဟာ သူတို့ရဲ့ အလုပ်ကြောင့် စိတ်ကျန်းမာရေးကို အကျိုးသက်ရောက်မှုဖြစ်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။

Shutterstock/Tereza Tsyaulouskaya

“ဒီလို Influencer အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေသူတွေအတွက်တော့ ဒီကိစ္စဟာ လက်ခံနိုင်ဖို့ ခဲယဉ်းမှန်းသိပါတယ်။ ဒါပေမယ့် ဒီလိုမျိုးသိလိုက်ရတာဟာ သူတို့စိတ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ကိစ္စတစ်ရပ်ပါပဲ”လို့ inzpire.me ရဲ့ COOနဲ့ ပူးတွဲတည်ထောင်သူ Marie Mostadတို့က Insider သတင်းဌာနကို အခုလိုပဲပြောပြခဲ့ပါတယ်။

Marieကတော့ ဒီလိုမျိုးInfluencerအဖြစ်နဲ့ လုပ်ကိုင်နေကြတဲ့ နယ်ပယ်ဟာဆိုရင် ဒီဘက်ခေတ်မှာ တော်တော်ကြီးတိုးတက်ဖွံဖြိုးလာတာကို တွေ့ရကြောင်း၊အထူးသဖြင့် YouTubeနဲ့ Instagramလိုနေရာမျိုးတွေမှာ ပိုမိုများပြားလာကြောင်း ပြောပြခဲ့ပါသေးတယ်။ပြီးတော့ အဆိုးရွားဆုံးကိစ္စတွေကတော့ သူတို့အလုပ်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ပုံရိပ်တွေကိုပါ ထိခိုက်လာစေခြင်းပါပဲ။ ဥပမာ-Instagramမှာဆိုရင် Plastic surgery filterတွေကို ဘယ်လိုဖယ်ထုတ်မလဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ခန္ဓာကိုယ် အထူးသဖြင့် မျက်နှာကို အသုံပြုနေခြင်းတွေပါပဲလို့ ထပ်မံရှင်းပြခဲ့ပါသေးတယ်။

Instagram

နောက်အလွဲမှားဆုံးအရာတစ်ခုကိုလဲ Marieကထပ်မံရှင်းပြခဲ့ပါသေးတယ် ။Influencer အလုပ်ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခုဖြစ်ပြီး အရမ်းကြီး လုပ်ဖို့မလိုကြောင်း၊ဒါပေမယ့် သုတေသနရဲ့ အဖြေအရ အချို့ Influencerတွေဟာ တစ်ပတ်ကို ပျမ်းမျှ နာရီ(၃၀)ကျော်ကြာအောင် ဒီအလုပ်ကိုလုပ်ကိုင်နေပြီး ကျန်တဲ့ ၇၆ရာခိုင်နှုန်းသော Influencerတွေဟာ သူတို့ရဲ့ Influencer အလုပ်အပြင် တခြားအလုပ်တွေပါ လုပ်ကိုင်ကြောင်း ပြောပြခဲ့ပါတယ်။

Pyi Hein Kyaw

SHARE