အမျိုးသားများဟာ ကလေးအဖေဖြစ်သွားတာနဲ့ ပိုဝလာတတ်ကြတယ်ဆိုတဲ့တွေ့ရှိချက်

Freepik-freepik

ယောက်ျားလေးနဲ့ မိန်ကလေးလက်ထပ်ကလေးမွေပြီးသွားရင် လူတိုင်းကတော့ မိန်းကလေးပိုဝလာတယ်လို့ ထင်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမွေးပြီးသွားတဲ့အချိန်မှာ မိန်းကလေးတော်တော်များများဟာ မွေးဖွားပြီးခါစဖြစ်တာတစ်ကြောင်း၊ မမွေးခင်အချိန်မှာပါ ကိုယ်ဝန်လွယ်ထားတဲ့အတွက်ကြောင့် လှုပ်လှုပ်ရှားရှားမရှိနိုင်တာတစ်ကြောင်း စတဲ့ အကြောင်းပြချက်ပေါင်းများစွာနဲ့ အရင်ကထက် ကိုယ်အလေးချိန်ပိုတိုးလာတာပဲ ဖြစ်ပါတယ်။ ကလေးမွေးပြီးသွားတဲ့အချိန် မိန်းကလေးတွေရဲ့ ကိုယ်အလေးချိန် ဟာ အနည်းဆုံး ၃၅ပေါင်တက်ပါတယ်။ ဒါဟာ ကလေးမွေးထားလို့ပါ။ ဒါဆိုရင် ကလေးအဖေဖြစ်လာမယ့် ယောက်ျားလေးတွေကော ၀လာနိုင်တယ်လို့ သင်မထင်ဘူးလား။

©Depositphotos.com

Bright Side သတင်းဌာနရဲ့ ဖော်ပြချက်အရ ယောက်ျားလေးတွေဟာ ကလေးအဖေဖြစ်သွားတဲ့အချိန်မှာ အရင်ကထက် ပိုမိုဝလာနိုင်ကြောင်း သိရှိရပါတယ်။ ဒီတွေ့ရှိချက်ပို အတည်ပြုပေးခဲ့တာကတော့ Dr.Craig F ပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Northwestern University က Dr. Craig F ဟာ ဆယ်ကျော်သက်ယောက်ျားလေး ၁၀,၂၅၄ ယောက်ကို သူတို့အသက်၂၀ ၊ ၁၉၉၄ ခုနှစ်ကတည်းက စတင်စစ်တမ်းကောကယူခဲ့ပါတယ်။  အိမ်ထောင်ကျပြီး ကလေးရသွားတဲ့သူတွေကို လက်မထပ်ခင်က ပုံတွေနဲ့ တိုင်စစ်ပြီး ခန္ဓာကိုယ်အလေးချိန်တိုင်းမှုတွေ ပြုလုပ်တဲ့အချိန်မှာ ကလေးအဖေဖြစ်သွားတဲ့သူတိုင်းဟာ အရင်ထက် ပိုမိုကိုယ်အလေးချိန်မြင့်မားလာကြောင်း တွေ့ရှိခဲ့ရပါတယ်။

READ
ဘဝတစ်ခုပျက်ဆီးစေနိုင်တဲ့ လောင်းကစားကိုရှောင်ရှားပါ
Unsplash-Derek Owens

“ယောက်ျားလေးအများစုဟာ ကလေးအဖေစ်ြပြီးသွားရင် အရင်ကထက်ပိုဝလာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးရှိလာပြီဖြစ်တဲ့အတွက် အရင်လိုကိုယ်လုပ်ချင်တာကိုယ်လုပ်လို့မရတော့ပါဘူး။ ကိုယ့်အချိန်တွေကိုယ် အကုန် သားသမီးကိုပေးလိုက်ရပါတယ်။ အရင်ကဆို ပုံမှန် Gym သွားနေတဲ့သူဟာ ကလေးရပြီးနောက်ပိုင်းမသွားဖြစ်တော့ဘူး။ ညနေခင်းလမ်းလျှောက်ထွက်တဲ့သူဆိုလည်း ဘယ်မှ မသွားနိုင်တောဘူး။ ကလေးနဲ့ အတူရှိတဲ့အချိန်ပိုများလာတော့ ကလေးစားတဲ့ အချိုတွေ ၊ Snacks တွေကို ပိုစားတတ်လဲာကတယ်။ ဒါ့ကြောင့် ကလေးမရခင်နဲ့ရပြီး ယောက်ျားလေးတွေရဲ့ ကိုယ်အလေးချိန်က အရင်ကထက်ပို တက်လာတာပါ” လို့ Dr. Craig F က ပြောကြားခဲ့ပါတယ်။

© Depositphotos.com

Pyi Hein Kyaw

SHARE