ဈေးဝယ်တဲ့အခါ Social Distancing ကို ကျင့်သုံးနေပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံသားများ

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါဟာ တစ်ကမ္ဘာလုံးကလူတွေ ကြောက်လန့်နေကြရတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ မကြာသေးခင်အချိန်ကပဲ WHO (World Health Organization) က COVID 19 ကို ကပ်ရောဂါတစ်ခုအဖြစ် ကြေညာချက်ထုတ်ပြန်လိုက်တဲ့အချိန်မှာတော့ လူတိုင်းလိုလိုဟာ အိမ်ထဲကအိမ်အပြင်ကို မထွက်တော့ပါဘူး။ နိုင်ငံတိုင်းလိုလိုက အစိုးရတွေကလည်း သူတို့နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး Quarantine ချမှတ်တာတို့၊ မြို့ကို lockdown ချတာတို့၊ Social Distancing တို့ အစရှိတဲ့ ကာကွယ်မှုတွေကို ပြုလုပ်နေကြပါတယ်။

ဒီလိုပဲ အိန္ဒိယနိုင်ငံဟာ လက်ရှိမှာ COVID 19 ကူးစက်ရောဂါဖြစ်ပွားတဲ့ လူနာ ၅၅၀ ကျော်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ တစ်နိုင်ငံလုံးကို Lockdown ၂၁ ရက်ချလိုက်ပြီ ဖြစ်ကြောင်း Story Pick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံသားတွေဟာ ဈေးဝယ်ထွက်ရင်လည်း Social Distancing စနစ်ကို မဖြစ်မနေ ကျင့်သုံးဖို့ ချမှတ်လိုက်ပါတယ်။ Social Distancing ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၆ ပေ အကွာမှာနေဖို့ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကိုတော့ အိန္ဒိယမှာရှိတဲ့ လူတော်တော်များများ စတင်ကျင့်သုံးနေတာကို တွေ့နေရပြီပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE