အင်တာနက်ပေါ်မှာ လူစိတ်ဝင်စားမှု များနေတဲ့ ဒေါ်လာ(၂,၂၀၀)တန် ဖိနပ်

Maison Margiela

လူတော်တော်များများကတော့ ဖိနပ်အကောင်းစားတွေ ဝယ်ယူစုဆောင်းရတာ တော်တော်ဝါသနာပါကြပါတယ်။ ဖိနပ်တစ်ရံဟာ သိန်းထောင်ပေါင်းများစွာ တန်ဖိုးရှိနေရင်တောင်မှ တကယ်ကို ချမ်းသာတဲ့ လူတွေက အဲဒီဖိနပ်တစ်ရံအတွက် နှမျောလေ့မရှိကြပါဘူး။ ဒါပေမယ့် အခုလက်ရှိ ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားနေတဲ့ ဒေါ်လာ၂၂၀၀( မြန်မာငွေ သိန်း ၃၀ကျော်) တန် ဖိနပ်ကတော့ လူတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတယ်လို့ Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Maison Margiela

Maison Margiela Black Fusion Low Sneakers တွေရဲ့ ဒီဇိုင်းကတော့ တစ်ခြားဖိနပ်တွေရဲ့ ဒီဇိုင်းနဲ့ မတူဘဲ တော်တောထူးခြားလှပါတယ်။ အဲဒီလို ထူးခြားတဲ့ ဒီဇိုင်းနဲ့ အဆိုပါ ဖိနပ်ရဲ့ ဈေးနှုန်းကြောင့်ပဲ လူစိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ အဲဒီနပ်တွေရဲ့ ထူးခြားတဲ့ဒီဇိုင်းကတော့ ပုံထဲမှာမြင်ရတဲ့အတိုင်းပါပဲ။ တစ်စုံတစ်ခု ဥပမာ- ဖယောင်းတွေ၊ အပြင်းစားကော်တွေက ဖိနပ်မျက်နှာပြင်ပေါ်မှာ အရည်ပျော်ကြနေတဲ့ effect ပုံစံကိုတွေ့ကြရမှာ ဖြစ်ပါတယ်။

READ
ကွယ်လွန်သွားတဲ့ခင်ပွန်းမျက်နှာကို အခြားလူတစ်ယောက်ဆီမှာ အလွမ်းပြေတွေ့ခွင့်ရခဲ့သူ
Maison Margiela

လူတော်တော်များများကတော့ အဆိုပါ ဖိနပ်တွေဟာ ဒေါ်လာ ၂၂၀၀ နဲ့ မတန်ကြောင်း၊ အရည်ပျော်ကြနေတဲ့ ဒီဇိုင်းပုံစံက သုတ်ရည်တွေနဲ့ တူနေကြောင်း ဆိုရှယ်မီဒီယာအသုံးပြုသူတွေက ဝေဖန်ခဲ့ကြပါတယ်။

 

နောက်ထပ် ပုံစံဒီဇိုင်းအဆန်းနဲ့ ထွက်လာတဲ့ ဖိနပ်ကတော့ KFC နဲ့ Croscs တို့ ပူးပေါင်းပြီး ထုတ်လိုက်တဲ့ KFC x Croscs ဖိနပ်ပဲဖြစ်ပါတယ်။ ဖိနပ်တစ်ခုလုံးမှာတော့ KFC တံဆိပ်ထဲကလို အနီနဲ့ အဖြူရောင်ကိုသာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဖိနပ်ရဲ့ထူးခြားချက်ကတော့ ဖိနပ်မှာ ကြက်ကြော်ပုံ စတေကာကြီးပါနေတဲ့အပြင် ဖိနပ်ပေါ်မှာပါ ကြက်ပေါင်တစ်ချောင်းတင်ထားတာ ဖြစ်ပါတယ်။ ဖိနပ်ရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၆၀ ဖြစ်ကြောင်း သိရှိရပါတယ်။

READ
လေပြင်းမုန်တိုင်းကြောင့် ရေခဲဆူနာမီဖြစ်ပေါ်နေတဲ့ နယူးယောက်က အဖြစ်
Crocs

Pyi Hein Kyaw

SHARE