တစ်ချိန်က အရမ်းအောင်မြင်ခဲ့တဲ့ Hollywood မင်းသမီးချော ၅ ယောက်

ig/@jessicalangeph

တစ်ချိန်က အရမ်းကို လှပခဲ့သလို၊ အရမ်းကိုလည်း အောင်မြင်ခဲ့ကြဖူးတဲ့ မင်းသမီးတွေကတော့ ခုချိန်မျာ အသက်အရွယ်ရနေကြပါပြီ။ အရမ်းကို ပြီးပြည့်စုံတယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ ဒီမင်းသမီးချောတွေဟာ ခုချိန်ထိကို လူတွေကြားထဲမှာ သူတို့ရဲ့ အောင်မြင်လှပခဲ့မှုတွေက ပြောစမှတ်ပြုနေကြဆဲပါ။ အသက်အရွယ်ဆိုတာကတော့ ဘယ်သူမှ ကျော်လွှားလို့မရတဲ့ အရာဆိုတာကို သူတို့တွေက ဖော်ပြနေပါတယ်နော်။ သူတို့တွေက  Hollywood ရဲ့ တစ်ချိန်က super star မင်းသမီးချောတွေပဲ ဖြစ်ကြပါတယ်။

Diane Keaton

ig/@dianekeatonluv

Diane Keaton ဟာ ဆယ်စုနှစ်သုံးခုထက်ကို role model တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမက မိန်းကလေးတွေဟာ ဘဝတစ်ခုလုံး လှပနိုင်ပြီး ဘယ်လိုအသက်အရွယ်မျိုးမှာမဆို အောင်မြင်မှုကို ရနိုင်တယ်ဆိုတာကို ပြသခဲ့သူပါ။ သူမက L’OREAL ကြော်ငြာရဲ့ ပထမဆုံး မျက်နှာဖုံးပိုင်ရှင်ဖြစ်ခဲ့သလို 1970s – 1980s မှာ လူကြိုက်အများဆုံး မင်းသမီးတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

READ
နေရောင်အောက်မှာ ရှုမဝအောင်လှနေတဲ့ ပုံရိပ်တွေတင်လိုက်တဲ့ နေခြည်ဦး

Sharon Stone

ig/@sharonstone

၉၀ ရာစုရဲ့ sexy အကျဆုံး သတ်မှတ်ခံခဲ့ရသလို ဟောလီးဝုဒ်ရဲ့ အရမ်းကို နာမည်ကြီးတဲ့ မင်းသမီး ဖြစ်ခဲ့တဲ့ Sharon Stone ဟာ ပြီးခဲ့တဲ့ မတ်လမှာတော့ သူမရဲ့ 62 နှစ်ပြည့်မွေးနေ့ကို ကျင်းပခဲ့ပါတယ်။ သူမဟာ ခုချိန်ထိ ဖက်ရှင်ကျ လှပနေဆဲဖြစ်သလို ငယ်ရွယ်တုန်းကလည်း fashion branded များစွာကို ကြေညာခဲ့ဖူးပါတယ်။ သူမက မော်ဒယ်လောရဲ့ လူတိုင်းအားကျရတဲ့ သူတစ်ယောက် ဖြစ်ခဲ့သူပါ။

Charlotte Rampling

ig/@CharlotteRampling

72 နှစ်အရွယ် ဗြိတိန်မင်းသမီးကြီး Charlotte Rampling ဟာ ‌မော်ဒယ်၊ အဆိုတော်အလုပ်တွေမှာပါ အောင်မြင်ခဲ့သူ တစ်ယောက်ပါ။ သူမက NARS အလှကုန်ကို ပထမဆုံး ကြော်ညာခွင့်ရခဲ့သူ ဖြစ်သလို သူမကြော်ညာတဲ့ ဒီပစ္စည်းဟာ အရမ်းကိုလည်း အောင်မြင်ခဲ့ပါတယ်။

Jane Fonda

ig/@janefondalovers

ကျန်းမာပြီး ကြံခိုင်လှပတဲ့ Jane Fonda ကတော့ သူမရဲ့ ပရိတ်သတ်တွေကို အမြဲတမ်း ကျန်းမာတဲ့ နေထိုင်မှုပုံစံဖြစ်ဖို့ တွန်းအားပေးတတ်သူ တစ်ယောက်ပါ။ ဒါကြောင့်ပဲ သူမရဲ့ ပုံစံဟာ ခုအသက်အရွယ်ထိတိုင်ကို လှပကျန်းမာနေဆဲပါ။ အသက်အရွယ် 82 နှစ်ရှိပြီဖြစ်တဲ့ သူမကတော့ တကယ့်ကို အရွယ်တင်နုပျိုနေဆဲပါနော်။ သူမဟာလည်း ဟော်လီးဝုဒ်ရဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ခဲ့သလို L’Oreal ရဲ့ ပြန်လည်နုပျိုခြင်း အလှကုန်ကို ကြော်ညာပေးခဲ့သူပါ။

READ
Romantic ဇာတ်ကားကြိုက်သူတိုင်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားများ

Jessica Lange

ig/@jessicalangeph

Jessica Lange ဟာ ၈၀ ရာစု အမေရိကန်နိုင်ငံရဲ့ ကျက်သရေအရှိဆုံးနဲ့ အလှဆုံးအဖြစ် သတ်မှတ်ခံရသူပဲ ဖြစ်ပါတယ်။ သူမဟာ အရမ်းကို လှပပြီး အထင်ကြီးဖွယ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်ပြီး သူမကို fashion guru တွေကတောင် သတိမထားမိပဲ မနေနိုင်ပါဘူးတဲ့။ သူမက ဟောလီးဝုဒ်ရဲ့ super star တစ်ယောက်ဖြစ်ခဲ့ပြီး များစွာသော နာမည်ကြီးအလှကုန်တွေရဲ့ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

Khin

SHARE