လေ့ကျင့်ခန်းကို ခုံမင်ပြီး Body အမိုက်စားကို ပိုင်ဆိုင်ထားတဲ့ ဆယ်လီများ

Image:Fb/Thandar Hlaing/Awn Seng /Thinzar

Body transformation ၊အရမ်းမိုက်တဲ့ Body အလန်းလေး ဖြစ် အောင် လေ့ကျင့်ခန်း လုပ်ပြီး ပြောင်း လဲ ပစ်မယ် ဆိုတာ မျိုးက  အပြော လွယ် ပေမယ့် တကယ်လုပ်မယ်ဆိုရင်တော့ ခက် ပါတယ်။ဒါ ကြောင့် လည်း Body အမိုက် စား ရ အောင် လုပ်မယ်ပြောပြီး တကယ့်လက်တွေ့ မှာ ဖြစ်အောင် မလုပ်နိုင်တဲ့ လူတွေ များနေတာပါ။ကျန်းမာရေးနဲ့ ညီ ညွတ် ၊ ကျစ် လစ်လှပ အချိုးကျ တဲ့ Body မျိုး ကို  ရ အောင် လုပ်ဖို့ ဆိုတာက တကယ် တမ်း တော့ ခက်ပါ တယ်။ ဇွဲ လည်းရှိမှ လည်း ရတာပါ။လေ့ ကျင့်ခန်းလုပ်ရတာကို ခုံမင်ပြီး ကျစ်လစ်ကျန်းမာလှပတဲ့ အချိုးအစားကို ပိုင်ဆိုင်ထားသူတွေ ကတော့….

#အေးမြတ်သူ

Image:IG/Aye Myat Thu

မင်းသမီး အေးမြတ်သူ ကလည်း Body အလှအ ပ ကို ဂရုစိုက်တဲ့ အနုပညာရှင်တွေ ထဲက တစ်ယောက်ပါ။သူမရဲ့ ကျစ် လစ်လှပတဲ့ body ကို  ထိန်းထားနိုင်ပါတယ်။လေ့ကျင့်ခန်းကို ဘယ်လောက် ထိ ထိ ကြိုးကြိုးစားစား ဇွဲ ကောင်း ကောင်းနဲ့ လုပ်လဲ ဆိုတာကို တော့ သူမရဲ့ လေ့ကျင့်ခန်း လုပ်နေတဲ့ ပုံတွေ နဲ့ ဗီဒီယိုဖိုင် တွေ ကို ကြည့်ရင် သိနိုင်ပါတယ်။

 

View this post on Instagram

 

#တချို့နာကျင်မှု့တွေကစွဲမက်စရာကောင်းတယ်

A post shared by Myat Lay (@myatlay8686) on

#စံရတီမိုးမြင့်

Image:Fb/San Yati Moe Myint

စံရတီမိုးမြင့် က တော့ အရင်တုန်းက ၀၀ ပြည့်ပြည့် လေးပါ။အဲ့ဒီ က နေ ဇွဲရှိရှိနဲ့ လေ့ကျင့်ခန်းတွေ လုပ်ရင်း ၀ိတ် ချ ခဲ့ပါတယ်။အခုဆိုရင်တော့ အဆီပို မရှိတဲ့ ကျစ်လစ် လှပတဲ့ Body လေးကို ပိုင် ဆိုင် နေပါပြီ။အရင်က Body မျိုး နဲ့ လုံးဝ ခြားနား သွားတဲ့ လက်ရှိ Body မျိုးကို ရ အောင် ဇွဲရှိရှိနဲ့ ကြိုးစားခဲ့တာပါ။

 

View this post on Instagram

 

Still in process

A post shared by San Yati Moe Myint (@sanyatimoemyint) on

#မယ်လိုဒီ

Image:Fb/Melody Myo

အမျိုးသမီး တိုင်းက အသက်(၃၀)နားနီးလာရင် ၀ လာတတ်ကြတာ သ ဘာဝပါ။အိမ်ထောင်သည် အမျိုးသမီး တွေ က Body ၀ိတ်ကို ထိန်းရတာပို ခက်ပါတယ်။အသက် ကလည်း (၃၀) ကျော် ၊သားသမီးလည်း မွေး ထား ရဲ့ သား နဲ့ Bo dy အလှ အပကို ထိန်းထားနိုင်ရင်တော့ အဲ့ဒီ အမျိုးသမီးက နေထိုင်စားသောက်မှု ပုံစံကို ချီးကျူး ရမှာပါ။ မယ်လို ဒီ က သားလေးမွေးပြီး အစ ပိုင်းမှာ ၀ိတ် တက်လာပေမယ့် အခုဆိုရင် တော့ လုံးဝ ကို ကျစ်လစ်လှပ တဲ့ Body မျိုးကို ပြန် ရ အောင် လုပ်ပြနိုင်ခဲ့ပါတယ်။Gym တွေ သွားကစားမှ မဟုတ်ပါဘူး။က လေး အ မေ ဆို ပေမယ့် လည်း အိမ်မှာ နေရင်းလည်း ဇွဲရှိရှိနဲ့ လေ့ကျင့်ခန်းတွေ လုပ်ရင် ကျစ်လစ်လှပ နိုင်တယ်ဆိုတာကို တော့ မယ်လိုဒီက သက်သေ ပြထား ပါတယ်။သူမရဲ့ Fb မှာဆို ရင်လည်း လေ့ကျင့်ခန်းတွေ လုပ်နေတဲ့ ပုံလေးတွေ ဝေမျှ ထားပါတယ်။

READ
Disneyland မှာ ဒိတ်လုပ်ခဲ့တဲ့ Selena Gomez နဲ့ The Weeknd
Image:Fb/Melody Myo

#သင်ဇာဝင့်ကျော်

Image:IG/thinzar Wint Kyaw

သင်ဇာ ကတော့ Stay Home ကာ လ မှာ Body အမိုက်စားကို ရ အောင် အရမ်းကို ကြိုးစား နေပါတယ်။အခုဆိုရင် တော့ Muscle တွေ တောင်မှ တွေ့ နေရပါပြီ။အပြင်းစား လေ့ကျင့်ခန်းတွေ ကို လုပ်နေတဲ့ သူမရဲ့ ပုံရိပ်တွေ ကိုတော့ Fb နဲ့ IG မှာ ပုံမှန် ဝေမျှ လေ့ရှိပါတယ်။ကပ် ဘေး ကာလမှာ Gym တွေ ကိုပဲ ကြိုးစားပြီး ဆော့ နေတာကို တွေ့ ရပါတယ်။

 

View this post on Instagram

 

A post shared by THIN ZAR WINT KYAW (@thinzarwintkyaw) on

#အောန်ဆိုင်း

Image:IG/Awn Seng

ကျစ်လစ်လှပပြီး လုံးဝ အမိုက်စား Body မျိုးကို ပိုင်ဆိုင်ထားတဲ့ စူပါ မော်ဒယ် အောန် ဆိုင်းပါ။အောန်ဆိုင်း ကတော့ အားကစားနဲ့ ပတ်သက်လာရင် တော်တော်လေး ရူးသွပ်တာကို တွေ့ရပါတယ်။သူမရဲ့ IG မှာဆိုရင် တော့ ခရီးသွားတဲ့ ပုံတွေ၊လေ့ကျင့်ခန်း လုပ်နေတဲ့ ပုံတွေ အများကြီး ကို တွေ့ရမှာပါ။Stay Home ကာလမှာလည်း အိမ်မှာ အလွယ် တကူ လိုက်လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ဗီဒီယိုဖိုင်လေးတွေကို ရိုက်ကူးပြီး သူမရဲ့ FB မှာ ဝေမျှထားပါတယ်။

READ
အမိုက်စား ဓါတ်ပုံတွေကို ထုတ်ပြလိုက်တဲ့ ကလေးနှစ်ယောက်မေမေ ချောရတနာ

#သန္တာလှိုင်

Image:Fb/Thandar Hlaing

မြန်မာနိုင်ငံရဲ့ နာမည်ကြီး စူပါ မော်ဒယ် သန္တာလှိုင်က တော့ Body အလှအပ နဲ့ ပတ်သက်ပြီး အကြံပြု ပေး နေသူ ဖြစ်ပြီး T Fitness Gym နဲ့ အခုဆိုရင်တော့ T Fitness  App ကိုပါ ဖန်တီးထားသူပါ။က လေး နှစ် ယောက်  မေ မေ ပါ။အမျိုးသမီးတွေ က လေးမွေး ပြီး ရင် မလှ တော့ ဘူးဆိုတဲ့ အယူအဆ ဟောင်းတွေကို တွန်းလှန် နေပြီး ဘယ် အသက် အရွယ်ပဲ ရောက်ရောက် Body ကျန်းမာ ကြံ့ ခိုင်လှပ ရေးကို ဂရုစိုက် သင့် ကြောင်း တိုက် တွန်း အကြံ ပေး နေသူပါ။သူမကိုယ်တိုင်လည်း အမျိုးသမီးတိုင်းအားကျ ရတဲ့ အဆီပို မရှိတဲ့ အမိုက်စား Body မျိုးကို ပိုင်ဆိုင် ထားသူပါ။

 

View this post on Instagram

 

A post shared by Thandar Hlaing (@thanda.hlaing) on

#SHWEMOM

SHARE