တရုတ်နိုင်ငံရဲ့ နာမည်အကြီးဆုံး ကမ္ဘာကျော်စူပါမော်ဒယ်(၅)ယောက်

[email protected] [email protected] [email protected]

အာရှတိုက်မှာလည်း ကမ္ဘာကျော်မော်ဒယ်ပေါင်း များစွာရှိပါတယ်။ အာရှတိုက်က မော်ဒယ်တွေ ဘယ်လောက်တောင် နာမည်ကြီးသလဲသိချင်ရင် New York, Paris, Milan အစရှိတဲ့ မြို့တွေမှာ ကျင်းပလေ့ရှိတဲ့ Weekly Fashion Shows တွေ ကြည့်ကြည့်ပါ။ အဲဒီဖက်ရှင်ပွဲတွေမှာ ပါဝင်ပြသလေ့ရှိတဲ့ မော်ဒယ်တော်တော်များများဟာ အာရှတိုက်က မော်ဒယ်တွေ အများဆုံးပါပဲ။ အဲဒီအာရှတိုက်က မော်ဒယ်တွေထဲမှာမှ လူသိအများဆုံး၊ ကမ္ဘာအကျော်ဆုံး၊ စူပါစတားအဖြစ်ဆုံး မော်ဒယ် ၅ ယောက်ကတော့ တရုတ်နိုင်ငံက မော်ဒယ်တွေဖြစ်ကြောင်း Scmp သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

၁။ Liu Wen

Liu Wen ဟာ ၂၀၁၄ ခုနှစ်က Forbes မဂ္ဂဇင်းရဲ့ စစ်တမ်းအရဆိုရင်တော့ တရုတ်နိုင်ငံရဲ့ ၀င်ငွေအကောင်းဆုံး မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ Liu ရဲ့ ဝင်ငွေဟာ တစ်နှစ်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇ သန်း အထက်မှာ ရှိပါတယ်။ Liu ဟာ Victoria’sSecret က ပထမဆုံး စတင်အသုံးပြုတဲ့ Asian မော်ဒယ်တစ်ဦးဖြစ်ရုံသာမက American Vogue မဂ္ဂဇင်းရဲ့ Cover မှာ ပထမဦးဆုံး ဖော်ပြခြင်းခံရတဲ့ တရုတ်မော်ဒယ်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Estee lauder မိတ်ကပ် ကုမ္ပဏီက ပထမဦးဆုံး စတင်အသုံးပြုခဲ့တဲ့ Asian မော်ဒယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။

၂။ Fei Fei Sun

Fei Fei Sun ကတော့ Itlay နိုင်ငံက ဖက်ရှင် ကုမ္ပဏီတော်တော်များများရဲ့ Icon တစ်ခုအဖြစ်တောင် တင်စားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အီတလီနိုင်ငံမှာ ပြုလုပ်တဲ့ Fashion Show တော်တော်များများမှာ Fei Fei က ပွဲတိုင်းကျော် မော်ဒယ်တစ်ယောက်ပါပဲ။ ဖက်ရှင်မဂ္ဂဇင်း (၄၀) ကျော်မှာ Cover artist အဖြစ် အမြဲလိုလို ဖော်ပြခံခဲ့ရသလို သူမ လျှောက်ခဲ့တဲ့ ဖက်ရှင်ရှိုးပွဲတွေဟာ ပွဲ (၄၀၀၀ ကျော် ရှိပြီ ဖြစ်ပါတယ်။ နောက်ဆုံးလျှောက်ခဲ့တဲ့ ဖက်ရှင်ရှိုးကတော့ လွန်ခဲ့တဲ့ (၂၀၂၀)ခုနှစ် ဇန်နဝါရီလက Valentino ဖက်ရှင်ကုမ္ပဏီက ကျင်းပခဲ့တဲ့ ဖက်ရှင်းရှိုးပဲ ဖြစ်ပါတယ်။

READ
အောင်ရဲလင်းရဲ့ ရှုတင်အတွက် ပြင်ဆင်ပေးရင်း ပျော်နေတဲ့ မထက်

၃။ Du Juan

Du Juan ဟာ (၂၀၀၅) ခုနှစ်မှာ Vogue မဂ္ဂဇင်းက ကျင်းပတဲ့ ဖက်ရှင်ရှိုးမှာ နာမည်ကြီးမော်ဒယ်တစ်ဦးဖြစ်တဲ့ Gemma Ward နဲ့ အတူတူ တွဲလျှေက်ခဲ့တဲ့ ပထမဦးဆုံး Asian မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။ အဲဒီ ၂၀၀၅ ခုနှစ်ကစပြီး ဘယ်ဂျီယံနိုင်ငံရဲ့ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Diane von Furstenberg နဲ့ Du Juan တို့ လက်တွဲခဲ့ပြီး Diane ချုပ်တဲ့ ဖက်ရှင်တွေကို ဝတ်ပြရတဲ့ ပင်တိုင်မော်ဒယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ (၂၀၁၃) ခုနှစ်မှာတော့ ဖက်ရှင်လောကက အနားယူခဲ့ပြီး ရုပ်ရှင်လောကထဲ ဝင်သွားခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီး (၉)ကားလောက်ရိုက်ပြီး (၂၀၁၉) ခုနှစ် Beijing မှာ Valentino ဖက်ရှင်ကုမ္ပဏီက ပြုလုပ်တဲ့ ဖက်ရှင်ပွဲမှာ စင်ပေါ်ပြန်တက်လာခဲ့ပါတယ်။

၎။ Xiao Wen Ju

Xiao Wen Ju ကတော့ အမေရိကန်နိုင်ငံရဲ့ နာမည်အကြီးဆုံး ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Marc Jacobs ရဲ့ ပင်တိုင်မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ (၂၀၁၉) ခုနှစ်မှာ Nike ရဲ့ Brand Ambessdor တစ်ဦး ဖြစ်ခဲ့ရုံသာမက တရုတ်နိုင်ငံရဲ့ မော်ဒယ်လောကမှာ ဒုတိယ ဝင်ငွေအများဆုံး မော်ဒယ်တစ်ဦးလဲ ဖြစ်ပါတယ်။ မဂ္ဂဇင်း (၄၁) ခုရဲ့ Cover Artist ဖြစ်ခဲ့ရုံသာမက မော်ဒယ်ရှိုးပေါင်း (၃၀၀) ကျော် လျှောက်ခဲ့တဲ့ စူပါမော်ဒယ်တစ်ဦးလဲ ဖြစ်ပါတယ်။

READ
အကောင့်ဟက်ခံထားရတဲ့ ကိုပေါက်နဲ့ ဇွန်သံဇဉ်

၅။ He Sui

View this post on Instagram

#vvvshanghai

A post shared by 何穗 sui he (@hesui923) on

He Sui ကတော့ Victoria’s Secret က စတင်အသုံးပြုခဲ့တဲ့ ဒုတိယမြောက် Asian မော်ဒယ်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ပရိသတ်အများဆုံး မော်ဒယ်တစ်ယောက်ဖြစ်ပြီး Instagram မှာ followers  (၂) သန်းနီးပါးရှိတဲ့ မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။ Ralph Lauren ဖက်ရှင်ကုမ္ပဏီက ပြုလုပ်တဲ့ မော်ဒယ်ရှိုးတွေမှာ ပထမဦးဆုံး စတင်အသုံးပြုခဲ့တဲ့ Asian မော်ဒယ်တစ်ယောက်ဖြစ်ပြီး နိုင်ငံတကာဖြန့်ချီတဲ့ ဖက်ရှင်မဂ္ဂဇင်းပေါင်း (၃၈) အုပ်မှာ Cover Model အဖြစ် ဖော်ပြခြင်း ခံခဲ့ရပါတယ်။

Pyi Hein Kyaw

SHARE