မကြာခင်မှာတော့ ချစ်သူများနေ့ဆိုတော့ Valentine’s Day က ကျရောက်တော့မှာပါ။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီ လ (၁၄)ရက်နေ့ကို Valentine’s Day နေ့အဖြစ် သတ်မှတ်ပြီး အဲ့ဒီနေ့မှာ ကိုယ်ချစ်ခင်ရတဲ့ သူတွေကို ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာတွေကို ဖော်ပြတဲ့ အနေနဲ့ လက်ဆောင်တွေ ပေးကြပါတယ်။ လက်ဆောင်တွေ ကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘာပေးလို့ပေးရမှန်းမသိဖြစ်နေတယ်ဆိုရင်တော့ Valentine’s Day မှာ ရေပန်းအစားဆုံး လက်ဆောင် လေးတွေရှိပါတယ်။ အဲ့ဒါတွေကတော့………………………
#ပန်း

နှစ်တိုင်းပန်းတွေပဲ လက်ဆောင်ပေးနေရတယ်ဆိုပြီး ရိုးတယ်လို့တော့ မထင်ပါနဲ့။ ပန်းဆိုတာကတော့ တစ်စုံတစ်ယောက် အပေါ်ထားတဲ့ ကိုယ့်ရဲ့ ချစ်ခင်နှစ်သက်မှုကို ဖော်ပြလို့ အကောင်းဆုံးအရာတစ်ခုပါ။ ပန်းတွေကတော့ အမျိုးမျိုး ရှိပါတယ်။အဲ့ဒီအထဲကမှ Valentine’s Day အတွက် အသင့်တော်ဆုံး ပန်းကို ရွေးပါဆိုရင်တော့ အနီရောင် နှင်းဆီပါ။ ချစ်သူက အနီရောင်နှင်းဆီကို မကြိုက်ရင်တော့ တခြားလှပတဲ့ ပန်းတွေ အများကြီးကို ရွေးပေးလို့ရပါတယ်။ ဒါပေမယ့် မိန်းကလေးအများစု V day မှာ မျှော်လင့်နေတဲ့ ပန်းကတော့ အနီရောင်နှင်းဆီပန်းပါ။
#၀က်ဝံရုပ်အကြီးကြီး

နောက်ထပ် အကောင်းဆုံးလက်ဆောင်ကတော့ ၀က်ဝံရုပ်အကြီးကြီးပါ။ ဒီလိုနေ့မျိုးမှာ အရုပ်လက်ဆောင် ပေးမယ်လို့ စဉ်းစားထားရင်တော့ ၀က်ဝံရုပ်က အကောင်းဆုံးပါ။ အရွယ်အစားသေးတဲ့ ၀က်ဝံရုပ်ထက်စာရင် အရွယ်စား ကြီးတဲ့ ၀က်ဝံရုပ်ကြီးတွေကို ပေးသင့်ပါတယ်။ ၀က်ဝံရုပ်ကြီးတွေနဲ့ V day ကတော့ လုံးဝခွဲခြားလို့မရပါဘူး။
#ဆွဲကြိုး

လက်ဝတ်ရတနာတွေထဲက တစ်ခုခုကို ရွေးမယ်ဆိုရင်တော့ ဆွဲကြိုးကို ပိုပြီး ရွေးစေချင်ပါတယ်။ တကယ်လို့များ လက် ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ထားတာမျိုးမဟုတ်ရင်တော့ လည်ဆွဲအစား လက်စွပ်က ပိုပြီးသင့်တော်ပါတယ်။ ဒါပေမယ့် ဒီလို နေ့မျိုးမှာ ပေးမယ့် ဆွဲကြိုးကတော့ ပုံမှန်မြင်တွေ့နေကျဆိုတာထက် တစ်ခုခု အမှတ်တရ ပါတဲ့ ဆွဲကြိုးမျိုး…ဥပမာ ချစ်သူရဲ့ နာမည်မှာပါတဲ့ အင်္ဂလိပ်အက္ခရာပုံတဲ့ ဆွဲကြိုးမျိုး (ဒါမှမဟုတ်) ချစ်သူရဲ့ ရာသီခွင် ကို ကိုယ်စားပြုတဲ့ ဆွဲကြိုးမျိုး က ပိုပြီး သင့်တော်ပါတယ်။
#Hand Bag

ကိုယ့်ချစ်သူက လက်ရှိမှာလည်း အလုပ်လုပ်ကိုင်နေတဲ့ Business Lady လေးဆိုရင်တော့ အပေါ်မှာ ပြောထားတဲ့ ၀က်ဝံရုပ်ကြီးအစား သူမအတွက်လည်း တကယ်ပဲ အသုံးဝင်မယ့် လက်ဆောင်မျိုးကို ပေးသင့်ပါတယ်။ လုံးဝကို Classic ဖြစ်တဲ့ Hand Bag မျိုးကို လက်ဆောင်အဖြစ် ပေးသင့်ပါတယ်။
#Cosmetic

နောက်ထပ်လက်ဆောင်ကတော့ Cosmetic ပါ။ ချစ်သူလေးကို လှလှလေးဖြစ်စေချင်တယ်ဆိုရင်တော့ Cosmetic Sets လိုက် လက်ဆောင်ပေးလို့ရပါတယ်။ သူမသုံးနေကျ Brand၊ ကြိုက်တတ်တာလေးတွေကို ပေးမယ်ဆိုရင်တော့ သေချာပေါက်လုံးဝအရမ်းကို ပျော်သွားမှာပါ။
#လက်ပတ်နာရီ

နောက်တစ်ခုကတော့ လက်ပတ်နာရီပါ။ ချစ်သူအတွက် Classic ဖြစ်တဲ့ လက်ဆောင်ကို ပေးချင်တယ်ဆိုရင်တော့ လက်ပတ်နာရီပါ။ စုံတွဲလက်ပတ်နာရီလေးဆိုရင်တော့ အကောင်းဆုံးပါ။
#Dinner Date

နောက်ဆုံးအနေနဲ့ အကြံပေးချင်တဲ့ အကောင်းဆုံးအရာကတော့ Dinner Date ပါ။ ဆိုင်ကောင်းကောင်းကို ခေါ်သွားပြီး နှစ်ယောက်တည်း ပျော်စရာကြည်နူးစရာအချိန်လေးကို အတူဖြတ်သန်းလိုက်ပါ။
#Shwemom