အမေရိကန်သမိုင်းမှာ လူအများဆုံးသတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမား ကွယ်လွန်

www.fbi.gov

အမေရိကန်သမိုင်းမှာ လူအယောက်၆၀နီးပါးကို သတ်ဖြတ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သူ လူသတ်သမား Samuel Little ဟာ ကယ်လီဖိုးနီးယားမှာ ဗုဒ္ဓဟူးနေ့တုန်းက ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ သူဟာ ဆီးချိုဝေဒနာသည်တစ်ဦးဖြစ်ကာ နှလုံးရောဂါလည်းရှိတဲ့အပြင် ဖျားနာနေခဲ့တာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း insider အရ သိရပါတယ်။

ရာဇဝတ်ကောင် Little ကိုတော့ လူသတ်မှုပေါင်းများစွာကို ကျူးလွန်မှုနဲ့ တစ်သက်တစ်ကျွန်းချခဲ့တာဖြစ်ပါတယ်။ သူဟာ ထောင်ထဲကို အကြိမ်ကြိမ်ဝင်ချည်ထွက်ချည်ပြုလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူသတ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ပတ်သက်ပြီး ပြစ်မှုတွေကိုဝန်မခံဘဲ နှစ်ပေါင်းများစွာငြင်းဆန်နေခဲ့သူလည်း ဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာတော့ Little ဟာ ၁၉၇၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ကြား လူပေါင်း ၉၃ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ လူသတ်မှုဖြစ်စဉ်နေရာအများစုက ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ဖြစ်ပါတယ်။

READ
ဆေးရုံက အဖက်မတန်သလို ဥပေက္ခာပြုခဲ့လို့ လမ်းပေါ်မှာ ကလေးမွေးခဲ့ရတဲ့ ကောင်မလေး
fbi.gov

Little ရဲ့ သားကောင်အများစုဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ အများစုဟာ ပြည့်တန်ဆာတွေ၊ မူးယစ်ဆေးစွဲနေသူတွေနဲ့ ချို့တဲ့နွမ်းပါးသူတွေဖြစ်ပါတယ်။ သူ့ရဲ့သားကောင်တွေက တစ်သီးတစ်ခြားနေထိုင်သူတွေပါ။ လူသေမှုဖြစ်တဲ့အခါ သူတို့ကိုသိကျွမ်းတဲ့လူ အနည်းငယ်ပဲရှိလို့ ရဲတွေအဖို့ သက်သေတွေစုံစမ်းရမှာ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့်လည်း Little သတ်ခဲ့တဲ့လူသတ်မှုတွေကို ရဲတွေက အက်ဆီးဒင့်နဲ့သေတာ၊ မူးယစ်ဆေးလွန်တာ၊ တခြားမသိနိုင်တဲ့အကြောင်းရင်းတစ်ခုကြောင့်သေဆုံးတာ စတဲ့ သာမန်လူသေမှုတွေအဖြစ် သတ်မှတ်ခဲ့တာပါ။

သူ့ရဲ့သားကောင်အများစုကိုတော့ Little က လည်ပင်းညှစ်သတ်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်က နိုက်ကလပ်တစ်ခုမှာ သူတွေ့ခဲ့တဲ့အမျိုးသမီးကိုတော့ သူက ရေနှစ်သတ်ခဲ့တာပါ။ အရင်တုန်းက လက်ဝှေ့ထိုးသမားဖြစ်ခဲ့ပြီး သူ့ရဲ့ကြီးမားသန်စွမ်းတဲ့ လက်တွေကို သားကောင်တွေရဲ့လည်ပင်း ညှစ်သတ်ဖို့အသုံးချခဲ့တဲ့ Little ဟာ အသက်၈၀အရွယ်မှာတော့ ဝှီးချဲလ်နဲ့သွားလာနေခဲ့ရတာဖြစ်ပါတယ်။

Little ဟာ သူ့ရဲ့လူသတ်မှုဖြစ်စဉ်တွေကို တက္ကဆက်ကကွန်မန်ဒို James Holland ဆီ အားလုံးဖွင့်ပြောကာ ဝန်ခံခဲ့ပါတယ်။ Little ဟာ ၁၉၇၀ ခုနှစ် နှစ်သစ်ကူးအကြိုည မီယာမီကနေ စတင်လူသတ်ခဲ့တာဖြစ်ပါတယ်။ သူနောက်ဆုံးအနေနဲ့ လူသတ်ခဲ့တာကတော့ မစ္စစပီ တူပီလိုမြို့မှာ ၂၀၀၅ ခုနှစ်ကဖြစ်ပါတယ်။ “လူသတ်တာက မူးယစ်ဆေးသုံးတာနဲ့တူပါတယ်။ ဒီအရသာကို ကျွန်တော်ကြိုက်လာတယ်။ ကျွန်တော်ကြိုက်လို့လုပ်ခဲ့တဲ့အရာတွေကို နောက်ထပ်လုပ်နိုင်တဲ့သူရှိမယ်မထင်တော့ဘူး။ ဒီကမ္ဘာမှာကျွန်တော်တစ်ယောက်တည်းပဲရှိလိမ့်မယ်။ ဒါ ဂုဏ်ယူစရာတော့မဟုတ်ဘူး။ ဒါ ကျိန်စာပဲ။” လို့လည်း သူမသေခင်ပြောသွားခဲ့ပါတယ်။

READ
သေတဲ့အထိ အစားမလျှော့နိုင်ဘူးလို့ဆိုလာတဲ့ ပေါင် ၇၀၀ လူသား

ShweMom

SHARE