တတိယကမ္ဘာစစ်ဖြစ်လာခဲ့ရင် စစ်ဘေးရှောင်ဖို့ အသင့်တော်ဆုံး နိုင်ငံ (၅) ခု

Shutterstock

ကမ္ဘာစစ်ကို မှီလိုက်သူတွေရော၊ မမှီလိုက်သူတွေပါ လူသားပေါင်း ထောင်သောင်းချီ သေကျေပျက်စီးခဲ့ရတဲ့ အဖြစ်မျိုး ဘယ်သူမှ ထပ်ဖြစ်ချင်ကြတော့မှာ မဟုတ်ပါဘူး။ တကယ်လို့များ တတိယကမ္ဘာစစ်သာ ဖြစ်လာခဲ့ရင် စစ်ဘေးရှောင်ပုန်းဖို့ အကောင်းဆုံးနိုင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဗဟုသုတသက်သက်အတွက် ကြည့်လိုက်ကြရအောင်နော်။

(၁) Iceland

Elite Readers

ကမ္ဘာ့အငြိမ်းချမ်းဆုံး နံပါတ်(၁) စာရင်းဝင် Iceland ဟာ ဘယ်နိုင်ငံနဲ့မှ နယ်နိမိတ်ခြင်း ထိစပ်မနေတဲ့အတွက် ပထမဦးစားပေးအနေနဲ့ စဉ်းစားသင့်ပါတယ်။ တောင်တန်းထူထပ်တဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့်လည်း တိုင်းတပါးသားတွေရဲ့ ကျူးကျော်မှုတွေ အလွယ်တကူ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။

(၂) ဘူတန်

Elite Readers

ဟိမဝန္တာတောကြီးရဲ့ နက်ရှိုင်းတဲ့နေရာမှာရှိပြီး တောင်တန်းတွေကာရံထားတဲ့ နိုင်ငံဖြစ်တာကြောင့် အခုအချိန်မှာသာ တတိယကမ္ဘာစစ်ဖြစ်ခဲ့မယ်ဆိုရင် သွားရောက်ပုန်းအောင်းသင့်တဲ့ နိုင်ငံလေးပါ။ ဘူတန်အစိုးရဟာလည်း အရင်ကတည်းက နိုင်ငံတိုင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တာကြောင့် ဘာရန်ကိုမှ ပူပန်နေစရာ လိုမယ်မထင်ပါဘူး။

(၃) ဒိန်းမတ်

Elite Readers

ဒိန်းမတ်ဟာလည်း Iceland လို မျိုး တောင်တန်းထူထပ်တဲ့ဒေသဖြစ်ပြီး နိုင်ငံနားမှာရှိနေတဲ့ ရေခဲပြင်တွေဟာ ဖြတ်သန်းသွားလာဖို့ အန္တရာယ်များတာကြောင့် ကျူးကျော်ဝင်ရောက်လာသူတွေကို အဟန့်အတားဖြစ်စေပါတယ်။

READ
လန်ဒန်မြို့လယ်ခေါင်က နွေးထွေးလှတဲ့ တောင်အာဖရိက ဆာဖာရီသစ်အိမ်လေး

(၄) နယူးဇီလန်

Elite Readers

မြေရေအနေအထားကြောင့် သူလည်းပဲ စစ်ဘေးရှောင်သင့်တဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။

(၅) ဆွစ်ဇာလန်

Elite Readers

တောင်တန်းတွေ ထူထပ်တဲ့ဒေသ ဖြစ်တာကြောင့်ပဲ ဆွစ်ဇာလန်ဟာဆိုရင် ဝေဟင်ပေါ်က ဗုံးကြဲတာတောင် တောင်တွေက ဟန့်တားပေးနိုင်တဲ့အစွမ်း ရှိပါတယ်။

Source: Elite Readers

Penny

SHARE