၂၀၁၈ ခုနှစ်အတွက် Google မှာ ရှာဖွေမှုအများဆုံး နာမည် (၁၀) ခု

ဒီလို search engines သာမရှိခဲ့လျှင် ကိုယ်လိုချင်တဲ့ အချက်အလက်တွေကိုအလွယ်တကူ ရှာဖွေဖို့ သိပ်ကိုခက်ခဲနေမှာပဲနော်။ နှစ်တိုင်းနှစ်တိုင်းမှာတော့ Google မှာ လူရှာဖွေမှုအများဆုံးဆိုတာတွေကို အမျိုးအစားအလိုက်ရှိနေမှာပဲနော်။

ဒါဆို ၂၀၁၈ အတွက် Google မှာ ရှာဖွေမှုအများဆုံး ပြိုင်ပွဲ  သို့မဟုတ် လူနာမည် တွေကို ကြည့်လိုက်ရအောင်နော်။

(၁) World Cup

World Cup

၂၀၁၈ အတွက်World Cup ကိုတော့ ရုရှားမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ဇွန်လ (၁၄) ရက်နေ့နဲ့ ဇူလိုင်လ (၁၅) ရက်နေ့အထိ ပြုလုပ်သွားခဲ့ကြပါတယ်။ Europe အရှေ့ပိုင်းဒေသတွေမှာ လက်ခံကျင်းပခဲ့တဲ့ ပထမဦးဆုံးအခေါက်လည်းဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ ဒေါ်လာ (၁၄.၂) မီလီယံကျော်အသုံးပြုခဲ့တဲ့အတွက် တန်ကြေးအကြီးဆုံးပွဲလို့လည်း ဆိုလို့ရပါတယ်။

(၂) Avicii

Instagram

နာမည်အရင်းကတော့ Tim Bergling ဖြစ်ပြီး artist နာမည်ကတော့ Avicii ပါ။ ဆီဒင်ဂီတသမားဖြစ်ပြီး DJ, remixer နဲ့ record producer လည်း လုပ်ကိုင်ပါတယ်။ ၂၀၁၈ ဧပြီလ၊ (၂၀) ရက်နေ့မှာတော့ Muscat,Oman မှာ ကွယ်လွန်ခဲ့ပြီး မေ (၁) ရက်နေ့မှာတော့ မိမိကိုယ်ကိုယ်အဆုံးစီရင်တယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

(၃) Mac Miller

Instagram

Malcolm James McCormick ဟာ ဇန်နဝါရီလ (၁၉) ရက်နေ့ ၁၉၉၂ ခုနှစ်မှာ မွေးဖွားပြီး ၂၀၁၈ စက်တင်ဘာလ (၇) ရက်နေ့မှာပဲသေဆုံးခဲ့ပါတယ်။ အနုပညာနာမည် Mac Miller အနေနဲ့ အဆိုတော်၊ ရပ်ပါနဲ့ record producer အဖြစ်အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး မူးယစ်ဆေးလွန်သွားမှုကြောင့် ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာကျော်အဆိုတော် Ariana Grande နဲ့လည်း လေးလေးနက်နက်တွဲခဲ့ကြပါသေးတယ်။

READ
လူတွေသာ ရေမချိုးတော့ဘူးဆိုရင် ဘာတွေဖြစ်လာမလဲ....

(၄) Stan Lee

Instagram

Comic book ရေးသားဖန်တီးသူ၊ အယ်ဒီတာနဲ့ ထုတ်ဝေသူအဖြစ်လုပ်ကိုင်ခဲ့ပြီး ဆယ်စုနှစ် ၂ စုလောက်အထိ Marvel Comic လောကရဲ့ creative leader အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၁၈ နိုဝင်ဘာလ (၁၂) ရက်နေ့ အသက် (၉၅) နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

(၅) Black Panther

Instagram

၂၀၁၈ ခုနှစ်မှာ Marvel မှ ရုပ်ရှင်အဖြစ်ထွက်ရှိခဲ့တဲ့ comic book character ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ရိုက်ကူးမှုတွေ၊ screenplay အပြင် သရုပ်ဆာင်ပုံ၊ ဝတ်စုံဒီဇိုင်း၊ ထုတ်လုပ်တဲ့ကုန်ကျစရိတ်နဲ့ soundtrack တွေကြောင့် မထင်မှတ်ထားလောက်အောင် ပေါက်မြောက်ခဲ့ပါတယ်။ ဝင်ငွေ (၁.၃၅) ဘီလီယံဒေါ်လာရရှိခဲ့ပြီး US နဲ့ Canada တို့မှာ highest-grossing film အဖြစ်ရပ်တည်ခဲ့ပြီး သမိုင်းတစ်လျှောက်မှာတော့ ဆင့် (၉) နေရာမှာတည်ရှိခဲ့ပါတယ်။

(၆) Meghan Markle

Instagram

Sussex မြို့စားကတော်ဖြစ်နေပြီဖြစ်တဲ့ Meghan ဟာ အနုပညာရှင်ဘဝကနေအနားယူကာ ဗြိတိန်ရဲ့တော်ဝင်မင်းသား Harry ရဲ့ ကြင်ယာတော်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက သူတို့နှစ်ယောက်ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို ကြေငြာခဲ့ပြီး နောက်နှစ် မေလမှာတော့ တရားဝင်လက်ထပ်ခဲ့ပါတယ်။

(၇) Anthony Bourdain

Instagram

Anthony Bourdain ဟာ အမေရိကန်ရဲ့ လူသိများကျော်ကြားတဲ့ စားဖိုမှူး၊ စာရေးသူ၊ travel documentarian နဲ့ television personality လည်းဖြစ်ပါတယ်။ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးစားဖိုမှူးများထဲမှတစ်ယေက်လည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှာတော့ ပြင်သစ် Kaysersverg ရဲ့ Le Chambard ဟိုတယ်မှာ ကြိုးဆွဲချကာအဆုံးစီရင်သွားခဲ့ပါတယ်။ (၆၂) နှစ်ပြည့်ဖို့ (၁၇) ရက်ပဲလိုတော့တဲ့အချိန်မှာပါ။

READ
ပုဏ္ဏကတိုက်ခြင်းအကြောင်း တစ်စေ့တစ်စောင်း

(၈) XXXTentacion

Instagram

နာမည်အရင်းကတော့ Jahseh Dwayne Onfroy ဖြစ်ပြီး hip-hop လောကမှာ နည်မည်ရခါစအဆိုတော်တစ်ဦးပါ။ ၂၀၁၈ ဇွန်လ (၁၈) ရက်နေ့ ဖလောရီဒါမှာ သေနတ်နဲ့အသေပစ်သတ်ခံခဲ့ရပြီး သေဆုံးချိန်မှာ အသက် (၂၀) သာရှိပါသေးတယ်။

(၉) Steven Hawking

NASA

Theoretical physicist, cosmologist, နဲ့ စာရေးဆရာအဖြစ်တဲ့ Steven Hawking ဟာ ၂၀၁၈ မတ်လ (၁၄) ရက်နေ့၊ အသက် (၇၆) နှစ်အရွယ်မှာသေဆုံးခဲ့ပြီး မသေဆုံးခင်မှာ Cambridge တက္ကသိုလ်ရဲ့ Theoretical Cosmology ဌာနမှာ သုသေတီဒါရိုက်တာအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

(၁၀) Kate Spade

s3.r29static

Katherine Noel Valentine Brosnahan, Kate Spade နဲ့ Kate Valentine လို့လူသိများခဲ့ပြီး အမေရိကန်ဖက်ရှင်လောကနဲ့ စီးပွားရေးနယ်ပယ်တို့မှာ မသိသူရှားပါတယ်။ Kate Spade New York brand ရဲ့ စတင်ပူးတွဲတည်ထောင်သူဖြစ်ပေမယ့် ၂၀၁၈ ဇွန်လ (၅) ရက်နေ့မှာတော့ သူမတိုက်ခန်းမှာပဲ အဆုံးစီရင်သွားခဲ့ပါတယ်။

Source: Dignited, Google

Penny

SHARE