အာရှတစ်ခွင်က ဆွဲဆောင်မှုအရှိဆုံး တိုင်ပတ်အကအားကစားသမား (၅) ယောက်

လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်တုန်းကတော့ pole dancing (တိုင်ပတ်အက) လို့ ဆိုလိုက်တာနဲ့ မီးရောင်မှိန်မှိန်အောက်မှာ သံစဉ်တွေကြားထဲ လိင်စိတ်နှိုးဆော်စွာကပြဖျော်ဖြေပြနေတဲ့ ဝတ်လစ်စလစ်မိန်းမပျိုတွေကို ပြေးမြင်မိကြမှာပါ။ သို့ပေမယ့် ယခုနောက်ပိုင်းခုနှစ်တွေမှာတော့ အနုပညာဆန်စွာဖြင့် အကောင်းဆုံးအားကစားနည်းတစ်မျိုးအဖြစ် တိုင်ပတ်အကကို ပိုက်ဆံပုံတွေကြားက ဆွဲထုတ်လာနိုင်ခဲ့ပါပြီ။

တိုင်တစ်တိုင်ထဲမှာတင် ခြေထောက်အင်အား၊ လက်အင်အားတို့ကို အသုံးပြုကာ ကြမ်းပြင်နဲ့မထိစေရန် ကရတဲ့အားကစားနည်းတစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ်သန်မာမှုကို အားပေးသလို ကြွက်သားများရဲ့အခန်းကဏ္ဍကိုလည်း လုံးဝပေါ်လွင်စေပါတယ်။

Global Association of International Sports Federation ကတောင် တိုင်ပတ်အကကို အားကစားနည်းအဖြစ် အသိအမှတ်ပြုထားခဲ့ပြီး International Pole Sports Federation အဖွဲ့အစည်းတည်ထောင်ကာ Europe, အာရှရဲ့ဖွံ့ဖြိုးပြီးနိုင်ငံတချို့နဲ့ အမေရိကတို့မှာ တော့ တိုင်ပတ်အကသင်တန်းတွေနဲ့ အားကစားပြိုင်ပွဲတွေတောင် ဖွင့်လှစ်၊ ကျင်းပလာကြပြီဖြစ်ပါတယ်။

အားကစားနည်းလို့ သတ်မှတ်လိုက်တာနဲ့အညီ တိုင်ပတ်အကကို အမျိုးသမီးများသာမက အမျိုးသားများကပါ လိုလိုလားလားနဲ့ ကစားလာကြတာကို တွေ့ရပါတယ်။ ယောဂ၊ ကျွမ်းဘား၊ အေရိုးဘစ်တို့နဲ့ ဆင်တူတဲ့ အားကစားနည်းတစ်မျိုးလို့ တိုင်ပတ်အကကို လက်ခံထားပါတယ်။ အနာဂတ်မှာလည်း အိုလံပစ်ပြိုင်ပွဲဝင်နိုင်တဲ့ အားကစားနည်းတစ်ခုဖြစ်ဖို့ အလားအလာရှိတာကြောင့် တိုင်ပတ်အကကို အားကစားနည်းလို့ လက်ခံထားတဲ့ နိုင်ငံတွေမှာတော့ အခြားအားကစားနည်းတွေနဲ့ တန်းတူစွာ အထူးပြုသင်တန်းတွေ ဖွင့်လှစ်ထားခဲ့ပြီဖြစ်ပါတယ်။

theworldofchinese

အထူးသဖြင့် အာရှပိုင်းမှာ အခုနောက်ပိုင်းကျမှ တိုင်ပတ်အကအားကစားသမားများ တဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။ အသက်အရွယ်ငယ်ငယ်လေးမှစလို့ အသက်ကြီးသူတွေအထိ တိုင်ပတ်အားကစားနည်းကို စိတ်ဝင်တစားသင်ယူလေ့လာနေကြပါတယ်။

အာရှရဲ့အကျွမ်းကျင်ဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ကျွမ်းကျင်အဆင့် တိုင်ပတ်အားကစားသမား (၅) ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

Sammy Wong

Sammy Wong ဟာ ၂၀၁၈ Pole Sport Organization U.S. National Pole Champion တစ်ယောက်ဖြစ်ပါတယ်။ New York မှာ professional dancer နဲ့ choreographer တစ်ယောက်အဖြစ် လုပ်ကိုင်နေပြီး တိုင်ပတ်အားကစားကို လေ့လာလိုက်စားခဲ့တာ (၃) နှစ်သာရှိပါသေးတယ်။

Bada

READ
အစာမရှိသေးချိန်မှာ လုံးဝမစားသင့်တဲ့ အစားအစာများ

Bada Shin ကတော့ တောင်ကိုရီးယားရဲ့ တိုင်ပတ်အကသမားနဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ နိုင်ငံတကာလှည့်ပြီး pole dancing workshop တွေ ပြုလုပ်လေ့ရှိပြီး Polecrush အကအဖွဲ့နဲ့ သင်တန်းကိုလည်း ဦးစည်းလုပ်ကိုင်နေသူတစ်ဦးပါ။

 

View this post on Instagram

 

A post shared by BADA 🇰🇷 이그조틱폴댄서/ 공연 디렉터 (@badapoledancer) on Jan 11, 2019 at 2:31pm PST

Song Yi Lee

Song Yi Lee ခေါ် Lydia ဟာလည်း တောင်ကိုရီးယားရဲ့ တိုင်ပတ်အားကစားနည်းပြတစ်ဦးဖြစ်ပါတယ်။ နည်းပြအပြင် တိုင်ပတ်အားကစားအကျီင်္ brand တစ်ခုဖြစ်တဲ့ SY နဲ့ အားကစားခန်းမကိုလည်း ပိုင်ဆိုင်ထားသူတစ်ဥိးပါ။ ၂၀၁၄ ခုနှစ်တုန်းက Muscle Mania မှာ ပထမဆုရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တုန်းကတော့ Angel Cup Pole Dance Championships နဲ့ ၂၀၁၇ Philippines Pole Cup တို့မှာ ဒုတိယဆုရရှိခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by SY Pole Studio – Song yi Lee (@lydia3662) on Oct 9, 2018 at 11:14pm PDT

Anh Le

Dirdy Birdy ဆိုတဲ့နာမည်နဲ့ YouTube မှာ တိုင်ပတ်အကအတွက် video တွေတင်ပေးနေတဲ့နည်းပြတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အကျီင်္ brand လည်း ထုတ်လုပ်ထားပါတယ်။ အာရှသူတစ်ယောက်ဖြစ်ပေမယ့် Sydney မှာ နေထိုင်နေသူတစ်ဦးပါ။

READ
Historic ဓာတ်ပုံပြိုင်ပွဲရဲ့ အကောင်းဆုံးဓာတ်ပုံများနဲ့ ဆုရဓာတ်ပုံများ

 

 

View this post on Instagram

 

A post shared by Dirdy Birdy (@dirdybirdy) on Jan 18, 2019 at 3:58pm PST

Daphne Lux

Daphne Lux ဟာ ကျွမ်းကျင်အဆင့်အားကစားသမားတစ်ဦးဖြစ်သလို ဟောင်ကောင်မှ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ အာရှနိုင်ငံတော်တော်များများအပြင် တောင်အမေရိကနဲ့ Europe တို့မှာလည်း သူမရဲ့သင်တန်းတွေရှိနေပါတယ်။

 

Source: Next Shark

Penny

SHARE