Eminem နဲ့ ပတ်သက်တဲ့ တက်တူး(၂၈)ခုကို ထိုးခဲ့လို့ ဂင်းနစ်မှတ်တမ်း ၀င်ခဲ့သူ

Image:IG/crazyeminemlady

စကော်တလန် က မိန်းက လေး တစ်ယောက်က တော့ သူမရဲ့ Fan စိတ် ပြင်းပြမှု ကြောင့် ဂင်းနစ်မှတ်တမ်း ၀င်ခဲ့ပါတယ်။သူမရဲ့ ကိုယ် ပေါ်မှာတော့ Eminem နဲ့ ပတ်သက်တဲ့ တက်တူး (၂၈)ခုကို ထိုးထားတာပါ။ဒါကြောင့် most tattoos of a single musician အဖြစ် နဲ့ ဂင်းနစ် မှတ်တမ်း ၀င်နိုင်ခဲ့တာပါ။သူမရဲ့ အသက် တော့ (၃၅)နှစ်ဖြစ်ပြီး နာမည်က တော့ Nikki Patterson ပါ။ ဒီအ ကြောင်းကို တော့ odditycentral မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

You’re going to want to tune into @bet tonight. #HipHopAwards 8pm ET

A post shared by Marshall Mathers (@eminem) on

လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းက Eminem ရဲ့ ပုံ တက်တူး ကို စ ထိုးခဲ့တာပါ။သူမက တော့ Eminem ရဲ့ “Stan” သီချင်းကို စ ကြား ချိန်တည်းက သူ့ရဲ့ အမာခံ ပရိသတ် ဖြစ်သွားခဲ့တာပါ။လက်ရှိမှာတော့ Nikki ရဲ့ ကိုယ်ပေါ်မှာ တက်တူး (၅၂)ခု ရှိပါတယ်။အဲ့ဒီအထဲက မှ (၂၈)ခုက Eminem နဲ့ ပတ်သက်တဲ့ အရာတွေပါ။(၁၆)ခုက တော့ Eminem ရဲ့ ပုံ တူ တက်တူးတွေပါ။(၂၀၁၇) ခုနှစ် အထိ က သူမရဲ့ ကိုယ်ပေါ်မှာ Eminem သီ ချင်းစာသား တစ်ချို့ကို ထိုးထားခဲ့တာပါ။ဒါပေမယ့် tattoo artist David Corden နဲ့ တွေ့ တဲ့ အချိန် မှာတော့ ပထမဆုံး အကြိမ် Eminem ပုံတူ တက်တူး ကို စ ထိုးခဲ့တာပါ။

“အဲ့ဒီတက်တူးက ကျွန်မ ဘ၀ကို တစ်ည တည်းနဲ့ ပြောင်းလဲသွားခဲ့တယ်..” လို့ Nikki က ပြောခဲ့ပါတယ်။ Nikki Patterson က တော့ သူမ အကြိုက်ဆုံး  အနုပညာရှင် ရဲ့ တက်တူး (၁၅)ခု ကျော် လောက် ကို ထိုးခဲ့ပါတယ်။ကိုဗစ် ကာလ မှာတော့ ဂင်းနစ် မှတ် တမ်း ၀င် နိုင် မလား ဆိုပြီး ကြိုးစားခဲ့ တာပါ။စစ်ဆေးမှု အပြီးမှာတော့ သူမက ဂီတ ပညာရှင် တစ်ယောက်တည်းရဲ့ တက်တူး တွေကို အများဆုံး ထိုး ထားတဲ့ သူ အဖြစ်နဲ့ မှတ် တမ်းဝင်နိုင်ခဲ့ပါတယ်။

 

View this post on Instagram

 

Arms 2 years ago VS now lol #eminem #eminemfan #stan #femalestan #eminemtattoo #eminemtattoos #slimshady #marshallmathers

A post shared by Nikki (@crazyeminemlady) on

သူမရဲ့ တက်တူးတွေကို တော့ လက်မောင်း၊ခြေထောက် ၊ရင်ဘတ်၊လက် ချောင်း တွေ မှာ အများဆုံး ထိုးထားတာပါ။ Nikki Patterson က တော့ အခုထိုးထားတဲ့ တက်တူးတွေနဲ့ တင်ပဲ ရပ်ပစ်လိုက်ဖို့ တော့ စိတ်ကူး မရှိ သေးဘူး လို့ ဆိုပါတယ်။နောက်ထပ် တက်တူးတွေ လည်း ထိုးဖို့ စိတ်ကူး ရှိ နေတုန်းပါ။

ဒီတက်တူးတွေ ကြောင့် လူတွေ အများကြီး သူမကို အာရုံစိုက်မိလာကြပြီး IG မှာ Follower တွေ တိုးလာ ခဲ့ပါတယ်။သူမရဲ့ IG ကို Eminem က အာရုံစိုက်သတိထားမိလာလို့ ရည်ရွယ် မျှော်လင့် နေသူပါ။ဒါေ ပမယ့်လည်း လူတစ်ချို့က တော့ သူမကို ရိုင်းရိုင်းစိုင်း စိုင်း Comment တွေ ရေး ခဲ့ ကြပြီး အဲ့လို အချိန်က တော့ သူမ အတွက် ခက်ခဲ တယ်လို့ ပြောခဲ့ပါတယ်။ Eminem ကို အရမ်း စွဲလန်း နေတဲ့ သူမ နဲ့ ဘယ်အမျိုး သားက အတူ ရှိ နေ နိုင်မလဲ ဆိုပြီး သူမ အချစ်ရေး နဲ့ ပတ်သက်ပြီး လူတွေ က တွေးနေကြ တယ်လို့ Nikki Patterson ကပြောခဲ့ပါတယ်။

#SHWEMOM

SHARE