ရာသီခွင်တစ်ခုချင်းအလိုက် ၄င်းတို့မှာ ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးတွေ ကိုယ်စီရှိကြပါတယ်။ အောက်ဘက်မှာတော့ လူတွေသိပ်သတိမထားမိဘဲ မြှုပ်နေကြတဲ့ ရာသီခွင်တွေရဲ့ အကောင်းဆုံးကိုယ်ရည်ကိုယ်သွေးတွေကို pinkvilla ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။
Aries (March 21–April 19)
အရှုံးမပေးကြသူတွေပါ။ အကြိမ်ပေါင်းများစွာ လောကဓံရဲ့အထုအထောင်းခံရရင်တောင် လက်မလျှော့တတ်သူတွေဖြစ်ပါတယ်။
Taurus (April 20–May 20)
ရှေးရိုးတွေကိုသွေဖည်သူတွေပါ။ ကိစ္စတော်တော်များကို ကိုယ့်စိတ်ကြိုက်လုပ်ရတာနှစ်သက်ပြီး လူအဖွဲ့အစည်းရဲ့စံနှုန်းတွေကို ဂရုမစိုက်တတ်ပါဘူး။
Gemini (May 21–June 21)
ဉာဏ်အရမ်းကောင်းသူတွေပါ။ ကြောင်တောင်တောင်နိုင်တယ်၊ ပျင်းတယ်ထင်ရပေမယ့် ပတ်ဝန်းကျင်ကိုလေ့လာမှုအားကောင်းပြီး အသစ်အသစ်တွေသင်ယူလေ့လာရတာ နှစ်သက်ပါတယ်။
View this post on Instagram
Cancer (June 22–July 22)
ခံစားလွယ်သူတွေပါ။ ခံစားချက်ကို သူများဆီမဖော်ပြချင်သူတွေပါ။ ကိုယ်တိုင်က နာကျင်ထိခိုက်နေပေမယ့် တစ်ယောက်တည်းကြိတ်ခံစားတတ်သူတွေပါ။
Leo (July 23–August 22)
ကပ်စေးမနည်းတတ်သူတွေပါ။ တစ်ယောက်ယောက်ကို အကူအညီပေးရမယ်ဆို အမြဲအဆင်သင့်ရှိနေသူတွေပါ။
Virgo (August 23–September 22)
အရာရာ perfect ဖြစ်နေမှ သဘောကျသူတွေပါ။ ဒါပေမဲ့ အခြေအနေကတောင်းဆိုလာရင် ဒါမှမဟုတ် သူတို့ချစ်တဲ့သူအတွက်ဆိုရင်တော့ သူတို့ဟာ သဘောထားပျော့ပြောင်းလွယ်ပါတယ်။
Libra (September 23–October 23)
စိတ်ကူးယဉ်ဆန်လွန်းသူတွေပါ။ အချစ်စစ်ကိုယုံကြည်ပြီး လေးလေးနက်နက်ချစ်တတ်သူတွေပါ။
View this post on Instagram
Scorpio (October 24–November 21)
စာနာတတ်သူတွေဖြစ်ပါတယ်။ လူတွေကို အရမ်းဂရုစိုက်တတ်ပြီး ချစ်တဲ့သူတွေပျော်ဖို့ ဘာမဆိုလုပ်ဖို့ ဝန်မလေးသူတွေပါ။
Sagittarius (November 22–December 21)
အရမ်းရိုးသားကြသူတွေပါ။ ပြောမယ့်စကားကြောင့် ဒုက္ခရောက်မယ်ဆိုရင်တောင် မကွယ်မဝှက်ပြောတတ်သူတွေပါ။ စိတ်ထဲရှိတဲ့အတိုင်း ဒဲ့ထိုးပြောတတ်ပါတယ်။
Capricorn (December 22–January 19)
သဘာဝအားဖြင့် ရယ်စရာကောင်းတဲ့သူတွေပါ။ ရုပ်တည်နဲ့ အတည်ပေါက်စနောက်တတ်တဲ့ ဉာဉ်ရှိပါတယ်။
View this post on Instagram
Aquarius (January 20–February 18)
သစ္စာရှိသူတွေပါ။ သင့်ကို လိမ်ညာတာ၊ ထားခဲ့တာတွေရှိမှာမဟုတ်ပါဘူး။ တစ်ဖက်လူဆီကလည်း ထပ်တူသစ္စာရှိမှုမျိုး မျှော်လင့်ကြပါတယ်။
Pisces (February 19–March 20)
ဖန်တီးနိုင်စွမ်းအားကောင်းသူတွေပါ။ စိတ်ကူးယဉ်ပြီး တွေးခေါ်မှုပြုရတာ နှစ်သက်ကြပါတယ်။
ShweMom