၈နှစ်အရွယ်သားလေးမီးထဲပါသွားတာကြောင့် ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တဲ့မိခင်

အမျိုးသမီးတစ်ယောက်ဟာ သူမသားလေးက မျက်စိရှေ့မှာတင် မီးထဲပါသွားခဲ့ပြီး သူမကိုယ်တိုင်မကယ်တင်နိုင်ခဲ့တဲ့အတွက် ယူကြုံးမရဖြစ်ကာ ဆွဲကြိုးချသေဆုံးခဲ့တာကို Dailymail သတင်းစာမျက်နှာမှာဖော်ပြထားတာတွေ့ရှိထားပါတယ်။ သေဆုံးသူအမျိုးသမီးအမည်ကတော့ Kelly Carter ဆိုသူဖြစ်ပြီး အသက်၃၅နှစ်ရှိသူပါ။

လွန်ခဲ့တဲ့နှစ်အောက်တိုဘာ၂၉ရက်က ည၇နာရီအချိန်မှာ သူမတို့နေထိုင်တဲ့အိမ်မီးလောင်ခဲ့ပါတယ်။ Kelly ကတော့ မီးလောင်ဒဏ်ရာအများအပြားရရှိခဲ့ပေမယ့် အသက်ဘေးမှလွတ်ခဲ့ပါတယ်။ ၈နှစ်သားကလေးဖြစ်တဲ့ Lucas ကတော့ကံဆိုးစွာနဲ့မီးထဲပါသွားခဲ့ပါတယ်။

Kelly ဟာမီးလောင်နေချိန်မှာ အပေါ်ထပ်အိပ်ခန်းထဲမှာရှိနေတဲ့ သားလေးကိုကယ်ဖို့ကြိုးစားခဲ့ပေမယ့် မီးအရှိန်ပြင်းတာကြောင့် မတတ်နိုင်ခဲ့ပါဘူး။ မီးသတ်ကားတွေရောက်လာပြီးတဲ့နောက်မှာတော့ Kelly နဲ့ကလေးကို Leighton ဆေးရုံခေါ်သွားခဲ့ပေမယ့် Lucas လေးဟာ မီးလောင်ဒဏ်ရာတွေနဲ့ပဲ နောက်တနေ့မနက် ၅း၀၀နာရီမှာသေဆုံးသွားပါတယ်။

မီးလောင်မှုဖြစ်ပွားပြီးနောက်မှာ Kelly ဟာစိတ်ဓာတ်အလွန်အမင်းကျဆင်းနေကာ သူမကိုယ်သူမအပြစ်တင်လျက်ရှိနေပါတယ်။ သူမဟာ သားသေလို့ ပူဆွေးရတဲ့ စိတ်သောကဝေဒနာကိုမခံစားနိုင်ပဲ ကလေးအသုဘမချခင်မှာပဲ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ပါတယ်။

READ
လုပ်ဖော်ကိုင်ဖက်ရဲ့အတွင်းခံတွေခိုးလို့ အဖမ်းခံလိုက်ရတဲ့ မလေးရှားရဲအရာရှိ

သူမမသေခင်တစ်ညက အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Sarah ကအိမ်ကိုလာပြီးနှစ်သိမ့်ပေးပါတယ်။ Kelly ကညအိပ်ဝတ်အင်္ကျီဝတ်ထားပြီး ဘရန်ဒီသောက်နေပါတယ်။ သူမကိုယ်သူမအလွန်ဒေါသထွက်ကာ ဆောက်တည်ရာမရဖြစ်နေတယ်လို့ Sarah ကဆိုပါတယ်။

ကိုယ့်ကိုကိုယ် အန္တရာယ်များတဲ့အရာတွေမလုပ်ပါဘူးလို့ Kelly ကသူမသူငယ်ချင်းကို ကတိပေးပြီးတဲ့နောက်မှာ တည်ငြိမ်စပြုလာတာမို့ Sarah ဟာ အိမ်ပြန်လာခဲ့ပါတယ်။ Sarah ပြန်သွားပြီးနောက်မှာ Kelly ရဲ့ရည်းစား Andrew Hough  ကသူမနဲ့အတူရုပ်ရှင်အတူကြည့်ပေးပြီး အိမ်ပေါ်ထပ်ကို အိပ်ဖို့တက်သွားခဲ့ပါတယ်။

Andrew ကမနက်မိုးလင်းခါနီးအချိန်မှာ တရေးနိုးလာတော့ Kelly ဟာတီဗီကြည့်ရင်း အောက်ထပ်ဆိုဖာမှာအိပ်ပျော်နေပါတယ်။ Andrew ကနှိုးပြီး အပေါ်ထပ်တက်အိပ်ဖို့ပြန်ပြောကာ သူကိုယ်တိုင်လည်း ပြန်တက်ပြီးအိပ်ရာဝင်ခဲ့ပါတယ်။ မနက်လင်းတဲ့အခါမှာတော့ Andrew က Kelly ကို အိမ်တွင်းကလှေကားထိပ်မှာဆွဲကြိုးချသေနေတာကို တွေ့ခဲ့ရတာပါ။

ရဲအဖွဲ့ရောက်လာတဲ့အခါမှာတော့ Kelly နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေလုပ်ကိုင်ခဲ့ကြပါတယ်။ မိသားစုနဲ့ ရင်းနှီးတဲ့မိတ်ဆွေသင်္ဂဟတွေကတော့ ၄င်းတို့သားအမိဟာ စိတ်သဘောထားကောင်းမွန်ပြီး ဖော်ရွေတာကြောင့် ၄င်းတို့ရဲ့အဖြစ်ဆိုးနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်နေကြကြောင်း သိရပါတယ်။

READ
အင်တာနက်ပေါ်မှာ လူပြောများနေတဲ့ ဖင်လန်သမ္မတရဲ့ ဒေါ်နယ်ထရမ့်အပေါ် တုံ့ပြန်မှု

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE