ရပ်ကွက်ထဲကအိမ်တွေမှာ ရောင်စုံခဲတံနဲ့ပန်းချီလိုက်ဆွဲနေတဲ့ သားအမိနှစ်ယောက်

Instagram- @janrigginsart

Home stay ကာလတွေမှာ လူတွေလည်း အပြင်လောကမှာ ပျော်ရွှင်ဖို့ဆိုတာ ဟိုနေရာပိတ်၊ ဒီနေရာပိတ်နဲ့မို့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ ကိုယ့်အိမ်လေးထဲမှာပဲကိုယ် နေထိုင်ရင်း နေ့တဒူကို ဖြတ်သန်းနေကြရပါတယ်။

Texas က သားအမိနှစ်ယောက်ကတော့ အိမ်မှာနေရင်း သူတို့အတွက်တင်သာမကဘဲ ရက်ကွက်ထဲက အနီးအနားအိမ်တွေကိုပါ ပန်းချီကားလေးတွေနဲ့ ပျော်ရွှင်မှုတွေ မျှဝေနေခဲ့ပါတယ်လို့ Bored Panda မှာ ဖတ်လိုက်ရပါတယ်။ Jan Riggins နဲ့ သူမရဲ့ ၁၃ နှစ်အရွယ်သမီးလေး Olivia တို့ဟာ အရင်ကတည်းက ဖယောင်းရောင်စုံခဲတံလေးတွေနဲ့ ကတ္တရာလမ်းမတွေပေါ်မှာ ပန်းချီဆွဲလေ့ဆွဲထရှိပါတယ်။ သူတို့ဆီမှာက အဲလိုမျိုး ပန်းချီပြပွဲတို့၊ ပြိုင်ပွဲတို့ လုပ်ပေးနေကျကို။

ဒါကြောင့် သားအမိနှစ်ယောက်သား lock down ကာလမှာလည်း အိမ်ရှေ့ ကားအဝင်အထွက်လမ်းလေးပေါ်မှာ ရောင်စုံခဲတံလေးတွေနဲ့ ပန်းချီလေးတွေစတင်ရေးဆွဲခဲ့ပါတယ်။

https://www.instagram.com/p/BzUJXHMnYhI/

READ
ထူးခြားတဲ့ ကိတ်လက်ရာတွေ ကြောင့် နာမည်ကြီးနေတဲ့ တူရကီ Food Artist

ဒီပျားပုံလေးကတော့ သူတို့အိမ်ရှေ့မှာ ပထမဆုံးဆွဲခဲ့တဲ့ပုံလေးပဲဖြစ်ပါတယ်။

Instagram- @janrigginsar

Jan အနေနဲ့ ဒီလိုမျိုး ကတ္တရာလမ်းမတွေပေါ်မှာ ရောင်စုံခဲတံနဲ့ပန်းချီဆွဲတာကို ပြည်နယ်အလိုက် အပျော်တမ်းအဆင့် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီလိုယှဉ်ပြိုင်ရင်း တိုင်းအဆင့်အထိ တက်သွားခဲ့ပါတယ်။ ဒီလိုနေရင်းနဲ့မှ Jan ဟာ အိမ်မှာနေရင်း သမီးလေးနဲ့အတူတူ အချိန်လည်းဖြုန်းရင်း ပျော်စရာအမှတ်တရလေးလည်း ဖန်တီးမယ်ဆိုပြီး ပန်းချီလေးတွေဆွဲဆွဲလာရင်းနဲ့မှ သူတို့အိမ်တင်မဟုတ်ဘဲ quarantine ကာလအတွင်း သူများတွေလည်း ပျော်အောင်ဆိုပြီး အခုလို လိုက်ဆွဲပေးဖြစ်ခဲ့တာပါ။

Instagram- @janrigginsar

ဒီလိပ်ပုံလေးကိုတော့ ညနေ ၅ နာရီခွဲကတည်းက ဆွဲလိုက်တာ ည ၈ နာရီမှ ပြီးစသတဲ့။

Instagram- @janrigginsar

ဒါလေးကတော့ ၁၃ နှစ်သမီးလေး Olivia ရဲ့ လက်ရာလေးပဲဖြစ်ပါတယ်

Instagram- @janrigginsar

ဒီပုံလေးကိုတော့ ရပ်ကွက်ထဲက ဘုရားကျောင်းနံရံမှာ ဆွဲပေးဖြစ်ခဲ့တာပါ။

Instagram- @janrigginsar

အိမ်နီးချင်းတစ်ယောက်ရဲ့ မွေးနေ့အတွက် surprise သွားလုပ်တာပါတဲ့။

Instagram- @janrigginsar

ဒါကတော့ သူ့ရဲ့ယောက္ခမမွေးနေ့အတွက် အချစ်ဆုံးတိရိစ္ဆာန်လေးပုံကို အိမ်သွားပြီး ဆွဲပေးဖြစ်ခဲ့ပါတယ်။

READ
ဘ၀မှာတစ်ကြိမ်လောက်တော့ ကြည့်ဖူးသင့်တဲ့ Van Gogh ရဲ့ ပန်းချီကားများ
Instagram- @janrigginsar

သမီးလေးနဲ့ သူ့ရဲ့လက်ရာ

Instagram- @janrigginsard

Earth Day အတွက် ဖျံပုံလေး

Instagram- @janrigginsar

အဲဒီနေ့ကတော့ ပေါ့ပေါ့ပါးပါးလလည်းဖြစ်မယ် ဒါပေမဲ့ အဓိပ္ပာယ်လည်းလေးနက်ရမယ်ဆိုတဲ့ ပုံလေးတစ်ပုံကိုဆွဲခဲ့ပါတယ်။

Instagram- @janrigginsar

လမ်းအောက်ဖက်က ကလေးလေးတစ်ယောက်က COVID-19 ကြောင့် မွေးနေ့မလုပ်ရလို့ ဝမ်းနည်းပြီး ငိုနေတဲ့အတွက် Olivia လေးဟာ ကလေးလေးရဲ့အကြိုက်ဆုံး ကာတွန်းဇာတ်ကောင်လေးကို သွာားဆွဲပေးခဲ့တာပါ။

Instagram- @janrigginsar

ဂိမ်းခလုတ်လေးဆိုလည်း ကြွတက်နေတာပဲ

Instagram- @janrigginsar

Spider-man အရုပ်လေး

Instagram- @janrigginsar

အိမ်နီးချင်းတွေအကြိုက်ဆုံးပုံတဲ့။ အမှတ်မထင်ကြည့်လိုက်ရင် တကယ့် အင်းဆက်ကောင်ကြီး ရောက်နေသလားလို့ ထင်မိခဲ့ကြတဲ့ပုံပါ။

Instagram- @janrigginsar

Penny

SHARE