တက္ကသိုလ် အတူတက်ပြီး ဆေးရုံတစ်ခုမှာပဲ အတူ အလုပ် လုပ်နေတဲ့ ဆရာဝန်သားအမိ

[email protected]

လုပ်ငန်းခွင်ထဲမှာ မိဘနဲ့ သားသမီးအတူတူလုပ်ကိုင်ဖို့ဆိုတာ ကုမ္ပဏီအပိုင်ရှိတဲ့ လူတွေအတွက် ဖြစ်နိုင်ပေမယ့် သာမန် သားအဖတွေ၊ သားအမိတွေအတွက်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Kudji Sylvester နဲ့ Jasmine Kudji တို့ သားအမိတို့အတွက်တော့ ဖြစ်နိုင်တဲ့ ပုံပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ Kudji နဲ့ Jasmine တို့ သားအမိဟာ ဆေးကျောင်းအတူတူတက်၊ ဘွဲ့အတူတူရပြီး တစ်နေရာထဲမှာပဲ အတူတူအလုပ်လုပ်ကြကြောင်း Yahoo သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

Today would have been my Pre-Commencement ceremony, during which we are able to receive our graduation hoods on stage from a family member who is also a physician. My mom was going to hood me today. I’m sad that such a symbolic moment cant be shared with all my family and friends. However, It doesn’t change the fact that we did it. We succeeded. We beat the odds. My mom always said that being a single mother, she didn’t want to just be another statistic…. Well how is this for a statistic, mommy: out of the 1,085,783 physicians in the US, 2% are African American women. I’m so proud to be in that number with you, and now that we’re official I can’t wait to work with you to get that number up 😉🙌🏾🎓 📸: @adriennebattistellaphotography

A post shared by Jasmine Kudji, MD (@doctor.504) on

မိခင်ဖြစ်တဲ့ Kudji ဟာ သူမသမီးဖြစ်သူ Jasmine နဲ့အတူတူ ဆရာဝန်အလုပ်လုပ်ကိုင်ဖို့ ပထမဦးဆုံး ဆန္ဒရှိသူ ဖြစ်ပါတယ်။ အမှန်တစ်ကယ်တော့ Kudji ဖြစ်ချင်တာက အတွေးအခေါ်ပညာရှင်ပါပဲ။ သူမရဲ့ စိတ်ကူးတွေဟာ ကလေးလေးတစ်ယောက်ကြောင့် ပြောင်းလဲသွားတာဖြစ်ကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

“ကျွန်မ Jasmie ကို မွေးပြီးတဲ့အချိန် ၅ နှစ်လောက်အကြာမှာ Louisiana ကနေ အာဖရိကကို ခဏပြန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဖရိကက ကျွန်မတို့ရဲ့ မွေးရပ်မြေလေ။ Jasmine လည်း တစ်ခါမှ မရောက်ဖူးတာနဲ့ ကျွန်မတို့မိသားစုပြန်ခဲ့ကြပါတယ်။ အာဖရိကကို ရောက်ရောက်ချင်း အိမ်မှာနေနေတုန်း အိမ်နားက ကောင်မလေးတစ်ယောက်ဟာ ကျွန်မတို့သားအမိဆီကိုလာပြီး သူနေမကောင်းဖြစ်နေလို့ ဆေးကုပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ကျွန်မတို့ ဘာမှမလုပ်တတ်ဘူးလေ။ အဲဒီအချိန်ကစပြီး ကျွန်မစိတ်ထဲမှာ ဆရာဝန်မဖြစ်ရင်တောင် သူနာပြုတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ စိတ်ကူးခဲ့ပါတယ်” လို့ Kudji က ပြောကြားခဲ့ပါတယ်။

View this post on Instagram

Finally MD!!

A post shared by Cynthia Kudji Sylvester MD (@dr.kudji.sylvester) on

ဒီလိုနဲ့ Kudji တို့ Louisiana ပြန်ရောက်တဲ့အချိန်မှာ Kudji ဟာ သူနာပြုသင်တန်းတက်ပြီး သူနာပြုအဖြစ် ၈ နှစ်၊ Assistant Nurse အဖြစ် ၂ နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ Jasmine တစ်ယောက် ဆေးကျောင်းစတက်တဲ့အချိန်မှာ Kudji လည်း Nurse ဘဝကို စွန့်လွှတ်ပြီး သမီးဖြစ်သူနဲ့ ဆေးကျောင်းအတူတူ လိုက်တက်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Kudji နဲ့ Jasmine တို့ သားအမိဟာ ကျောင်းအတူတူတက်၊ စာအတူတူကျက်ကာ ဘွဲ့အတူတူရခဲ့ကြပြီး အခုဆိုရင်တော့ ဆေးရုံတစ်ခုထဲမှာပဲ အတူတူတာဝန်ထမ်းဆောင်နေကြကြောင်း သိရပါတယ်။

READ
လဲကျသွားတဲ့ လုပ်ဖော်ကိုင်ဖက်ကို ရှေးဦးသူနာပြုနည်းနဲ့ ပြုစုပေးခဲ့တဲ့ ခွေးကလေး

https://www.instagram.com/p/B-XfY_QlOuk/

Pyi Hein Kyaw

SHARE