တရုတ်နိုင်ငံမှာ လတ်တလော ရေပန်းစားနေတဲ့ သားအမိနှစ်ယောက်ရဲ့ ကကွက်ဆန်း

Youtube-Mother-and-son duo’s dance moves take internet by storm in China Youtube-Most Amazing & Sexy Dance Moves | Head Isolation Moves

ကတယ်ဆိုတာ လူတွေရဲ့ အမြင်မှာ လွယ်ကောင်းလွယ်ပါလိမ့်မယ်။ တစ်ချို့အကတွေဟာ သာမန်လူတွေ လိုက်ကရတာ အင်မတန်လွယ်ကူပြီး ရိုးရှင်းပါတယ်။ ဒါပေမယ့် တစ်ချို့အကတွေကျပြန်တော့လည်း ကြည့်တဲ့အချိန် လွယ်တယ်လို့ ထင်ကောင်းထင်ရပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ အင်မတန်ကို ခက်ခဲလှပါတယ်။ ဥပမာ- ဦးခေါင်းကို တစ်နေရာထဲမှာ ထားပြီး ခန္ဓာကိုယ်ကို လှုပ်ရှားနေရတဲ့ ကကွက်ပဲဆိုပါစို့။ အခုလည်း အဲဒီလိုကကွက်မျိုးကို သားဖြစ်သူက သူ့ရဲ့ အမေကို သင်ပေးပြီး သားအမိတွေ အတူတူကနေတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ လူကြိုက်များပြီး ခေတ်စားနေကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာတွေ့ရတဲ့ သားဖြစ်သူကတော့ တရုတ်နိုင်ငံ၊ Liaoning ဒေသရှိ Cui Xinxing လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ Cui ဟာ တရုတ်နိုင်ငံမှာတော့ The Breakdancing Uncle အဖြစ် လူသိများပါတယ်။ Cui ဟာ Public နေရာတော်တော်များများမှာ ကပြပြီး လူထုကို မကြာခဏဖျော်ဖြေလေ့ ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ Cui ရဲ့ အဓိက ရည်မှန်းချက်ကတော့ အကဆိုတာ လူသားတွေကို စိတ်အပန်းဖြေပေးနိုင်ပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့ အရာတစ်ခုဖြစ်တာကြောင့် လူသားအားလုံး ကတာကို ကြိုက်နှစ်သက်ပြီး တက်မြောက် စေနိုင်အောင် ဖြစ်ပါတယ်။ အပေါ်က ဗီဒီယိုထဲမှာဆိုရင်လည်း Cui ဟာ သူ့မိခင်ကြီးအား ခေါင်းကို တစ်နေရာတည်းမှာ ပုံသေထားပြီး ခန္ဓာကိုယ်ကို လှုပ်ရှားနေတဲ့ ကကွက်ကို သင်ပေးခဲ့ပြီး မိခင်နဲ့အတူတူ ကနေတဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။

READ
ကာတွန်းကားထဲက ခွေးလေးလို အရမ်းချစ်ဖို့ ကောင်းတဲ့ ခွေးကလေး Winnie
Youtube-Mother-and-son duo’s dance moves take internet by storm in China

ဒါ့အပြင် Cui ရဲ့ အကဗီဒီယိုတိုင်းဟာ ဆိုရှယ်မီဒီယာမှာ အင်မတန်ကို လူကြည့်များပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာဆိုရင်လည်း အနည်းဆုံး Followers ၇ သန်းကျော်ကို ပိုင်ဆိုင်ထားတဲ့ အကပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ “ကျွန်တော့်ဘဝမှာ ကနေရရင်ကို လူကတော်တော်လေး ပျော်တာဗျ။ တစ်ရက်နေမှ တစ်ခါမကရင် လူက စိတ်ထဲမှာ လုံးဝကို နေလို့ထိုင်လို့ မရတာဗျ။ လူတွေကြားထဲမှာ ကျွန်တော်ကနေတဲ့အချိန်ဆိုရင်လည်း လူတွေကြည့်နေတာတို့၊ ကျွန်တော်နဲ့အတူတူ လိုက်ကတဲ့အချိန်တွေဆိုရင် ကျွန်တော်အနေနဲ့ တော်တော်လေးကို ပျော်ရပါတယ်”လို့ Cui က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE