ထိန်းချုပ်ရခက်လို့ (၁၃)နှစ်ကြာ သံကြိုးချည်ထားရတဲ့သားအတွက် အကူညီတောင်းခဲ့တဲ့မိခင်

အိမ်ရှင်မတစ်ဦးဖြစ်တဲ့ Marisa Padilha အမည်ရ အသက် (၄၇)နှစ်အရွယ် အမျိုးသမီးဟာ သူမရဲ့ သား Andre ကို (၁၃)နှစ်ကြာ သံကြိုးနဲ့ ချည်ထားရသူ ဖြစ်ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သားဖြစ်သူကို အခုလို ချည်နှောင်ထားဖို့ ဆန္ဒမရှိပေမယ့်၊ Andre ဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့၊ မကြာခဏ နာကျင်ဒဏ်ရာ ရအောင်ပြုလုပ်ခဲ့တဲ့အတွက် အခုလို ထိန်းချုပ်ထားရတာ ဖြစ်ကြောင်း သူမက ဆိုပါတယ်။

CEN

Andre ဟာ ဆယ်ကျော်သက်အရွယ်ရောက်ကတည်းက ပိုပြီး ရန်လိုလာသလို၊ ကိုယ့်ကိုယ်ကို ပြန်ပြီးဒဏ်ရာတွေရအောင် ဒုက္ခတွေဆက်တိုက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ Andre ဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်တဲ့ Autism (ကလေးဘဝမှစတင်ခဲ့တဲ့ စိတ်မူမမှန်တဲ့ရောဂါ)ကို ခံစားနေရပြီး၊ သံကြိုးချည်ထားတာကြာလို့ သူ့ရဲ့လက်ဟာ သိမ်နေပြီး၊ ပွန်းပဲ့ဒဏ်ရာတွေ ရရှိထားပါတယ်။

CEN

Marisa တို့ မိသားစုဟာ ဘရာဇီးလ်နိုင်ငံ၊ Fernandopolis မှာ နေထိုင်ကြပြီး Andre ကတော့ အခုဆို အသက်(၂၃)နှစ် ရှိပါပြီ။ ဒီလိုမှ ထိန်းသိမ်းမထားရင်လည်း သူမရဲ့သားဟာ အခုအချိန်ထိ လူ့ပြည်မှာ ရှိဖို့မလွယ်ကြောင်း မိခင်က ဆိုပါတယ်။ Andre ဟာ ဆယ်နှစ်သားကတည်းက Autism ကို ခံစားခံရပြီး၊ ထိန်းသိမ်းရခက်ခဲခဲ့ပါတယ်။

READ
မော်ဒယ်တွေနဲ့ ခဏခဏပင်လယ်ထဲ ခရီးထွက်တဲ့ မီလျှံနာသူဌေး
CEN

သူဟာ သူ့ကိုယ်သူလည်း ဒဏ်ရာရအောင် ပြုလုပ်သလို၊ အခြားကလေးတွေကိုလည်း ရန်လိုတိုက်ခိုက်တတ်ပြီး၊ တစ်ခါတလေမှာ လူကြီးတွေကိုတောင် ရန်ရှာတယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူဟာ သူ့ကို ထိန်းသိမ်းစောင်ရှော့က်ဖို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက အလုပ်ကနေ ထွက်ခဲ့ရကြောင်း ဆိုပါတယ်။

သူ့ကိုယ်သူ ပြန်ရိုက်ခြင်း၊ အသံသေးအသံကြောင်နဲ့ အော်ဟစ်ခြင်းတွေ ပြုလုပ်ခဲ့လို့ ဆရာဝန်တွေနဲ့ ပြသတဲ့ခါ ဆေးတစ်ချို့ပေးခဲ့ပေမယ့် အခြေအနေက ထူးခြားမလာခဲ့ပါဘူး။ ဒါကြောင့် ကလေးကိုလည်း ဒီလို ဆက်ပြီး မထိန်းသိမ်းချင်တော့လို့ မည်သည့် အကူအညီမျိုး ပေးနိုင်သည်ဖြစ်စေ ပေးကြဖို့ Marisa က တောင်းပန်ခဲ့ပါတယ်။ လောလောဆယ် အထူးကုဆရာဝန်တစ်ယောက်နဲ့ ပြသဖို့ ကြိုးစားနေပေမယ့် ငွေကြေးမတတ်နိုင်သေးဘူးလို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE