နေမကောင်းဖြစ်နေတဲ့ ကြောင်ပေါက်လေးကိုချီပြီး ဆေးရုံထဲဝင်လာတဲ့ ကြောင်မေမေကြီး

[email protected]

မိဘမေတ္တာဆိုတာ တိရစ္ဆာန်တွေမှာကော၊ လူတွေမှာပါရှိပါတယ်။ မိဘဆိုတဲ့အရာက ဘယ်တော့မှ ပြန်အစားထိုးလို့မရသလို ဘာနဲ့မှလည်း နှိုင်းယှဉ်လို့ မရပါဘူး။ အခုလည်း ကြောင်မကြီးတစ်ယောက်ဟာ သူ့သားကြောင်ပေါက်ကလေးနေမကောင်းဖြစ်လို့ ဆေးရုံတစ်ခုကို လူတွေရဲ့ အကူအညီမပါပဲ တစ်ယောက်တည်းရောက်လာခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ozcanmerveee

တူရကီနိုင်ငံ၊ Istanbul မြို့ရှိ ဆေးရုံတစ်ရုံကို ကြောင်မကြီးတစ်ကောင်ဟာ သူ့ရဲ့သားဖြစ်တဲ့ ကြောင်ပေါက်လေးတစ်ကောင်ကို ကိုက်ချီပြီး ဆေးရုံထဲသို့ ဝင်လာပါတယ်။ သူဝင်ဝင်လာချင်း ဆေးရုံထဲမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေရဲ့အကြည့်ဟာ ကြောင်မကြီးဆီကို ရောက်သွားပါတယ်။

 

ozcanmerveee
ozcanmerveee

ကြောင်မကြီးဟာ ရောက်လာလာချင်း မကြာခင်မှာပဲ ကိုက်ချီထားတဲ့ ကြောင်ပေါက်ကလေးကိုချပြီး အနီးအနားရှိ ဆရာဝန်တွေကို တညောင်ညောင်နဲ့ အသံပြုနေပါတယ်။ ကြောင်မကြီးသာ လူစကားတက်ခဲ့မယ်ဆိုရင် “ကျွန်မသားလေးနေမကောင်းဖြစ်နေလို့ တစ်ချက်လောက်ကြည့်ပေးကြပါ ဆရာဝန်များရှင်” လို့ ပြောမလားလို့တောင် တွေးထင်ရပါတယ်။

READ
သမီးနေမကောင်းဘူးဆိုလို့ အလုပ်ကခွင့်ယူပြီး လေယာဉ်နဲ့သမီးဆီ အပြေးလာခဲ့တဲ့မိခင်
ozcanmerveee

ကြောင်မကြီးဆီက အသံထွက်လာတာနဲပ အနားမှာရှိတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ ကြောင်ကလေးကို ကြည့်ရှု့ပေးဖို့ အခန်းထဲ ခေါ်သွားခဲ့ပါတယ်။ ကြောင်မကြီးကတော့ သူ့ရဲ့သားလေးကို စိတ်မချလို့ အနောက်ကနေ တကောက်ကောက်လိုက်ကြည့်နေရှာပါသေးတယ်။ နောက်ဆုံးမှာတော့ အမားမှရြှတဲ့ သူနာပြုမကြီးတစ်ယောက်ဟာ ကြောင်မကြီးအတွက် နွားနိုးပန်ကန်လေးယူလာပြီး သူ့အရှေ့ချပေးလိုက်တော့မှ ငြိမ်သွားပြီး နွားနို့ကို အငမ်းမရသောက်နေရှာပါတယ်။

 

“သူ့သားအတွက် တော်တော်စိတ်ပူနေရှာတယ်ထင်ပါတယ်ဗျာ။ ကျွန်တော်စသတိထားမိခဲ့တာ သူကြောင်ပေါက်ကလေးကို ကိုက်ချီပြီး ဝင်ဝင်လာကတည်းကပဲဗျ။ ကျွန်တော်တောင်မှ သူ့ကို ဓာတ်ပုံတွေ တောက်လျှောက်ရိုက်ထားသေးတယ်။ နောက်ဆုံးမှ ဆရာဝန်တွေလည်း တိရစ္ဆာန်အထူးကုတစ်ယောက်ဆီကို ကြောင်မကြီးကော၊ ကြောင်ကလေးကောကိုပါ ခေါ်သွားတာ တွေ့လိုက်ပါတယ်” လို့ ကြောင်မကြီးရဲ့ ဓာတ်ပုံတွေကို ရိုက်ခဲ့တဲ့ Merve Ozcan က ပြောကြားခဲ့ပါတယ်။

READ
ရောဂါသည် ညီလေးအတွက် ကိုယ်တိုင်ဈေးရောင်းပြီး ဆေးဖိုးရှာပေးတဲ့ (၉)နှစ်သားကောင်လေး

Pyi Hein Kyaw

SHARE