တစ်မိသားစုလုံးခေါ်ပြီး အိမ်ပြောင်းလာခဲ့တဲ့ ချစ်စဖွယ် လမ်းဘေးကြောင်မကြီး

[email protected] Orphelins Montréal

ကြောင်ဆိုတဲ့ သတ္တဝါလေးတွေကတော့ လူတိုင်းသိတဲ့အပိုင်းပဲ သခင်ဖြစ်သူတွေပေါ်အရမ်းပွတ်သီးပွတ်သပ်နေတတ်ကြသလို အရမ်းလဲချွဲတတ်ကြပါတယ်။ တစ်နေကုန် အိမ်မှာနေပြီး ကစားရင် ကစား၊ မကစားရရင် တစ်နေကုန်အိပ်နေတတ်ကြတဲ့ ကောင်လေးတွေပါပဲ။ တစ်ချို့ကောင်လေးတွေကျပြန်တော့လည်း တစ်နေကုန်ကို သခင်တွေအနားမှာ ပွတ်သီးပွတ်သပ်နေပြီး ချစ်စရာကောင်းအောင်လုပ်လိုက်၊ ချွဲလိုက်နဲ့ တော်တော်ကို နေတတ်ကြပါတယ်။ အခုပြောချင်တဲ့ ကြောင်မကြီးကတော့ သူ့ကို တစ်ခါအစာကျွေးဖူးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့နေအိမ်ကို ကြောင်ပေါက်လေးတွေနဲ့ ပြောင်းရွှေ့လာတဲ့ ကြောင်မကြီးတစ်ကောင်ဖြစ်ပါတယ်။

Chatons Orphelins Montréal

Canada နိုင်ငံမှာ နေထိုင်တဲ့ Lisianne အမည်ရ အမျိုးသမီးတစ်ယောက်ဟာ သူရဲ့အိမ်နားမှာ အမြဲလိုလို တွေ့ရတဲ့ ကြောင်မကြီးတစ်ကောင်ကို သနားတာနဲ့ တွေ့တိုင်း အစာကျွေး ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ Lisianne တစ်ယောက် အိပ်ရာနိုးနိုးခြင်း အိမ်ရှေ့က မြင်ကွင်းတစ်ခုကြောင့် အံ့သြသင့်ခဲ့ရပါတယ်။ အဲဒါကတော့ သူအစာကျွေးကျွေးနေတဲ့ ကြောင်မကြီးဟာ သူ့ရဲ့ သားသမီး ၆ ကောင်နဲ့အတူတူ အိမ်ရှေ့တံခါး အပြင်ဖက်မှာ ရပ်စောင့်နေတာပဲ ဖြစ်ပါတယ်။

READ
Instagram မှာ နာမည်ကြီးနေတဲ့ အမွှေးမရှိတဲ့ ယုန်ကလေး Mr.Bigglesworth
Chatons Orphelins Montréal

ဒီလိုနဲ့ Lisianne ဟာ အဆိုပါ ကြောင်မကြီးနဲ့ သူ့ရဲ့ သားသမီးတွေကို အိမ်ထဲကို ခေါ်ခဲ့ပြီး နေရာတစ်ခု ပြင်ဆင်ပေးကာ အစာရေစာ ကျွေးမွေးခဲ့ပါတယ်။ ဒါပေမယ့် Lisianne တစ်ယောက် သေသေချာချာ စဉ်းစားကြည့်မိတော့ သူမအနေနဲ့ ရေရှည်မှာ ကြောင် ၇ ကောင်လုံးကို ကျွေးမွေးစောင့်ရှောက်ဖို့ မဖြစ်နိုင်မှန်း သိရှိခဲ့တာကြောင့် သူမရဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ကြောင်ကလေးတွေကို မွေးစားဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ ဒီလိုနဲ့ ကြောင်ပေါက်လေးတွေထဲက တစ်ကောင်ကို Lisianne ရဲ့ သူငယ်ချင်းဖြစ်သူက ခေါ်ယူမွေးစားပေးခဲ့ပါတယ်။

Chatons Orphelins Montréal

“ကျွန်မအိမ်မှာတော့ ကြောင်မကြီးကိုပဲ မွေးထားထဲ့ပါတယ်။ ကျန်တဲ့ ကြောင်သားပေါက်လေး ၅ ကောင်ကိုတော့ Chatons Orphelins လို့ အမည်ရတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတစ်ခုကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့ပါတယ်။ အခုတော့ ကြောင်ပေါက်လေး ၅ ကောင်ကို အဲဒီဂေဟာကပဲ တာဝန်ယူကာ စောင့်ရှောက်ပေးထားပါတယ်။ ကြောင်မကြီးကိုတော့ လက်ရှိမှာ Usagi လို့ အမည်ပေးထားပါတယ်။ Usagi က တော်တော်ချစ်ဖို့ကောင်းသလို အင်မတန် လူယဉ်တဲ့ ကြောင်မကြီးတစ်ကောင်ပါပဲ”လို့ Lisianne က ပြောကြားခဲ့ပါတယ်။

READ
2018 ခုနှစ် Tokyo Game Show မှာတွေ့ရတဲ့ အကောင်းဆုံး Cosplay ဝတ်စုံများ

Pyi Hein Kyaw

SHARE