မိခင်တွေရဲ့ နေ့စဉ်ဘ၀ကို အမှန်ကန်ဆုံး သရုပ်ဖော်ထားတဲ့ ဓာတ်ပုံများ

မိခင်ဘ၀ဆိုတာ အံ့သြစရာအတိဖြစ်ပြီး ကလေးနဲ့မိခင်ကြားထဲကဆက်နွယ်မှုဟာ ဘာနဲ့မှမတူပဲဆန်းကြယ်တဲ့ဆက်နွယ်မှုဖြစ်ကြောင်း လူတိုင်းကပြောဆိုကြလေ့ရှိပါတယ်။ ဒါပေမယ့် မိခင်တွေရဲ့ဘ၀က အမြဲတမ်းပန်းခင်းလမ်းလိုဖြောင့်ဖြူးနေတာတော့မဟုတ်ပါဘူး။ မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ အရင်တစ်ကိုယ်တည်းနေထိုင်တုန်းကပုံစံလိုမျိုးပြုမူနေထိုင်လို့မရတော့ပါဘူး။

ညဘက်တစ်ညလုံး ကောင်းကောင်းမအိပ်ရတဲ့ အချိန်တွေရှိလာပြီး၊ တစ်ကိုယ်ရည် လုံခြုံမှုကောင်းကောင်း မရတော့တာတွေဟာ မိခင်တွေရဲ့ဘ၀ပါ။ ရေချိုးခန်း၊ အိမ်သာသွားတဲ့အခါမှာလည်း တစ်ယောက်တည်း မဟုတ်တော့ပဲ ကလေးတွေကအနားလာကပ်နေတဲ့ အချိန်မျိုးတွေရှိလာမယ့် အပြင် ကိုယ့်အင်္ကျီဟာကလေးတွေအတွက်မျက်နှာသုတ်စရာ၊ နှပ်သုတ်စရာအ၀တ်လည်းဖြစ်နေနိုင်ပါသေးတယ်။ မိခင်ဘ၀ဆိုတာက လက်တစ်ဖက်က ကလေးထိန်းနေရင်း အခြားလက်တစ်ဖက်နဲ့ အလုပ်တွေ အမြန်ပြီးအောင် ဘယ်လိုလုပ်ရမလဲလို့သင်ယူရတာမျိုးပါ။

ကိုယ့်မျက်နှာကိုကန်လိုက်တဲ့ ခြေထောက်ကလေးတစ်ဖက်ကြောင့် အိပ်ရာကနိုးလာရတာ၊ အချိန်မရွေး နေရာမရွေးကလေးနို့ဆာရင် နို့ချိုတိုက်ရတာတွေဟာ မိခင်တွေမကြာခဏတွေ့ကြုံရတဲ့အရာလေးတွေပါ။ မိခင်တစ်ယောက်ရဲ့ဘ၀ဆိုတာ ပျော်ရွှင်မှုတွေ၊ အချစ်တွေ၊ တာဝန်ဝတ္ထရားတွေနဲ့ကိုယ်ကျိုးစွန့်လိုမှုတွေအားလုံး ပေါင်းစည်းထားခြင်းသာဖြစ်ပါတယ်။ အောက်ဖက်မှာတော့ မိခင်တွေရဲ့ တကယ့်သရုပ်မှန်ဟာဘယ်လိုရှိမလဲဆိုတာသိချင်ကြတဲ့စာဖတ်သူတွေအတွက် ဓာတ်ပုံလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

READ
မင်းသမီး ရှုံးလောက်တဲ့ ဘဲလေးအက ဆရာမလေး

ရေအိမ်တစ်ယောက်တည်းသုံးလို့မရတော့ပါဘူး

ကလေးတွေအကုန်အိပ်တဲ့အခါ..

အိပ်ရေး၀၀အိပ်ရတယ်လို့မရှိတော့ပါဘူး…ကလေးတွေက လိုက်ရှာကြတာကိုး

ကလေးတွေပျော်အောင်ဖျော်ဖြေရပါသေးတယ်

တစ်ယောက်တည်းအေးဆေးဈေးဝယ်ထွက်လို့မရတော့ဘူး

ကောင်းကောင်းအိပ်လို့ကိုအဆင်မပြေတော့တာ..

ကလေးနို့ဆာရင် အချိန်နေရာ၊မရွေး နို့တိုက်ရပါသေးတယ်

အ၀တ်လျော်ရင်လည်း ကလေးတွေပါတာပဲ

တစ်ခါတစ်လေတော့ ၀ိုင်ကိုအရသာခံသောက်ပြီးဖုန်းကြည့်ဖို့အချိန်လေးလိုတာပေါ့

ရေချိုးရင်လည်း ကလေးတွေကလိုက်ပါတာပဲလေ

 

လင်းလင်း(ShweMom)

Ref: BoredPanda

SHARE