တူရကီနိုင်ငံက အယ်လ်ယာချာဂလာဆိုသူ မိခင်တစ်ဦးဟာ ပါရမီထူးသူ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ သူမရဲ့ သမီးဖြစ်သူ အသက်(၅) နှစ်အရွယ် စတီဖာနီကို ချစ်စဖွယ်ဝတ်စုံလေးတွေ ဖန်တီးပြင်ဆင်ပေးပြီး အင်စတာဂရမ်အကောင့် seasunstefunny ပေါ် တင်ရာမှ ကျော်ကြားလာသူတစ်ဦး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ခန့်က အယ်လ်ယာနဲ့ စတီဖာနီတို့ သားအမိဟာ ပန်းပွင့်တွေ၊ ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေနဲ့ ၀တ်စုံဒီဇိုင်းတွေကို ဖန်တီးခဲ့ပါသေးတယ်။
အယ်လ်ယာက “အခုလို ဆယ်လီတွေရဲ့ ၀တ်စုံဒီဇိုင်းပုံတူတွေရအောင် ဖန်တီးဖို့ (၁၀) မိနစ်ကနေ နာရီဝက်လောက်ထိ ကြာတတ်ပါတယ်။ ကျွန်မတို့က ပလတ်စတစ်၊ စက္ကူ၊ သံဖြူပါးအလွှာလေးတွေနဲ့ အိမ်ထဲမှာ အလွယ်တကူရှိနေတဲ့ ပစ္စည်းလေးတွေ သုံးပြီး ၀တ်စုံလုပ်ပါတယ်။ အားလုံးပြီးသွားတော့ စတာပလာနဲ့ ချုပ်လိုက်တာပဲ။” လို့ ဆိုပါတယ်။ အောက်မှာတွေ့ရမှာကတော့ မိခင်ဖြစ်သူ အယ်လ်ယာဟာ ကော်ဇောနီပေါ်က ကျော်ကြားသူဆယ်လီတွေ ၀တ်ဆင်ကြတဲ့ အ၀တ်အစားတွေကို ပြန်လည်ဖန်တီးပြီး သမီးဖြစ်သူ စတီဖာနီကို ၀တ်ဆင်ပေးတဲ့ ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်။
















လင်းလင်း (ShweMom)
Ref: boredpanda