မိခင်ကျွေးတဲ့ ဖြည့်စွက်စာကြောင့် ကျောက်ကပ်ထဲ ကျောက်တွေတည်ခဲ့တဲ့ ကလေးငယ်

(၂၀၁၈) ခုနှစ် ဒီဇင်ဘာလရဲ့ နေ့တစ်နေ့မှာ တရုတ်ပြည်နယ် ကွမ်ကျိုးမြို့က (၂၂) လသားအရွယ် ကလေးမလေးတစ်ယောက်ဟာ ဆေးရုံကို အမြန်ရောက်ခဲ့ရပါတယ်။ ဆေးရုံရောက်လာတဲ့အကြောင်းက ကလေးရဲ့ဆီးထဲမှာ သွေးစတွေ တွေ့ရလို့ဖြစ်ပါတယ်။ ကလေးကို အာထရာဆောင်းရိုက်ပြီး စစ်ကြည့်တဲ့အခါမှာတော့ ဆရာဝန်တွေက ကလေးရဲ့ ကျောက်ကပ်နှစ်ခုထဲမှာ ကျောက်(၉) လုံးရှိနေတာကို တွေ့ခဲ့ရပါတယ်။ အကြီးဆုံး ကျောက်ကြီးဆိုရင် (၂) စင်တီမီတာ အရွယ်အစားလောက်တောင် ရှိနေပါတယ်။

ကျောက်တွေဟာ ကလေးဆီးထွက်ပြွန်ရဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ပိတ်နေတာကြောင့် ကျောက်ကပ်က ယောင်လာပြီး ပုံမှန်အလုပ်မလုပ်တော့တာ ဖြစ်ပါတယ်။ ကလေးရဲ့ အသက်နဲ့ ဖြစ်နေတဲ့ ရောဂါကို မြင်ပြီး ဆရာဝန်တွေက စိတ်မသက်သာကြပါဘူး။ ငယ်ငယ်လေးနဲ့ ဘာကြောင့် ဒီလောက်ထိဖြစ်ရသလဲဆိုတာ ကလေးမိခင်ကို မေးလိုက်တော့မှပဲ အဖြေပေါ်လာခဲ့ပါတော့တယ်။ ကလေးမိခင်ရဲ့ အဆိုအရ ကလေးက လမစေ့ပဲ စောမွေးပြီး တခြားကလေးတွေထက် ညှက်နေပါတယ်။ ဒါကြောင့် အရွယ်ေရာက်လာတဲ့အခါ အရပ်မထွက်လာမှာ စိုးတာရယ်၊ တခြားကလေးတွေနည်းတူ မဖွံ့ဖြိုးမှာ စိုးရိမ်တာရယ်ကြောင့် မိခင်အမျိုးသမီးဟာ ကယ်လ်ဆီယမ်တက်ဘလက်ပြားတွေကို အမှုန့်ကြိတ်ပြီး နို့နဲ့ရောကာ ကလေးကို တိုက်ပါတယ်။ ယူဆရတာက ၄င်းအမျိုးသမီးဟာ ကလေး(၁၀) ရက်သား လောက်မှာကတည်းက အခုလို စပြီး တိုက်ကျွေးနေတယ်လို့ နားလည်ရပါတယ်။

READ
ဝက်ဝံကြီးကိုကြောင်လေးတစ်ကောင်လိုပွတ်သပ်ကျီစယ်ပြီးဓာတ်ပုံအတူတွဲရိုက်ခဲ့တဲ့မိန်းကလေး
Guang Ming

ကလေးက (၁၀) လသား ရောက်လာတဲ့အခါ သွားမထွက်လာသေးလို့ ၄င်းအမျိုးသမီးက သူ့သမီးလေးဟာ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့နေတယ်ဆိုပြီး ကယ်လ်ဆီယမ်တွေ ပိုတိုက်ကျွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကလေးကို ကယ်လ်ဆီယမ်တွေ ထပ်တိုးပြီး ကျွေးတဲ့အပြင် ငါးကြီးဆီကိုလည်း ဖြည့်စွက်စာအနေနဲ့ တိုက်ပြန်ပါတယ်။ ၄င်းအမျိုးသမီးရဲ့ လွဲမှားတဲ့အာဟာရတိုက်ကျွေးမှုရလဒ်ကြောင့် ကလေးငယ်လေးရဲ့ ကျောက်ကပ်ထဲမှာ ကျောက်တွေ တည်လာတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဒီအဖြစ်အပျက်အကြောင်းကြားရတာ တကယ့်ကို ရင်တုန်ပန်းတုန်ဖြစ်စရာပါပဲ။ ကံကောင်းတာက ကလေးမလေးရဲ့  ကျောက်ကပ်ထဲမှာ ရှိနေတဲ့ ကျောက်တွေကို အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ဖယ်ထုတ်ပြီးပြီလို့ သိရပါတယ်။ အခုတော့ ကလေးမလေးခမျာ အခြေအနေသက်သာလို့ ဆေးရုံကနေတောင် ဆင်းပြီး အိမ်ပြန်ရောက်နေပါပြီ။ ဒီဖြစ်ရပ်ဟာ သားငယ်သမီးငယ်လေးတွေရှိကြတဲ့ မိဘတွေအတွက်တော့ သင်ခန်းစာယူဖွယ်ပါ။

Guang Ming

ဆရာဝန်တွေက မိခင်နို့ရည်သာ ကလေးငယ်တွေအတွက် အကောင်းဆုံးဖြစ်ပြီး အသက်(၆) နှစ်အောက် ကလေးတွေကို ဘယ်လိုအာဟာရဖြည့်စွက်စာမျိုးမှ ကိုယ့်သဘောနဲ့ကိုယ်မတိုက်ကျွေးကြဖို့ သတိပေးထားပါတယ်။ မိခင်ရဲ့ သားသမီးအပေါ်မှာ ထားတဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကို အပြစ်ဆိုဖွယ် မရှိပေမယ့်လည်း ငယ်ရွယ်နုနယ်တဲ့ သားသမီးတွေကို အာဟာရတိုက်ကျွေးချင်တယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ သမားတော်တွေနဲ့သာ တိုင်ပင်တိုက်ကျွေးသင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

READ
လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ ဖခင်ကို သတ်ပစ်ခဲ့ကြတဲ့ ဆယ်ကျော်သက် သမီး(၃)ယောက်

လင်းလင်း (ShweMom)

Ref: worldofbuzz , www.guangmin.com

SHARE