မွေးခါကလေးလေးကို အမှိုက်ပစ်သလို ပစ်သွားခဲ့တဲ့ ထိုင်းကမိခင်

Elite Readers

ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဝမ်းသာစရာလည်း ကောင်းသလို တစ်ချိန်တည်းမှာလည်း စိတ်ဖိစီးမှုများတဲ့ ကာလပဲဖြစ်ပါတယ်။ လူသားတစ်ယောက်ကို မွေးထုတ်ပေးရတော့မယ်ဆိုတဲ့အသိနဲ့ တချို့အမျိုးသမီးတွေအတွက်ကတော့ ကြည့်နူးစရာဘဝအချိုးအကွေ့တစ်ခုဖြစ်ပေမယ့် တချို့အမျိုးသမီးတွေအတွက်ကတော့ မမျှော်လင့်ဘဲ ရတဲ့ ဆန္ဒမပါတဲ့ ကိုယ်ဝန်ကြောင့် စိတ်ဒုက္ခရောက်တတ်ကြပါတယ်။

ဒါကြောင့်ပဲ ကိုယ်ဝန်တွေဖျက်ချတတ်သလို တစ်ခါတလေတော့လည်း မွေးပြီးမှ လူသူမမြင်နိုင်တဲ့နေရာမှာ စွန့်ပစ်တဲ့အဖြစ်အပျက်တွေ ရှိနေတာပါ။

မကြာသေးမီကပဲ ယိုးဒယားနိုင်ငံရဲ့ ရွာလေးတစ်ရွာမှာလည်း ဒီလိုစွန့်ပစ်မှုတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ မွေးပြီး (၁၂) နာရီပဲရှိသေးတဲ့ ကလေးလေးကို အမှိုက်ပုံမှာလာရောက်စွန့်ပစ်ထားရာမှ ဘေးပတ်ဝန်းကျင်ကလူတွေက ကလေးငိုသံကြားပြီး အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။

Elite Readers

ကလေးလေးဟာ မိန်းကလေးဖြစ်ပြီး စောင်တွေနဲ့အထပ်ထပ်ပတ်ကာ လွယ်အိတ်တစ်အိတ်ထဲထည့်ထားပြီး အမှိုက်ပုံမှာ လာစွန့်ထားတာပါ။ အာဏာပိုင်တွေက ကလေးကို ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပါတယ်။

Elite Readers

အခုတော့ စွန့်ပစ်ခံသမီးလေးဟာ ချင်းမိုင်မှာရှိတဲ့ Lanna ဆေးရုံမှာ စိတ်ချရတဲ့ အနေအထားအဖြစ်ရှိနေပါတယ်။ ဒီလိုစွန့်ပစ်ခံရတဲ့သတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားကာ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူတွေတော်တော်များများဟာ ကလေးလေးကို မွေးစားဖို့အတွက် စိတ်ဝင်တစားရှိလို့နေပါတယ်။

READ
ဂဏန်းအရှာထွက်ရာမှ ရွှံ့ထဲနစ်ခဲ့တဲ့သားအမိ
Elite Readers

ကလေးလေးဟာ ကျန်းကျန်းမာမာနဲ့ရှိနေပြီး မကြာခင်မှာပဲ မိဘမဲ့ဂေဟာသို့ အပို့ခံရမှာပဲဖြစ်ပါတယ်။ အခုလိုမွေးစားချင်တဲ့လူတွေလည်း များပြားနေတဲ့အတွက် သူမရဲ့ဘဝလေးကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းမှာအသေအချာပါပဲ။ ပို့ဆောင်ခံရတဲ့ မိဘမဲ့ဂေဟာရဲ့ နာမည်ကတော့ Vieng Ping ပဲဖြစ်ပြီး ကလေးကို အတည်တကျနဲ့ တရားဝင်မွေးစားမယ့် အိမ်မတွေ့သေးသ၍ ဂေဟာမှာပဲ နေရဦးမှာဖြစ်ပါတယ်။

Elite Readers

Source : Elite Readers

Penny

SHARE