ကျားသစ်ပေါက်လေးတွေ ကားလမ်းကူးတာ ကူညီပေးနေတဲ့ မိခင် ကျားသစ်မကြီး

Youube-Leopard Mother Crossing Road With Her Two Cubs Caught On Camera

မိဘမေတ္တာဆိုတာ လူတွေမှာသာမက တိရစ္ဆာန်တွေမှာပါ ရှိပါတယ်။ တစ်ချို့တွေကတော့ တိရစ္ဆာန်ဆိုတာ အရိုင်းကောင်သာသာပဲ ရှိတာမို့လို့ မိဘစိတ်မရှိဘူးလို့ ထင်ကောင်းထင်နေကြလိမ့်ပါမယ်။ တစ်ကယ်တော့ သတ္တဝါတိုင်းမှာ မိဘမေတ္တာဆိုတာရှိပါတယ်။ အခုပြောပြချင်တြ့အကြောင်းကတော့ ကားလမ်းမပေါ်မှာ သွားရခက်နေတဲ့ ကျားသစ်ပေါက်လေးနှစ်ကောင်ကို မိခင်ကျားသစ်မကြီးက စောင့်ပြီးခေါ်နေတဲ့ ဗီဒီယိုင်လေးပဲ ဖြစ်ပါတယ်။

Youube-Leopard Mother Crossing Road With Her Two Cubs Caught On Camera

ဗီဒီယိုကိုတော့ အသက် ၆၄ နှစ်အရွယ်ရှိ Thinus Delport လို့အမည်ရတဲ့ အမျိုးသားကြီးတစ်ယောက်က တောင်အာဖရိကနိုင်ငံရှိ Kruger National Park မှာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ Delport ဟာ သူ့သမီးဖြစ်သူတွေကို သားရဲတိရစ္ဆာန်တွေရဲ့ ဘဝကို လက်တွေ့ကျကျပြချင်တာကြောင့် အခုလို သမီးတွေကို ခေါ်လာခဲ့တာဖြစ်ောကာင်း သိရပါတယ်။

Youube-Leopard Mother Crossing Road With Her Two Cubs Caught On Camera

အစပိုင်းမှာတော့ Delport ဟာ ကျားသစ်မကြီးကို ကားလမ်းဘေးက ချုံပုတ်ထဲမှာ ဝပ်နေတာတွေ့လိုက်ရတာကြောင့် ကားကို ရပ်လိုက်ပြီး အခြားဖက်က ကားတွေကိုလည်း ကားရပ်ထားဖို့ အချက်ပြလိုက်ပါတယ်။ လမ်းသွားလမ်းလာကားတွေ မရှတော့တဲ့အချိန်မှာမှ ကျားသစ်မကြီးဟာ ချုံပုတ်ထဲကနေ ကျားသစ်ပေါက်လေးနှစ်ကောင်နဲ့ ထွက်လာပါတယ်။ ကျားသစ်ပေါက်လေးနှစ်ကောင်မှာ တစ်ကောင်ကတော့ လမ်းမပေါ်ရောက်မှ လာခဲ့တဲ့ လမ်းဖက်ကို ပြန်သွေားချင်တဲ့ပုံစံနဲ့ လမ်းမပေါ်မှာ ပေတေပြီးနေခဲ့ပါတယ်။

READ
မြောက်ကိုရီးယား နယ်စပ်အနီးမှာ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကြီးကို ရှာဖွေတွေ့ရှိ

 

 

View this post on Instagram

 

There is no need to go to Oklahoma to see cute cubs, GO TO AFRICA INSTEAD! Watch the unbelievably cute moment filmed on camera when a leopard mother is seen helping her cute newborn Leopard cubs cross the road in the Kruger National Park. The heart-warming cuteness of these little ones is almost unbearable and all we can do is watch. When you get the opportunity to capture it on film, it makes the sighting even more special. Full video, link in bio (https://bit.ly/LeopardCubsCrossRoad) Tags: #Nature #travel #vacation #animals #adventure #outdoors #explore #lucky #wilderness #Tourist #Visiting #animal #camping #wild #africa #wildlife #safari #Krugernationalpark #Kruger #Krugerpark #Knp #Exploring #naturephotography #beautiful #leopard #leopards #cub #catssofinstagram #video #Cute

A post shared by Latest Sightings – Kruger (@latestkruger) on

အဲဒီနောက်မှာတော့ ကျားသစ်မကြီးဟာ အဆိုပါလမ်းမပေါ်မှာ လှဲနေတဲ့ ကျားသစ်ပေါက်လေးဆီ ပြန်လှည့်သွားပြီး ဂုတ်ကနေချီကာ သွားရမယ့်ဖက်ကို လှည့်ပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ တစ်ဖက်လမ်းကို ရောက်နေတဲ့ ကျားသစ်ပေါက်လေးကလည်း လမ်းမပေါ်ပြန်ရောက်လာပြီး ကျားသစ်ပေါက်လေးနှစ်ကောင်ဟာ လာရာလမ်းအတိုင်း ပြန်သွားချင်တဲ့ ပုံစံတွေ လုပ်ပြနေပါတယ်။ နောက်မှာတော့ ကျားသစ်မကြီးဟာ သူ့သားတွေဆုံးဖြတ်ချက်အတိုင်းသွားဖို့စဉ်းစားခဲ့ဟန်နဲ့ ဒီအတိုင်းရပ်နေလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ကျားသစ်ပေါက်လေးနှစ်ကောင်ဟာ မိခင်ကြီးသွားချင်တဲ့ လာရာလမ်းနဲ့ ဆန့်ကျင်ဖက်အရပ်ကို မျက်နှာမူပြီး ဆက်လျှောက်သွားကြပြီး ကျားသစ်မကြီးလဲ သူတို့နှစ်ကောင်နဲ့ လိုက်သွားပါတော့တယ်။

READ
ဝတ်ထားတဲ့ရှပ်အင်္ကျီနဲ့ပြန်ပတ်မိကာ လည်ပင်းအစ်ပြီးသေဆုံးခဲ့ရတဲ့ ကလေးငယ်

Pyi Hein Kyaw

SHARE