အိမ်သန့်ရှင်းရေး စည်းကမ်းတွေကိုလိုက်နာဖို့ ကလေးတွေနဲ့စာချုပ်ချုပ်ခဲ့တဲ့မိခင်

Twitter-Katrina Neathey

မိဘတွေအနေနဲ့ သားသမီးတွေအပေါ် ကျေပွန်ရမယ့် ဝတ္တရားတွေထဲ သားသမီးတွေအရွေယ်ရောက်လာတဲ့အခါ ကိုယ့်တာဝန်ကိုယ်ယူတတ်ပြီး ဘဝမှာ ဘယ်သူမှကိုယ့်အနားမရှိရင်တောင်မှ အကောင်းဆုံးရပ်တည်ဖို့အတွက် ကိုယ့်အားကိုယ်ကိုးနိုင်အောင် ပဲ့ပြင်လမ်းညွှန်ပြတာကတော့ ထိပ်ဆုံးက ပါဝင်နေပါတယ်။

ဒီအတွက် အနောက်နိုင်ငံမှ မိခင်တစ်ဦးဟာ သူမရဲ့ကလေးတွေကို ကိုယ့်တာဝန်ကိုယ်ယူတတ်စေဖို့အတွက် အကြံတစ်ခုထုတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူမဟာ ကလေးသုံးယောက်နဲ့ သဘောတူစာချုပ်တစ်ခု ချုပ်ဆိုတာပါ။ စာချုပ်ထဲမှာတော့ ကလေးတွေ အိမ်မှာလိုက်နာရမယ့်စည်းကမ်းတွေ ပါဝင်ပါတယ်။ တကယ်လို့ စာချုပ်ပါစည်းကမ်းတစ်ခုခုကို ချိုးဖောက်ခဲ့ရင်တော့ ဒဏ်ကြေးငွေ (၅) ပေါင် သို့မဟုတ် ရက်အနည်းငယ်ကြာအောင် ဖုန်းအသိမ်းခံရမှာပဲ ဖြစ်ပါတယ်တဲ့။

Twitter-Katrina Neathey

ကတ်ထရီနာနီယာသေးဟာ သူမကလေးတွေရဲ့  ဝေယျာဝစ္စတွေကို နှစ်ပေါင်းများစွာကြာအောင် ပြုလုပ်ခဲ့သူပါ။ သူမမှာ (၁၉) နှစ်အရွယ် ဟေဒန်အမည်ရှိတဲ့ သားတစ်ယောက်၊ (၁၈) နှစ်အရွယ် ဂျိုရွှာအမည်ရတဲ့ သားတစ်ယောက်နဲ့ (၁၃) နှစ်အရွယ်သမီး အိုလီဗီယာတို့ ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကတ်ထရီနာဟာ ကလေးတွေရှေ့ကရှုပ်ထားခဲ့တဲ့ အမှိုက်တွေကို လိုက်ရှင်းနေတာ စိတ်ပျက်လာခဲ့ပါတယ်။ ဒါကြောင့် ကလေးတွေ စည်းကမ်းရှိဖို့အတွက် သူမဟာ စည်းကမ်းအချို့ကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။

READ
အိုင်ယာလန်မြောက်ပိုင်းမှာ ပထမဆုံးလိင်တူချစ်သူမင်္ဂလာပွဲကျင်းပခဲ့ကြတဲ့ စုံတွဲ
Twitter-Katrina Neathey

စည်းကမ်းချက်တွေထဲမှာတော့ အ၀တ်တွေကို သေချာသပ်သပ်ရပ်ရပ်ထားတာ၊ ပန်းကန်ဆေးပြီးသားတွေကို မှောက်ပေးတာနဲ့ အခန်းထဲ အစားမစားရတဲ့စည်းကမ်းချက်တွေလည်း ပါဝင်ပါတယ်။ တကယ်လို့ ဒီစည်းကမ်းတွေကို အကြီးနှစ်ယောက်က ချိုးဖျက်ခဲ့ရင် (၅) ပေါင်ဒဏ်ကြေးတပ်ခံရမှာဖြစ်ပြီး အငယ်ဆုံးသမီးက ချိုးဖောက်ရင်တော့ ဖုန်းအသိမ်းခံရမှာ ဖြစ်ပါတယ်။

Twitter-Katrina Neathey

ကတ်ထရီနာက ရှင်းပြခဲ့တာမှာ “ကလေးတွေက ညစ်ပတ်နေတဲ့အ၀တ်တွေဆို ၀ှက်ထားတယ်။ စားပြီးသားပန်းကန်တွေကိုလည်း ဗီရိုတွေနောက်မှာထားတယ်။ နို့ဘူးတွေကျန်ရင်လည်း မလွှင့်ပစ်ပဲ ဒီတိုင်းထားတယ်။ အဆိုးဆုံးကတော့ စဉ့်တီတုံးတွေသုံးပြီးရင် ပြန်မဆေးထားတာပါပဲ…” လို့ ဆိုပါတယ်။ ဒီစည်းကမ်းတွေကို ကတ်ထရီနာက သူမရဲ့ ဒေါ်လာ (၂၆၀၀) တန် ကော်ဇောကြီးမှာ ကလေးတွေလုပ်လို့ ညစ်ပတ်သွားရာကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်တဲ့။

ဘယ်လိုပဲဖြစ်ဖြစ် မိခင် ကတ်ထရီနာရဲ့ အကြံလေးကတော့ ကလေးတွေကို အပြည့်အဝထိန်းချုပ်နိုင်လောက်မယ် ထင်တာပဲနော်။

READ
ကြမ်းတမ်းတဲ့ စကားပြောမိလို့ ရက်စက်တဲ့ အပြစ်ဒဏ်ပေးခံလိုက်ရတဲ့ ကျောင်းသားလေး

လင်းလင်း (ShweMom)

SHARE