ဘုရားသခင်မှာ ဟာသဉာဏ်ရှိပါတယ်လို့ ပြောလာခဲ့တဲ့ အမြွှာလေးနှစ်စုံရဲ့မိခင်

BRProud News - NBC Local 33 / Fox44

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်က စုံတွဲတစ်တွဲဟာ ဒုတိယအကြိမ်မြောက် အမြွှာလေးတစ်စုံကိုမွေးခဲ့ပြီဖြစ်ကြောင်း People သတင်းစာမျက်နှာက ဆိုပါတယ်။ Erin Credo ဆိုသူ အမျိုးသမီးဟာ လွန်ခဲ့တဲ့၆နှစ်တုန်းက Cooper နဲ့ Grant အမည်ရတဲ့ အမြွှာယောက်ျားလေးတစ်စုံကို မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့စက်တင်ဘာ၂၂ရက်နေ့မှာတော့ Lola နဲ့ Allie လို့အမည်ပေးထားတဲ့ အမြွှာမိန်းကလေးတစ်စုံကိုထပ်ပြီးမွေးဖွားခဲ့ကြောင်း သိရပါတယ်။

youtube/BRProud News – NBC Local 33 / Fox44

ကလေး၎ယောက်မိခင်ဖြစ်တဲ့ Erin ကတော့ သူမရဲ့မိခင်ဘဝအတွေ့အကြုံဟာ စိတ်လှုပ်ရှားစရာ၊ အံ့အားသင့်စရာပါလို့ဆိုပါတယ်။ “ကျွန်မ အာထရာဆောင်းရိုက်တော့ ဘာပြောရမယ်ဆိုတာမသိတော့ဘူး။ ကျွန်မက အာထရာဆောင်းဓာတ်ပုံကို ကျွန်မအမျိုးသားဆီပို့လိုက်တယ်။ သူက ယောက်ျားလေးတွေလားတဲ့။ မဟုတ်ဘူး မိန်းကလေးအမြွှာလို့။ သူက ဒီတော့ဘုရားတတယ်။” လို့ Erin က ပြောပါတယ်။

BRProud News – NBC Local 33 / Fox44

မိန်းကလေးအမြွှာမှန်းသိပြီးတဲ့နောက် Erin တို့ ဇနီးမောင်နှံဟာ အရမ်းစိတ်လှုပ်ရှားခဲ့ပါတယ်။ Erin ရဲ့ကိုယ်ဝန်ကိုတာဝန်ယူထားတဲ့ ဒေါက်တာ Cliff More ကတော့ အခုလို ဒုတိယအကြိမ်မြောက် လိင်တူအမြွှာမွေးခြင်းဟာ ကိုယ်ဝန် ၁၁၁,၁၁၁ မှာမှ တစ်ဦးသာဖြစ်ခဲတယ်လို့ ဆိုပါတယ်။ သူမဟာ နှစ်စဉ် အမျိုးသမီးဆေးရုံမှာ ကလေးဦးရေ ၈ထောင်ကိုမွေးဖွားခဲ့ပြီး ဒါမျိုးက ၁၅နှစ်ကြာမှ တစ်ခါသာကြုံတတ်ကြောင်း ပြောပြခဲ့ပါတယ်။

READ
ထရမ့်ပ်-ကင်မ် ထိပ်သီးဆွေးနွေးပွဲကနေ ကင်းကင်းနေဖို့ သတိပေးခံလိုက်ရတဲ့ ကင်ဂျုံအန်အတု
BRProud News – NBC Local 33 / Fox44

Erin နဲ့သူမအမျိုးသား Jake တို့ဟာ သားလေးတွေကို အခက်အခဲတွေကြားထဲက ရခဲ့တာပါ။ ဒါကြောင့် အခုလို အမြွှာသမီးလေးတွေရလာတော့ သူတို့အတွက် အံ့အားသင့်စရာဖြစ်ခဲ့တာပါ။ ဒါပေမဲ့လည်း Erin တို့မိသားစုဟာ သြဂုတ်လမှာတော့ တစ်မိသားစုလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလိုက်ရပါတယ်။ ဒါပေမဲ့လည်း ကံကောင်းချင်တော့ ဘယ်သူမှဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ဘဲ ရောဂါပျောက်သွားခဲ့ပါတယ်။

BRProud News – NBC Local 33 / Fox44

Erin နဲ့ Jake တို့ရဲ့သမီးလေးတွေကို ရက်သတ္တပတ် ၃၂ ပတ်မှာ လစေ့ဘဲမွေးခဲ့တာပါ။ စက်တင်ဘာ၂၂ရက်မှာမွေးပြီးတာနဲ့ အထူးကြပ်မတ်ကုသဖို့အတွက် မွေးကင်းစကလေးဆောင်မှာ ထားပြီး အောက်တိုဘာ၂၀ရက်မှာတော့ အမြွှာလေးတွေဟာ ဝိတ်တက်လာပြီဖြစ်လို့ ဆေးရုံဆင်းခွင့်ရခဲ့တာဖြစ်ပါတယ်။ Erin ကတော့ ဒီလိုလှပတဲ့သမီးလေးတွေကို လက်ဆောင်အဖြစ်ရတဲ့အတွက် ပျော်ရွှင်မိကြောင်းနဲ့ ဘုရားသခင်မှာ တကယ်ပဲဟာသဉာဏ်ရှိပါတယ်လို့ ပြောခဲ့ပါသေးတယ်။

ShweMom

SHARE