သွားလေသူ သမီးအတွက် သူမရင်ငွေ့လှုံထားတဲ့ အရုပ်လေးထည့်ပေးခဲ့တဲ့ အမျိုးသမီး

ရဲရင့်လှတဲ့ ကလေးမိခင်တစ်ဦးဟာ အမွှာ(၃) ဦး ကိုယ်ဝန်ဆောင်ခဲ့ရာမှာ တစ်ဦးဟာ ဗိုက်ထဲမှာတင် သေဆုံးနေခဲ့ပြီဆိုတာကို သိခဲ့ရပါတယ်။ သူမကတော့ အသက်(၃၃) နှစ်အရွယ် ခရစ္စတီအလက်ဇန္ဒြားဆိုသူ ဖြစ်ပါတယ်။ ခရစ္စတီနဲ့ သူမရဲ့ အမျိုးသားဖြစ်သူ ဂျွန်တို့ဟာ အမွှာ(၃) ဦးကိုယ်ဝန်ရှိတဲ့အကြောင်း ကြားရတဲ့အခါ အရမ်းဝမ်းသာခဲ့ကြပါတယ်။

Kristy Alexander

ဒါပေမယ့် (၄) လအရောက်မှာတော့ အာထရာဆောင်းစကန်သွားဖတ်တဲ့အခါမှာ အမွှာကလေးတစ်ယောက်က သေနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီနဲ့ ဂျွန်တို့ဟာ ဇူလိုင်လ(၂၀၁၇) ခုနှစ်တုန်းက ဘုံနီအမည်ရတဲ့ သမီးဦးလေးကို မွေးဖွားခဲ့ပါတယ်။ (၂၀၁၈) ခုနှစ်အရောက်မှာတော့ သူမဟာ အမွှာကိုယ်ဝန်ထပ်ရှိနေတာကို သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

Kristy Alexander

သေသွားတဲ့ ကလေးလေးကိုတော့ ခရစ္စတီက ဒေါ်တီလို့ နာမည်ပေးထားပါတယ်။ သူမဟာ ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်လုံးမှာ ခရမ်းရောင်ယုန်ရုပ်လေးတစ်ရုပ်ကို သူမအနားကနေ မခွာပဲ ပွေ့ဖက်ထားခဲ့ပါတယ်။ တကယ်တော့ ဒီယုန်ရုပ်လေးကို ခရစ္စတီက သူမရဲ့ သမီးလေးဒေါ်တီကို ပေးလိုက်ဖို့အတွက်ဖြစ်ပါတယ်။

READ
အိမ်ပြေး ခင်ပွန်းသည်ကို (၃) နှစ်ကြာမှ TikTok ကနေ ပြန်တွေ့ခဲ့တဲ့ အမျိုးသမီး
Kristy Alexander
Kristy Alexander

တကယ်လို့ ကလေးမွေးပြီးတဲ့အခါ ဒေါ်တီလေးဟာ သူမ၀မ်းထဲက ထွက်ခွာသွားခဲ့ရရင် သူမရဲ့ မိခင်ကိုယ်ငွေ့လှုံထားတဲ့ ယုန်ရုပ်ကလေးကို ဒေါ်တီနဲ့ တစ်ပါတည်း ထည့်ပေးလို့ရအောင် ဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် တစ်ယောက်တည်း ထွက်ခွာသွားရတဲ့ သမီးဖြစ်သူကို ခရစ္စတီက အထီးမကျန်စေရဖို့ ဖြစ်ကြောင်းလည်း သိရပါတယ်။ ထူးခြားလွန်းတဲ့ မိဘမေတ္တာလေးပါပဲ။

Kristy Alexander
Kristy Alexander
Kristy Alexander

လင်းလင်း (ShweMom)

Ref: dailymail

SHARE