(၇) နှစ်အရွယ်နဲ့ အပိုဝင်ငွေရှာနေတဲ့ သားလေးကို သူခိုးအဖြစ် အထင်မှားခဲ့တဲ့ မိခင်

facebook/Puan Hasmi Samsuddin

အခြားကလေးငယ်တွေက ကျောင်းတက်တုန်း ကျောင်းစာနဲ့ လုံးပမ်းနေချိန်မှာ အခုဖော်ပြမယ့် အသက် (၇) နှစ်အရွယ် ကလေးတစ်ယောက်ကတော့ ကျောင်းတက်ရင်း ငွေရှာနေခဲ့တာကို asiaone သတင်းမှာ တွေ့ရပါတယ်။ ဒီသတင်းကိုတော့ ဇန်န၀ါရီလ (၃) ရက်နေ့မှာ ကလေးရဲ့ မိခင်ဖြစ်သူကိုယ်တိုင် ဖေ့စ်ဘုတ်ပေါ် တင်ခဲ့တာပါ။

အဆိုပါ ကလေးအမေက သူမရဲ့ သားဖြစ်သူဟာ တိတ်တိတ်ကလေး ၀င်ငွေအပိုတွေရအောင် ရှာနေတယ်လို့ ပြောပြပါတယ်။ သားဖြစ်သူဟာ ကျောင်းစတက်လို့ ဒုတိယမြောက်နေ့မှာပဲ သူမကို စုဗူးတောင်းခဲ့တာ ဖြစ်ပါတယ်။ သူမက ကလေးကို တစ်နေ့စာသုံးဖို့ ငွေ (၂) ရင်းဂစ် ပေးပါတယ်။ နောက်တစ်နေ့မနက်အရောက် ကလေးက သူပိုက်ဆံစုဖို့ဆိုပြီး (၄) ရင်းဂစ် ယူလာတဲ့အခါ သူမက အံ့သြသွားခဲ့တာ ဖြစ်ပါတယ်။

READ
လက်ထပ်ပွဲစီစဉ်ပြီး ပျက်ပြယ်ခဲ့လို့ ကုန်ကျစားရိတ်တွေအတွက် တရားစွဲခဲ့တဲ့ အမျိုးသား
facebook/Puan Hasmi Samsuddin

ဒါကြောင့် သားဖြစ်သူကို သုံးဖို့ ပေးထားတဲ့ကြားက ကျောင်းက ပိုက်ဆံတွေ ခိုးလာရမလားဆိုပြီး ကလေးကို စိတ်တိုသွားခဲ့ပါတယ်။ ဒါပေမယ့် ကလေးက သူ့ပိုက်ဆံ ဘယ်လိုရလာတယ်ဆိုတဲ့အကြောင်းကို ပြောပြတဲ့အခါမှာတော့ သူမက အံ့သြသွားခဲ့တာပါ။ ကလေးက သူမထင်သလို ငွေတွေခိုးလာတာ မဟုတ်ပါဘူး။ ကျောင်းက သူ့သူငယ်ချင်းတွေကို နှံကောင်တွေဖမ်းရောင်းပြီး ငွေတွေရလာခဲ့တာ ဖြစ်ပါတယ်။

https://www.facebook.com/hasmi.samsuddin/posts/2776192949086212?__xts__%5B0%5D=68.ARCVmofNdnsP_Bx_ohjBYE2k2nRoUyP1fNXaaiCw15FDJTRBXwkSG-lWz2g-8f-mDw0TWM4iIr7KZfyl0VqSorVj61NMzf15GUNb9Tq6uqm–lkuY73bg8W3HlZKnS7ZebMnxiLmXNaxsut1mhi-WE9O8oShHNFiSLC0tcn8ZjD2VvvNKtgKMHdBlnJ0pu1NXBBn4Dli0b6Ve8WigquDfKXvOiSgNsDKxLmclmg3C4BupN4vsBTdVuqOh3cER1BDITf0&__tn__=-R

မိခင်ဖြစ်သူကတော့ သားဖြစ်သူရဲ့ ဒီအဖြေကို ကြားရလို့လည်း မနှိမ့်သိမ့်နိုင်ပါဘူး။ အကြောင်းရင်းက ပိုက်ဆံရမယ်သိလို့ ကလေးက ကျောင်းမှာ စာမသင်ပဲ နှံကောင်တွေ လိုက်ဖမ်းရောင်းနေမှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။ ဒီသတင်းကို သိရတဲ့ အွန်လိုင်းပေါ်က စာဖတ်သူတွေကတော့ ငယ်ငယ်လေးနဲ့ စီးပွားရေးလုပ်တတ်နေပြီဖြစ်တဲ့ ကလေးကို ချီးကျူးနေကြတဲ့အပြင် သူတို့ငယ်ငယ်တုန်းကလည်း ကျောင်းပိတ်ရက်တွေမှာ အပိုဝင်ငွေဘယ်လိုရအောင် ရှာခဲ့တယ်ဆိုတာ ပြောပြနေကြပါတယ်။

READ
ညီလေးနဲ့မိခင်ကို သေနတ်နဲ့ပစ်သတ်ပြီး၊ ဖခင်သတ်တာလို့လွှဲချခဲ့တဲ့ (၁၄)နှစ်အရွယ်ကောင်လေး

လင်းလင်း (ShweMom)

SHARE