လူသတ်မှုနဲ့ ထောင်ကျ နေတဲ့ သားကို ရုပ်ရှင်ဆန်ဆန် ကယ်ဖို့ ကြိုးစားခဲ့တဲ့ မိခင်

Image:unsplash/Hédi Benyounes/:Ukrainian police

လောကကြီးမှာ မိခင် မေတ္တာထက် ကြီးမားတဲ့ မေတ္တာတရားမျိုးက တော့ လုံးဝမ ရှိပါဘူး။သားသမီးဆိုး လည်း မေတ္တာ မပျက်ဆက်ချစ်ပြီး သား အတွက် ဆိုရင် ဘယ်လိုအရာကို မဆို ဖြစ် အောင် ရ အောင် လုပ်တတ်တဲ့ မိခင် တစ်ယော က်ရဲ့ အ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားပါတယ်။အဲ့ဒီ မိခင် အမျိုးသမီး ကြီး က တော့ ထောင်ကျ တဲ့ သူမရဲ့ သားကို မြေ အောက် ဥမင်လိုဏ် ခေါင်းတူးပြီးတော့ ကယ် ဖို့ အထိ ကြိုးစား ပေး ခဲ့ပါတယ်။

Image:YouTube screengrab

အသက် (၅၁)နှစ် အရွယ် ယူကရိန်း အမျိုးသမီး ကြီး ကတော့ သားဖြစ်သူ အကျဉ်းကျ နေတဲ့ ထောင် ရဲ့  နံရံ အနား မှာ မြေ အောက်ဥမင်လိုဏ် ခေါင်း တူးခဲ့ပါတယ်။သူမရဲ့ ရည်ရွယ်ချက် က တော့ ရိုးရှင်း ပါတယ်။ ထောင်ကျ နေတဲ့ သားကို  လွတ်အောင် လုပ်ပေးချင်တဲ့ စိတ်တစ်ခု တည်းပါ။အမည် မဖော် လိုတဲ့ ယူ က ရိန်း အမျိုးသမီး ကြီးက တော့ Nikolaev မြို့ ကပါ။လူသတ်မှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျ နေတဲ့ သား ရဲ့ ထောင် နား မှာ အိမ်ငှားပြီး နေ နေတာပါ။ည တိုင်း လျှပ်စစ် scooter ကို စီးပြီး တော့ Zaporizhia ထောင်နား မှာရှိတဲ့ လယ်ကွင်းပြင် ကို သွားပြီး ဥမင်လိုဏ် ခေါင်း တူး ခဲ့တာပါ။တိတ် တိတ် ခိုးလုပ်ရတဲ့ အလုပ်မို့ ညဘက် တွေမှာပဲ လုပ် ခဲ့ရတာပါ။သုံးပတ် လောက် ကြိုးစား ပန်းစား လုပ်ခဲ့ ပေမယ့်လည်း ရည်ရွယ်ချက်က အထ မ မြောက်လိုက်ပဲ အဖမ်းခဲခဲ့ရပါတယ်။

READ
အစီစဉ်တင်ဆက်သူက တင်ပါးကိုလက်နဲ့ညှစ်ပြီးအသားယူလို့ ပွဲထကြမ်းတဲ့မော်ဒယ်
Image:Ukrainian police

ဘေးပတ်ဝန်းကျင်က လူတွေ မရိပ် မိ အောင် နေ့မှာ အိမ်ထဲမှာ နေ ညမှာ လိုဏ် ခေါင်း တူးလာခဲ့ တာမို့ ဘေး ပတ် ၀န်းကျင်က လူတွေ က တောင်မှ သူမကို လုံးဝ မမြင်ဖူး ခဲ့ ကြပါတယ်။ဓါတ်ပုံ ပြ ပြီး လိုက် မေး တာ တောင်မှ သူမကို သိတဲ့ သူတစ်ယောက် မရှိခဲ့တာပါ။အရှည်  ၃၅ ပေ အနက် ၁၀ ပေ အ ရောက်မှာ တော့ မိခဲ့တာပါ။ လိုဏ် ခေါင်းတူး ရင် ထွက်လာတဲ့ မြေကြီးတွေကို တော့ ရွှေ့ ပြောင်း သယ်ယူ ခဲ့ရပါတယ်။ရဲ တွေ က ဘယ်လို မိသွားလဲဆိုတာ ကိုေ တာ့ အတိအကျ မသိ ရ ပေမယ့် နေ အိမ်ကို ရှာ တဲ့ အခါမှာတော့ မြေ ကျင်းတူးရာမှာ သုံးတဲ့ ပစ္စည်းတွေကို တွေ့ ခဲ့ ပြီး သူ မကိုယ်တိုင်လည်း ၀န်ခံ ခဲ့ပါတယ်။

READ
တိရစ္ဆာန်ချစ်သူတွေရဲ့ကြိုးစားမှုကြောင့် လွတ်ငြိမ်းခွင့်ရသွားတဲ့ မိကျောင်းကြီး
Image:unsplash/Hédi Benyounes/

လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး ထောင်ကျ ဖို့ က တော့ များပါတယ်။သူမရဲ့ လုပ် ရပ်က ဥ ပ ဒေ ဘက်က ကြည့်ရင် ပြစ်မှု ဆိုပေမယ့် မိခင်တစ်ယောက်ရဲ့ လုပ်ရပ် အ နေနဲ့ ကြီး ရင်တော့ သား အပေါ် အချစ်ကြီးလွန်း တဲ့ လုပ်ရပ်ပါ။ယူကရိန်း မိခင် ကျဉ်းတူးတာ အရမ်း တော် ရတဲ့ အ ကြောင်းအရင်း က တော့ သူမရဲ့ အ ဖေ က မိုင်း တွင်း တူး အလုပ်သမား တစ်ယောက် ဖြစ်ခဲ့ ဖူးပါတယ်။ သားဖြစ်သူက လူပဲ သတ်သတ် ဘယ်လို ပြစ်မှုကိုပဲ ကျူး လွန် ပါ စေ မစွန့်ပစ်နိုင်တာ မိခင် တွေရဲ့  မေတ္တာပဲလို့  တခြား အမျိုးသမီး တွေက  ဒီလုပ်ရပ် အ ပေါ် စာနာ နားလည် ပေးခဲ့ပါတယ်။

#SHWEMOM

SHARE