ပြီးခဲ့တဲ့ စနေနေ့တုန်းက Raena Granberry အမည်ရတဲ့ အသက်၃၈နှစ်အရွယ်အမျိုးသမီးဟာ Michaels အမည်ရတဲ့ စတိုးဆိုင်ကိုသွားဖို့ပြင်ဆင်ခဲ့ပါတယ်။ သူမဟာ သူမရဲ့အသက်၅နှစ်အရွယ်သမီးလေး Justice ကိုပါ အတူခေါ်သွားဖို့ပြင်ဆင်နေခဲ့တာပါ။ Raena ဟာ Justice ကို အပြင်ထွက်မှာမို့လို့ mask တပ်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ Justice တပ်လာတဲ့ Mask ကိုမြင်ပြီး Raena ဟာ ဘယ်လိုမှထင်မထားခဲ့တာကြောင့် အံ့အားသင့်သွားခဲ့တာပါ။
“ကျွန်မက သမီးကို စတိုးဆိုင်သွားရအောင် mask သွားတပ်လို့ပြောလိုက်တယ်။ သူ ယူလာတဲ့ mask ကိုကြည့်ကြပါဦး။” ဆိုကာ Raena က တွစ်တာပေါ်တင်ခဲ့တာပါ။ ဓာတ်ပုံထဲမှာတော့ ဘာဘီရုပ်လေးကိုင်ထားတဲ့ ချစ်စရာကလေးငယ်လေး Justice ဟာ Disney+ ရဲ့ Star Wars စီးရီးတစ်ခုဖြစ်တဲ့ The Mandalorian ဝတ်စုံမျက်နှာဖုံးကိုတပ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။
I told my daughter to grab her mask so we can go to the store. This was the mask she grabbed. pic.twitter.com/JQdRZltCSv
— Maintaining ✨ (@SunsetSoFresh) November 22, 2020
Justice ဟာ ခရစ္စမတ်မီးသီးတွေကိုနှစ်သက်ပါတယ်။ တနင်္ဂနွေနေ့တုန်းက BuzzFeed News နဲ့အင်တာဗျူးမှာတော့ သူမကို ဘာကြောင့် Mandalorian မျက်နှာဖုံးကိုမှ ယူလာတာလဲလို့မေးတော့ Justice က ပန်ကိတ်တွေစားနေရင်းမှ “ဘာလို့လဲဆိုတော့ အရမ်းမိုက်လို့လေ” ဆိုပြီးပြောပြခဲ့ပါတယ်။ Raena ကတော့ Justice ကို အဝတ် mask ပါထပ်ဝတ်ခိုင်းပါတယ်။ Justice ကတော့ သူမရဲ့ရှော့ပင်းခရီးစဉ်တော်တော်များများမှာ mask ကိုနှစ်ထပ်ဝတ်လေ့ရှိပါတယ်။ ရိုးရိုး mask တပ်ရတာထက်စာရင် Justice ကတော့ Mandalorain mask ကို ပိုသဘောကျကြောင်း သိရပါတယ်။
View this post on Instagram
Raena တို့တစ်မိသားစုလုံးက Star Wars ပရိသတ်တွေပါ။ Justice ကတော့ သူမအနှစ်သက်ဆုံးဇာတ်ကောင်ဟာ တကယ်တော့ Rey Skywalker လို့ ဆိုပါတယ်။ ဒီနှစ် ဟော်လိုဝိန်းမှာလည်း Justice က Rey လိုမျိုးဝတ်ဆင်ခဲ့ပါသေးတယ်။ “သူ့မှာ ဓားရှိတယ်။ အလင်းလက်နက်ရှိတယ်။ ပြီးတော့ သူ့ဝတ်စုံမှာ သူ့ကိုကာကွယ်နိုင်တဲ့ ကြိုးလေးလည်းရှိတယ်။ ပြီးတော့ သူက တောထဲမှာနေတယ်။” လို့ Justice က ပြောပြပါတယ်။ ဒီနှစ်ဟော်လိုဝိန်းမှာတော့ Justice ဟာ trick or treat မလုပ်ရဘဲ ကိုဗစ်ကြောင့် အိမ်ထဲမှာပဲ သကြားလုံးစားပြီး ရုပ်ရှင်ကြည့်ခဲ့ရတယ်လို့လည်း buzzfeednews အရ သိရပါတယ်။
View this post on Instagram
ShweMom