ကံဆိုတာမျိုးက အဆိုးတွေပြီးရင် အကောင်းတွေလာတတ်စမြဲပါ။အခုလည်း ထီလည်းပေါက် ရောဂါလည်းပျောက်တဲ့ အမျိုးသမီးရဲ့ ၀မ်းသာကြည်နူးဖွယ်သတင်းကိုပြောပြပေးပါ့မယ်။ ကလေးသုံးယောက်မိခင်၊ အသက်(၅၅)နှစ်အရွယ် Lynne Price ဟာ ရင်သားကင်ဆာဆေးစစ်ချက်အဖြေရလို့ ဖွင့်ကြည့်ခဲ့ရာ ရလဒ်က ကင်ဆာမရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ကျန်းမာခြင်းဟာလာဘ်တစ်ပါးဆိုတဲ့ ဒီလိုသတင်းကောင်းတစ်ခုနဲ့တင်မပြီးသေးပါဘူး။ သူမ ခင်ပွန်းက အောင်ဘာလေထီပေါင်တစ်သန်းဆုထပ်ပေါက်ခဲ့တာကြောင့် မဟာကံကောင်းမှုကြီးတစ်ခုလို့ဆိုရမှာပါ။
အဲ့ဒီလို ကံကောင်းမှုတွေ ရောက်မလာခင်ချိန်က Lynn ဟာ အခက်အခဲများစွာ ကြုံတွေ့ရသူပါ။ သူမရဲ့ရောဂါကြောင့် စိတ်ပင်ပန်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးတော့၊ ကံဆိုးမိုးမှောင်ကျမှုတွေ၊ စိုးရိမ်ပူပင်မှုတွေနဲ့နေခဲ့ရပြီး အညံ့တွေပါသွားအောင် (၂)နာရီလောက် Lynnကရေချိုးခန်းမှာ ရေစိမ်ခဲ့တယ်လို့ဆိုပါတယ်။သူ့အယူနဲ့သူပေါ့နော်။
A British grandmother discovered she won a $1.3 million lottery jackpot just 10 minutes after finding out she was free of breast cancer. 55-year-old Lynne Price had just started digesting her positive scan results when her husband rushed home from work to declare they’d won. pic.twitter.com/1jM5gsYjKm
— 620 CKRM (@620ckrm) November 13, 2019
ဘာလို့လဲဆိုရင် Lynne ဟာ လွန်ခဲ့တဲ့ (၂၀၁၅)ခုနှစ်လောက်ကတည်းက ရင်သားကင်ဆာရောဂါခံစားခဲ့ပါတယ်။ ဆေးကုသမှုခံယူလာခဲ့ပြီးနောက် အောက်တိုဘာလမှာ စကန် ကုသမှုခံယူခဲ့ပါတယ်။ စကန် ဆေးစစ်ချက်ရလဒ်အဖြေထွက်လာခဲ့ရာမှာတော့ ကင်ဆာပျောက်ကင်းသွားပြီဆိုတဲ့ အကြောင်းသိခဲ့ရတာပါ။ အဲဒီနာက်မှာလည်း ခင်ပွန်းက အလုပ်ကနေပြန်လာပြီး သူတို့ ပေါင်တစ်သန်းထီပေါက်တဲ့သတင်းနဲ့ အိမ်ပြန်လာခဲ့တဲ့အတွက် လင်မယားနှစ်ယောက် သတင်းကောင်းကိုယ်စီနဲ့ အတိုင်းမသိဝမ်းသာခဲ့ကြပါတယ်။
`ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်က မယုံနိုင်လောက်အောင်ပါပဲ။ပြောစရာစကားလုံးမရှိအောင်ကို အံ့သြတုန်လှုပ်ရတယ်။ ကံကြမ္မာရဲ့အပြောင်းအလဲက အရမ်းကိုကြောက်စရာကောင်းလွန်းလှတယ်။ မယုံကြည်နိုင်ဘူးလို့ ´Lynne ကပြောပါတယ်။
#Mundo: En apenas 10 minutos, dos noticias cambiaron la vida de David y Lynne Price. A Lynne le diagnosticaron cáncer de mama en el año 2015. Tras varios años de tratamiento, el pasado mes de octubre se sometió a una exploración que resultó satisfactoria. https://t.co/dub3CFIaXf
— Periódico Zócalo (@PeriodicoZocalo) November 15, 2019
ခင်ပွန်းဖြစ်သူက သူ့အတွက်တော့ သူ့မိန်းမရဲ့ရောဂါပျောက်ကင်းသွားတာက ထီပေါက်တာထက်ပိုပြီးတန်ဖိုးရှိပါတယ်။ သူပိုလိုချင်တဲ့သတင်းကောင်းပါ။ Euromillions Millionare Maker မှာ ထီပေါင်တစ်သန်းပေါက်တာထက်ကို ပိုပျော်ရပါတယ်လို့ဆိုပါတယ်။
သူတို့ဟာ South Wales က New Tredegarမြို့မှာ နေထိုင်ကြသူတွေဖြစ်ပြီး၊ ဒါဟာ သူ့တို့မိသားစုတွေထဲမှာ တတိယကြိမ်မြောက်ထီဆုကြီးပေါက်တာပါ။
[NOTICIAS POSITIVAS] Lynne Price apenas terminaba de leer los resultados médicos, cuando, minutos después, su esposo David llegó de su trabajo con la segunda y fantástica noticia de que habían ganado un enorme premio.https://t.co/hXqTPWSaHC
— Notiséis 360 (@notiseis360pr) November 14, 2019
သူ့တို့ဆွေမျိုးဖြစ်တဲ့ အသက်(၅၈)အရွယ် Ade Goodchildကလည်း မတ်လကပဲ Euromillionsမှာ ပေါင်(၇၁)သန်းထီပေါက်ခဲ့ပြီးတော့ Lynneရဲ့ညီမ Judithကလည်း ထီတစ်ချိန်ပေါက်ထားသူပါ။
မိသားစုတစ်စုထဲမှာကလည်း ဒီသုံးခါပေါက်တဲ့ကိစ္စက တော်တော်လေး ကောင်းမွန်တဲ့ အံ့သြမှုစရာဖြစ်ရပ်ကြီးပါ။
သူတို့စုံတွဲမှာ သားသမီးသုံးယောက်ရှိပြီး အခု သူတို့မိသားစုလိုက် အရမ်းသွားချင်ခဲ့တဲ့ တရုတ်ပြည်ကို ခရီးထွက်ဖို့စီစဉ်ထားကြတယ်လို့သိရပါတယ်။
A 55-year-old woman overcomes a cancer and on the same day, she won the Euromillions million prize.
Lynne Price, works in a laundry, and just after knowing that she had overcome the cancer she suffered, her husband came home and told him that they had touched the Euromillions. pic.twitter.com/W7BEtO3mcz
— Moises Lopez (@chapoisat) November 13, 2019
Khaing