အကြမ်းဖက်မှုကျူးလွန်ဖို့စီစဉ်နေတဲ့သားကို မိခင်ကိုယ်တိုင်ထောင်ထဲပို့

Twitter / CBS

ဝါရှင်တန်မှာနေထိုင်တဲ့မိခင်တစ်ယောက်ဟာ လမ်းမှားပေါ်ရောက်နေတဲ့သားဖြစ်သူကို တည့်မတ်ပေးဖို့ ရဲလက်ထဲကိုသူကိုယ်တိုင်အပ်ခဲ့မှုအပြီးမှာ သူမဟာ သားဖြစ်သူအပေါ်ချစ်ယုံတင်မကပဲ အများပြည်သူအ တွက်ပါကြည့်ရှုပေးတဲ့သူရဲကောင်းမိခင်တစ်ယောက်ဖြစ်တယ်လို့ ရဲကပြောပါတယ်။

သူမရဲ့သားဖြစ်သူ အသက်(၁၇)နှစ်အရွယ် အထက်တန်းကျောင်းသားဟာ 1999 Columbine High School အစုလိုက်အပြုံလိုက်လူသတ်မှုရဲ့နှစ်ပတ်လည်နေ့မှာ သူ့ရဲ့ကျောင်းကိုတိုက်ခိုက်ဖို့အတွက် အသေးစိတ်အစီအစဉ်ချတဲ့နေရာမှာပါဝင်ပတ်သက်နေတယ်လို့ မိခင်ဖြစ်သူကိုယ်တိုင်ရဲကိုတိုင်ကြားခဲ့ပါတယ်။

College Place High School အထက်တန်းကျောင်းမှာတက်နေတဲ့ အသက်(၁၇)နှစ်အရွယ်အထက်တ န်းကျောင်းသားကို နှောက်ယှက်တိုက်ခိုက်မှု၊ ဗုံးနဲ့ခြိမ်းခြောက်မှုတွေအပြင် ဥစ္စာပစ္စည်းထိခိုက်ပျက်စီးမှုစတဲ့ ကြီးလေးတဲ့ပြစ်မှုတွေနဲ့တရားစွဲဆိုကာ စက်တင်ဘာလ(၁၇)ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

(၂၀၂၀)ခုနှစ်ဧပြီလ(၂၀)ရက်နေ့မှာ ဘယ်နေရာမှာ ဘယ်အချိန် ဘယ်လိုဖောက်ခွဲမှုတွေလုပ်မလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကို အဲ့ဒီလူငယ်ဆီကနေ ရရှိခဲ့ပါတယ်။အဲ့ဒီအစီအစဉ်ထဲမှာ သူ့ရဲ့မိခင်နဲ့မိခင်ဖြစ်သူရဲ့ ချစ်သူကိုသတ်ဖို့လည်းပါတာကိုတွေ့ရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အဆိုပါကောင်လေး နေ့လယ်ဘက် ကျောင်းကနေအိမ်ကိုပြန်လာချိန်မှာ တာဝန်ရှိသူတွေကဖမ်းဆီးခဲ့တာဖြစ်ပါ တယ်။ ဒါ့အပြင် အဲ့ဒီကောင်လေးကို Walla Walla ကောင်တီမှာရှိတဲ့ Juvenile Justice လူငယ်ထိန်းသိမ်း ရေးစင်တာမှာ  ပြစ်မှုကျူးလွန်ကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။

READ
သေဆုံးသွားတဲ့ ချစ်သူနဲ့ လက်ထပ်ပွဲကျင်းပခဲ့တဲ့ အမျိုးသားရဲ့ကြေကွဲဖွယ်ဗီဒီယိုလေး

သံသယရှိသူရဲ့မိခင်နာမည်အစကတော့ Nicole ဖြစ်ပြီး  ပြီးခဲ့တဲ့လကမှ သူမသားရဲ့လုပ်ရပ်တွေကိုတွေ့ရှိခဲ့ တာဖြစ်တယ်လို့ Nicole ကပြောပါတယ်။သိသိချင်း ဒီအကြောင်းကို သားဖြစ်သူအားမေးတဲ့အခါ ဇာတ်လမ်းတစ်ပုဒ်ကို  စိတ်ကူးပုံဖော်ပြီးရေးခဲ့တာဖြစ်တယ်လို့ သားဖြစ်သူကပြောခဲ့တယ်လို့ Nicole ကဆက်လက်ပြောပြခဲ့ပါတယ်။

သူ့ရဲ့မှတ်စုစာအုပ်ထဲမှာ ကျောင်းဝန်းအတွင်းရပ်ထားတဲ့ဗင်ကားတစ်စီးနဲ့ ကျောင်းစားသောက်ဆိုင်တွေကို ဗုံးခွဲတိုက်ခိုက်မယ့်အကြောင်းတွေရယ်၊ ကျောပိုးအိတ်တစ်လုံးထဲမှာထည့်ထားတဲ့ ပရိုပိန်းဗုံးတွေရယ်နဲ့ ရှုံ့ကြိုးနဲ့ပိတ်ရတဲ့အိတ်ရှည်တစ်လုံးရှိတဲ့အကြောင်းတွေကိုရေးသားထားတာဖြစ်တယ်လို့  Nicole ကပြောပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လူတွေသေစေရမယ်၊ ကြီးမားတဲ့ပျက်စီးဆုံးရှုံးဖြစ်တွေဖြစ်ပြီးရင် ကိုယ့်ကို ကိုယ်လည်းသတ်သေမယ်လို့ သူ့ရဲ့မှတ်စုထဲမှာရေးထားတာကို ဖတ်လိုက်ရတယ်လို့ မိခင်ဖြစ်သူကပြောပြခဲ့ပါတယ်။

READ
အသက်(၆၀)ကျော်တဲ့အထိ ကျောင်းစရိတ်မကျေသေးတဲ့ အမေရိကန်နိုင်ငံသားများ

Columbine High School အစုလိုက်အပြုံလိုက်လူသတ်မှုရဲ့(၂၁)နှစ်ပြည့်တဲ့နေ့မှာ ဒီတိုက်ခိုက်မှုတွေလုပ် ဆောင်မှာဖြစ်တယ်လို့ အစီအစဉ်ဆွဲထားခဲ့တာဖြစ်ပါတယ်။

ရဲတွေက အဲ့ဒီလူငယ်လေးရဲ့အခန်းကိုရှာဖွေမှုတွေပြုလုပ်တဲ့အခါမှာ ဖောက်ခွဲမှုတွေအကြောင်းရေးထားတဲ့ ‘The Anarchist Cookbook ဆိုတဲ့စာအုပ်နဲ့ ‘The Truth Behind Death at Columbine ဆိုတဲ့စာအုပ်တွေကိုရှာဖွေတွေ့ရှိခဲ့  တယ်လို့ My Columbia Basin  ရေဒီယိုအသံလွှင့်ဌာနကဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် သေနတ်ပုံတွေ ၊ လူသတ်မှုနဲ့ ကိုယ်ကိုကိုယ်သေကြောင်းကြံတာတွေနဲ့ပတ်သက်ပြီး ရေးထားတဲ့စာေ တွကို လည်း သိမ်းဆည်းရမိခဲ့ပါတယ်။ရှာဖွေစစ်ဆေးနေစဉ်အတွင်းမှာတော့ လက်နက်တွေကိုတွေ့ရှိခဲ့ခြင်းမရှိဘူးလို့လည်း အာဏာပိုင်တွေကဖော်ပြခဲ့ပါတယ်။

ကျွန်မသားက လူတွေကိုသတ်ဖို့၊ တိုက်ခိုက်မှုတွေကိုလုပ်ဖို့ ကြံစည်ထားတာတွေဟာ ဖန်တီးရေးသားထားတာဆို ရင်တောင် ဒါဟာ ပုံမှန်မဟုတ်တဲ့ ပုံမှန်ထက်ကျော်လွန်နေတဲ့ စိတ်ကူးယဉ်မှုတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မ ရဲကိုဖုန်းဆက်အကြောင်းကြားခဲ့တာပါ။ ကျွန်မလည်း ကျွန်မသားကိုချစ်ပါတယ်။ သူဟာစိတ်ကျရောဂါ အပြင်းအထန်ခံစားနေရတာပါ။သူ့ကိုစိတ်ပူပေမယ့် ကျောင်းမှာထက် ထောင်ထဲမှာက သူ့အတွက်ပိုပြီးဘေးကင်းပါတယ်လို့ မိခင်ဖြစ်သူကပြောပြခဲ့ပါတယ်။

Thae

SHARE