အောင်မြင်ချင်သူများအတွက် အရေးကြီးတဲ့ အတွင်းစိတ်ကို အားဖြည့်ဖို့ နည်းလမ်း(၄)မျိုး

လူတွေမှာကိုယ်စောင့်နတ်လို့လည်းခေါ်တယ်၊ စိတ်လို့လည်းခေါ်တဲ့ အတွင်းမှာရှိတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒီ့အရာဟာ သင်ထင်ထားတာထက်ကို ပိုပြီး အင်အားကြီးပြီး အရာရာကို စွမ်းဆောင်နိုင်ပါတယ်။ တစ်ခါတလေ လူတွေက အပေါ်ယံအင်အားကိုပဲ အသုံးပြုပြီး အောင်မြင်မှုကို ရယူဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် အတွင်းမှာရှိတဲ့ အရာကိုတော့ အသုံးမပြုပဲထားတတ်ကြပါတယ်။ ခုဖော်ပြမယ့် နည်းလမ်းလေးတွေကို အသုံးပြုပြီး အတွင်းစိတ်ကို အားဖြည့်ပေးကြည့်ပါ သင်မှန်းဆနိုင်တဲ့ အတိုင်းအတာကိုလွန်ပြီး အောင်မြင်လာတာကို လက်တွေ့ သိလာပါလိမ့်မယ်။

(၁) မကောင်းမှုအားလုံးကိုတားဆီးပါ

ပထမဆုံး အနေနဲ့ သင့်ရဲ့မျက်လုံးကို သူတစ်ပါးရဲ့ မကောင်းမှုကို မြင်တတ်တဲ့ မျက်လုံးမဖြစ်စေဖို့၊ သင့်ရဲ့ နှုတ်ကို သူတစ်ပါးရဲ့ မကောင်းကြောင်း၊ အကျိုးမရှိတဲ့ စကားကို ပြောတတ်တဲ့ နှုတ်မဖြစ်စေဖို့၊ သင့်ရဲ့ အတွေးခေါ် စိတ်အကြံအစည်တွေဟာ စင်ကြယ်သန့်ရှင်းပြီး သူတစ်ပါးအတွက် ကောင်းခြင်း မင်္ဂလာတွေကို သယ်ဆောင်လာနိုင်တဲ့ အတွေးအခေါ် အကြံအစည်တွေဖြစ်ဖို့ သင့်ရဲ့ တစ်ကိုယ်လုံးကို သင်ကိုယ်တိုင် အမိန့်ပေးပြီး စောင့်ထိန်းရမှာပါ။

READ
မိဘကို အိမ်အလုပ်ကူပေးချင်တဲ့ ကလေးတွေဖို့ တီထွင်လိုက်တဲ့ ဖုန်စုပ်စက်လေး

(၂) ငါလုပ်နိုင်တယ်

တစ်ခါတလေ လူတွေအနေနဲ့ အခက်အခဲနဲ့ကြုံရတာ ကောင်းပါတယ်။ အဲလိုအချိန်မှာ သင့်ရဲ့ အစွမ်းအစတွေ ထွက်ပေါ်လာပါတယ်။ ဒါတွေဟာ ရုတ်တရက် ရှိလာတဲ့ အရာတွေမဟုတ်ပါဘူး။ သင့်အထဲမှာ အစကတည်းက ရှိပြီးသားတွေပါ။ သင်အသုံးမပြုခဲ့လို့သာဖြစ်ပါတယ်။ ဒါကြောင့် မိုးလင်းတာနဲ့ ငါ အရာအားလုံးကို လုပ်နိုင်တယ်လို့သာ ကြွေးကြော်လိုက်ပါ။ ခက်ခဲတဲ့အရာတွေ၊ မလုပ်ချင်ပေမယ့် လုပ်သင့်တဲ့ အရာတွေအားလုံးကို လုပ်ကြည့်လိုက်ပါ။ သင်ဘယ်လောက် လုပ်နိုင်လဲဆိုတာ အံ့သြစရာကောင်းလောက်အောင် တွေ့သွားမှာပါ။

(၃) စိတ်ညစ်စရာတွေကိုမောင်းထုတ်ပါ

မိုးလင်းတာနဲ့ သင့်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ စိုးရိမ်သောကတွေ၊ ပူပင်သောကတွေ၊ အတွေးတွေအားလုံးကို မောင်းထုတ်လိုက်ပါ။ လုံးဝ အဝင်မခံပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒီ့အရာတွေက သင့်ကို တားဆီးနေမှာဖြစ်ပါတယ်။ သင်လုပ်သင့်တဲ့ အရာကိုလုပ်ဖို့ ဘယ်အရာကိုမှ အတားဆီး အဖြစ်မခံပါနဲ့။ ဒါဟာ သင့်ရဲ့ အောင်မြင်မှုကို ပိတ်ပင်စေတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့ အတွေးတွေ အားလုံးကို မောင်းထုတ်လိုက်ပါ။

READ
လက်ရှိမှာ အကောင်းဆုံးဆိုတဲ့ ဇိမ်ခံ ဖိနပ်ဘရန်းတွေအကြောင်း

(၄) ပင်ပန်းလေလေအကျိုးရှိလေလေ

လူတွေက ပင်ပန်းမှာကို အရမ်းကြောက်ကြပါတယ်။ ကိုယ့်ကိုယ်ကို အရမ်းညှာတဲ့အတွက် တစ်ခါတလေ လုပ်သင့်တာတွေကိုတောင် မလုပ်တော့ဘဲ အခွင့်အရေးတွေအားလုံးနဲ့ လွဲချော်သွားတတ်ပါတယ်။ ဒါကြောင့် ပင်ပန်းတဲ့ အလုပ်တိုင်းက အကျိုးကျေးဇူးကြီးမားတယ်ဆိုတာ မမေ့ပါနဲ့။ များများပင်ပန်းလေလေ များများအကျိုးရှိလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ပင်ပန်းတဲ့ အလုပ်တွေကို ရှောင်လွှဲဖို့မကြိုးစားဘဲ ငါ လုပ်နိုင်တယ်ဆိုတဲ့ စိတ်သွင်းပြီး ဖြစ်အောင်လုပ်ဖို့ ကြိုးစားသင့်ပါတယ်။

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE