အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ မီးတောင်ပေါက်ကွဲလို့ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရ

အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘာလှည့်ခရီးသည်များ အများအပြား သွားရောက်လည်ပတ်ရာ ဒေသဖြစ်တဲ့ ဘာလီမှာ ပြီးခဲ့တဲ့ (၂၄.၅.၂၀၁၉)နေ့က Mount Agung မီးတောင် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မီးတောင် ပေါက်ကွဲချိန်ဟာ အချိန်အားဖြင့် (၄)မိနစ်နဲ့ စက္ကန့်(၃၀)သာ ကြာမြင့်ကြောင်း သိရပါတယ်။

Indonesian National Board for Disaster Management (BNPB) ရဲ့ ထုတ်ပြန်ချက်အရတော့ မီတောင်းပြာမှုန့်တွေဟာ (၂.၅)ကီလိုမီတာကနေ (၃)ကီလိုမီတာ ပတ်လည်အထိ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း၊ မိုင်အားဖြင့်ဆိုရင် (၁.၆)မိုင်ကနေ (၁.၉)မိုင်အထိ ရောက်ခဲ့တယ်လို့ သိရပါတယ်။

Stuff.co.nz
Stuff.co.nz

ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူနဲ့ အသေအပျောက်စာရင်း မရှိဘူးလို့ သိရပါတယ်။ ဒီမီးတောင်ပေါက်ကွဲမှုကြောင့် ယင်းညမှာ ဆိုက်ရောက်/ထွက်ခွာမယ့် လေကြောင်းခရီးစဉ်တွေအားလုံးကို ဖျက်သိမ်းခဲ့ကြောင်း သိရပြီး၊ အခုတော့ ပုံမှန်ခရီးစဉ်အချို့ကို ပြန်လည်စတင်နေပြီလို့ သိရပါတယ်။

Mount Agung မီးတောင်ဟာ အမြင့်ပေ (၉၉၄၄)ပေရှိပြီး၊ မေလတစ်ခုတည်းမှာပင် ပေါက်ကွဲမှု (၃)ကြိမ် ရှိခဲ့ကာ၊ တစ်ကြိမ်နဲ့တစ်ကြိမ် (၆)ရက်စီသာ ခြားတယ်လို့ သိရပါတယ်။ မီးတောင်ထပ်မံပေါက်ကွဲနိုင်ခြေဟာ Level (3)ဖြစ်ပြီး၊ (၄)ကီလိုမီတာ နယ်နိမိတ်အတွင်းကို အန္တရာယ်ဇုံတွေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

(၂၀၁၇)တုန်းကတော့ Mount Agung  မီးတောင်ဟာ ပေါက်ကွဲနိုင်မှုအမြင့်ဆုံးအဆင့် ရောက်ခဲ့ပါတယ်။ အဲဒီနှစ်တုန်းက ဒီမီးတောင်ရဲ့ပေါက်ကွဲအား ပြာပူမှုတ်ထုတ်မှုဟာ (၉၁၀၀)မီတာအမြင့်ထိ ရောက်ရှိခဲ့ပြီး၊ ဒေသခံ (၂၉၀၀၀)ကျော်ကို နေရာအမြန် ပြောင်းပေးခဲ့ရပါတယ်။ (၁၉၆၃)ခုနှစ်တုန်းက မီးတောင်ပေါက်ကွဲမှုကြောင့် အင်ဒိုမှာ လူပေါင်း (၁၇၀၀)အထိ သေဆုံးခဲ့ရကြောင်း သိရပါတယ်။

လင်းသူရိန် (Shwemom)

READ
အိမ်သာသန့်ရှင်းကြောင်း သက်သေပြဖို့ကြိုစားတဲ့ အမျိုးသမီးတွေရဲ့ အစားကြမ်းပုံ

Source : CNN.com

SHARE